Friday 13 September 2013

“ နိုးဆော်သံသီချင်း (သို့မဟုတ်) ၉၆၉ သီချင်း သမိုင်းမှတ်တမ်းရိုက်ကူးမှု့ ဖြစ်စဉ်”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ နိုးဆော်သံသီချင်း (သို့မဟုတ်) ၉၆၉ သီချင်း သမိုင်းမှတ်တမ်းရိုက်ကူးမှု့ ဖြစ်စဉ်”
https://www.facebook.com/buddhagonyipage?ref=hl

အမျိုးသားရေးသီချင်းလို အမျိုးဘာသာသာသနာ နိုးကြားခြင်းဦးဆောင်ခဲ့သော တပ်လှန့်သံ သီခြင်းလေးဖြစ်သည့် ဆရာတော်ဦးဝိစိတ္တ (လေးအိမ်စု)ဆရာတော်၏ ယဉ်ကျေးလိမ္မာ သင်တန်း ကဗျာလေးအား ပိုမိုကောင်းမွန်အောင်စာသားထည့် သံစဉ်ထည့်၍ သီဆိုတီးမှတ် ခဲ့သည် မကွေးမှလူငယ်များနှင့် တွေဆုံဆွေးနွေး သမိုင်း မှတ်တမ်းတင် ရိုက်ကူးမှတ်တမ်းတင်ခဲ့ပါသည် ။
လေးအိမ်စုဆရာတော်ဘုရား၏ ကျောင်းရှိရာ ရွှေတိဂုဏ်ဘုရားအရှေဘက်မုဒ် ရှိ ကရင်ပရိယတ္တိကျောင်းသို့ ဗုဒ္ဓဂုဏ်ရည်ဆရာတော်၏ ဆောင်ရွက်ချက်များသွားရောက် ဆက်ကပ်ရာ မကွေးယဉ်ကျေးလိမ္မာ အဖွဲ့ သီဆိုတီးမှတ်ထားသော သီချင်း(၄) ပုဒ်အားပေးအပ်လိုက်ပါသည် ။ အက်ဂွန်အောင်၏ ဘာသာရေး ယုတ်မာကောက်ကျစ်မှု့ များခွေတွင် စတင်အသုံးပြုခဲ့ပါသည် ။ ဗုဒ္ဓဂုဏ် ရည်ဆရာတော်၏ သာသနာစောင့်ရှောက်ရေး အခြေခံသီခြင်း အဖြစ်စတင်သုံးခဲ့သော နိုးဆော်သံသီချင်းအား ကိုမိုး (ဓမ္မပီတိ) မှ ထပ်မံ၍ ဆရာတော် ဦးပညာဝရ ၏ ဘ၀လမ်းခွဲ တရားတော် တွင် ထပ်မံ ထည့်သွင်းပေးခဲ့ပြန်ပါသည် ။ နောက်ပိုင်းတွင် ၉၆၉ ဆရာတော်များ နှင့် စုပေါင်း စပ်ပေါင်းခွေများတွင်အသုံးပြုကြရင်း အမျိုး ဘာသာ သာသနာရေး သီချင်းအဖြစ်လူများ လိုက်လံသီဆိုကြခြင်း ၊ အခမ်းအနားများတွင် နိုင်ငံတော်သီချင်း သဖွယ်ဖြစ်ပေါ်ခဲ့ရပါတော့သည် ။ ယခုအခါ ဗုဒ္ဓဂုဏ်ရည်သာသနာ စောင့်ရှောက်ရေးမှ သီချင်းသမိုင်းခွေ စတင်တွေ့ဆုံ မှတ်တမ်းတင် ရိုက်ကူးနေပါပြီ မကြာမှီ တင်ဆက် ပေးနိုင်ပါလိမ့်မည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်