Tuesday 8 January 2013

အသုဘသညာ (အသဲငယ်သူများ မဖွင့်ပါနှင့်)



ငါတို့ခန္ဓာရဲ့ စက်ဆုတ်ရွံရှာဖွယ်ကောင်းပုံကို မျက်ဝါးထင်ထင် တွေ့မြင်ရအံ့။အသုဘသညာ ပွါးများ ကြပါစို့ ဖေ့ဘုတ်နေ သူတော်ကောင်းတို့။မမြဲ၊ဆင်းရဲ၊ငါကောင်မဟုတ်၊မတင့်တယ်၊မလှပ။ စက်ဆုတ်ရွံရှာ ဖွယ် ချည်းပါတကား။အနိစ္စ၊ဒုက္ခ၊အနတ္တ၊အသုဘ။

မြတ်စွာဘုရားက ရုပ်ခန္ဓာကိုမစွဲလမ်းစေခြင်းအကျိုးငှာ အသုဘကမ္မဋ္ဌာန်းကိုစီးဖြန်းဖို့ ခွင့်ပြုခဲ့တာပါ။ ဒီအခွေ က ဆေးပညာတွက် အင်္ဂါတွေကို တစစီဖျက်ပြနေတာကို ၃၂ကောဋ္ဌာသအစုအဖွဲ့အနေနဲ့ ယူကြည့်ရင် မိမိခန္ဓာနဲ့ဝိသဘာဂအာရုံပေါ် နှစ်သက်စွဲလမ်းမှု သိသိသာသာ လျော့နည်းနိုင်ပါတယ်။

ဘုရားရှင် လက်ထက်က ဆန့်ကျင်ဖက်လိင်အလောင်းကောင်ကို ရှူရင်း ရာဂဖြစ်ပေါ်လို့ ဆန့်ကျင်ဘက် ဝိသဘာဂအာရုံကို မရှူရလို့ တားမြစ်ခဲ့ပါတယ်။ ဒါကြောင့် ဤအခွေကို မိန်းမယောဂီများအတွက်ဟု ယူဆပေး ပါ။ ယောင်္ကျားယောဂီများအတွက် ယောင်္ကျားအလောင်းကို ရှာတွေ့ပါကတင်ပေးပါမည်။ လောလော ဆယ် မိန်းမအလောင်းဟု နှလုံးမသွင်းပဲ မတင့်တယ်အလောင်းကောင်အနေနဲ့သာရှူကြည့်ပါက အကျိုးမယုတ်နိုင်ပါ။

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်