Saturday 4 May 2013

ခရစ်ယာန် သမ္မာ ကျမ်းစာ၏ အကွဲ အလွဲ များ



ယနေ့ ခရစ်ယာန်တို့ အသုံးပြုနေသော သမ္မာကျမ်းသည် မူရင်းနှင့် မကွဲကြောင်း 1947 ဆားငန်အိုင် အနီးက ပြန်တွေ့ရှိသည် ဘီစီ 200 ခန့်က ကျမ်းဟောင်းများက သက်သေဖြစ်ပါသည်။ သမ္မာကျမ်းစာ ကို နှစ်ပေါင်း 1600 ကြာ ဘုရား၏ လူလေးဆယ်ခန့်က ရေးသားခဲ့ကြပါသည်။ ဘုရား၏ နှုတ်ကပတ်တော်စစ်ဖြစ်၍ လူသားတိုင်း ဖတ်ထိုက်သည့်အတွက် ဘာသာစကားပေါင်း 2500 ခန့်ဖြင့် ဘာသာပြန်ဆိုရမှုအများဆုံး ထုတ်ဝေနိုင်မှု အများဆုံး စာအုပ် ဖြစ်နေပါပြီ - - - - -

ခရစ်ယာန်တို့  ခင်ဗျား

၁၉၄၇ ကမှ တူးဖေါ်ရရှိတဲ့ ကျမ်းက ကျမ်းအစစ်ဖြစ်ပါသလား။ ဘယ်သူက အာမခံပါသလဲ။ အဲ့ဒီကျမ်းနဲ့ တိုက်ကြည့်တော့ အခုခေတ် သမ္မာကျမ်း အားလုံးက မှန်ပါတယ်-လို့ ပြောရင်-

( ၁ )
ရှင်ယောဟန်-၈း ၁--- မှာ ၁၁ ထိ များစွာသော ရှေးအကျဆုံး လက်ရေးမူများနဲ့ ရှေးအကျဆုံး ဘာသာပြန်များမှာ လုံးဝ လုံးဝ မပါဝင်ပါ။ ( ဒီကျမ်းက အချက်များက မြန်မာပြည်သုံး ယုဒသန် ဘာသာပြန်မှာ ပါဝင်နေပါတယ်။ )

ခရစ်ယာန်တို့ ပြောတဲ့ မူရင်းကျမ်းမှာ အဲ့ဒီ အပိုဒ်ကြီး တစ်ခုလုံး ပါဝင်ပါသလား။ အကယ်၍ ပါဝင်နေခဲ့ရင် ၁၉၉၀ နှစ်ထုတ် အင်္ဂလိပ်ဘာသာပြန် Good News Bible Today English Version American Bible Society) မှာ ဘာဖြစ်လို့ ထိုကျမ်းချက်များသည် မူရင်းကျမ်း၌ မပါဝင်ပါလို့ ဘာဖြစ်လို့ ၀န်ခံထားတာလဲ။
နောက်တစ်ခု ပြပေးဦးမယ်။

( ၂ )
တမန်တော်ဝတ္ထု ၈း၃၇ “ဖိလိပ္ပိက သင်သည် စိတ်နှလုံး အကြွင်းမဲ့ ယုံကြည်လျှင် (ဘတ္တိဇံ) ခံသည်ဟု ဆိုလေ၏၊ အမတ်ကလည်း ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို အကျွန်ုပ် ယုံကြည်ပါသည်ဟု ၀န်ခံ၍--၊”

ဒီအပိုဒ်လည်း မူရင်း လက်ရေးမူတွေမှာ မပါဘူးလို့ ၀န်ခံထားတယ်။ ဒီလို ၀န်ခံမှုပေါင်း ၃၀၀ ကျော်ရှိနေ တယ်။ အကွဲအလွဲပေါင်း မြောက်များစွာ ရှိနေတယ်။ ( ဘာသာပြန် အကွဲအလွဲ အသုံးအနှုန်းကို ပြောတာ မဟုတ်ဘူး နော်။ )

ဥပမာ - ရှင်ယောဟန် ၈း၅၇ မှာ “ယုဒလူတို့ကလည်း သင်၏ အသက်သည် အနှစ် ငါးဆယ်မျှ မရှိဘဲလျှက် သင်သည် အာဗြံဟံကို မြင်လေပြီတကားဟု ဆိုကြ၏၊” ဆိုတဲ့ ၀ါကျကို အချို့သော ရှေ့ဟောင်း လက်ရေးမူများမှာ “ယုဒလူတို့ကလည်း သင်၏ အသက်သည် အနှစ်ငါးဆယ်မျှ မရှိဘဲလျှက် အာဗြံဟံသည် သင့်ကို မြင်လေပြီတကားဟု ဆိုကြ၏။”

ဒီလို အလွဲအမှားပေါင်း များစွာ ရှိနေတယ် ခရစ်ယာန်တို့ ။ ဒီတော့ ခင်ဗျားတို့  ပြောနေတဲ့ မူရင်း၊ မူရင်းနဲ့ အကုန်လုံး တူညီနေတယ် ဆိုတာ မလေ့လာဘဲ နေသူများကိုသာ ပြောသင့်ပါတယ်။

သက်သေ အဖြစ် - Good News Bible Today English Version American Bible Society. - King James Version များကို ကြည့်ပါ။

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်