Thursday 31 January 2013

ရဟန်းအသက်အန္တရယ် နှင့် သာသနာ့အသက်အန္တရယ်

တောင်တက်လမ်းအကွေ့တစ်ခုမှာ အထက်မှဆင်းလာသည့် ကုန်တင်ကားကိုမျက်နာခြင်းဆိုင်
တိုက်မိ ၍ ရဟန်တစ်ပါးပျံလွန်တော်မူ သွားပြီးတဲ့နောက် ၄-၉-၂၀၁၁ ၊ ရက်စွဲဖြင့် ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲမှ ရဟန်း ၊ သာမနေများ သာမန သာရုပ္ပ မဖြစ်သည့် ကိုယ်တိုင်မော်တော်ကားမောင်းနှင်ခြင်းများ နှင့် မာတုဂါမများမောင်း နှင်သောဆိုင်ကယ်များနောက်မှ လိုက်ပါစီနင်းခြင်းများကို မပြုလုပ် ကြရန် ညွှန်ကြားလာသလို မြို့နယ်သံဃနာယကအဖွဲ့ကလဲ(၁၁)ရက်နေ့မှာ ထပ်ဆင့်ညွှန်ကြားခဲ့သေး သည် ။ 



ယခုခေတ်မှာတော့မူ စည်း ကမ်းဖောက်ရဲတာကိုပင် တလွဲဂုဏ်ယူနေကြဘိသေးတော့ ။ ဟုဖေဖေါ်ဝါရီ လထုတ် အပ္ပမာဒဓမ္မရသ မဂ္ဂဇင်းမှာ အေးရွှေ (ကေတုမတီ) က ၀တ္ထုတို တစ်ပုဒ် အဖြစ် ဖေါ်ပြပါရှိ ခဲ့ လေသည် ။မိမိကိုယ်တိုင်လဲ ပုဂံဘုရားဘူးသွားစဉ် အမြင်မတော် ထင်မိ၍ တစ်ပုံ တင်ပြခဲ့ဘူးသည် သာသနာမျက် နာထောက်ထား၍ ဖယ်ရှားပေးဖို့ဝိုင်းဝန်းတောင်းပန်ကြ သဖြင့် ဖြုတ်ခြပေးခဲ့ရဘူးသည် ။

သို့သော် ယခုတစ်ခါ တောင်ကြီးခရီစဉ်တစ်ခုတွင် ပိုမိုမြင်တွေ့ခဲရသည် ။ ရဟန်းများကိုယ်တိုင် (ဟဲမက်) ဦထုပ်ဆောင်း၍ ကျောင်း၏ ဝေယာဝစ္စ ပြုလုပ်နေကြရသည်ကိုတွေ့မြင်ရသည် ။ မေးမြန်းလေ့လာကြည့်ရာ အခက်ခဲတခုကို ဖြေရှင်းနေရကြောင်း အခြားနည်း မရှိသေးကြောင်း ရှမ်းပြည်နယ်က ဘုန်းကြီကျောင်း   တော်တော်များများမှာ ဆိုင်ကယ်ရှိ၍ တောင်ဆင်း တောင်တက် တောကြ တောခေါင် ဒေသက အစ ဒီလိုပဲဖြေရှင်းနေရကြောင်း ကြားနာ နားလည်ခဲ့ရ တွေ့မြင်ခဲ့ရသည် ။ 

အသက်အန္တရယ် အတွက် ဦးထုပ် ဆောင်းရကြောင်း နှင့် ဒီဃာသန သိက္ခါပုဒ်ကို မသိလို့မဟုတ်ကြောင်း
ကိုယ်ခြင်းစာ နားလည်ခဲ့ရပေသည် ။ နောက်ထိုင်ခုံပေါ်တွင် လိုက်ပါလျှင်လဲ ခွထိုင်မှသာ အန္တရယ် ကင်းနှိုင်ကြောင်း တင်ပလွှဲထိုင်လျှင် မလွယ်ကြောင်း ၀ါကြီးဆရာတော် များကရှင်းပြခဲ့ပါသည် ။ ဖတ်မိ သည်စာ တွေ့ခဲရတဲ့အခြေအနေ လူ့အသက်အန္တရယ် ၊ ရဟန်းအသက်အန္တရယ် နှင့် သာသနာ့အသက် အန္တရယ် ၊ ၀ိုင်းဝန်းကာကွယ်သင့်တယ်လို ထင်တာပါပဲ ၊ ဘာသာခြားတို့ရဲ့ ရက်စက်ယုတ်မာ မှု့တွေတွေ့မြင်နေရသလို ကိုယ့်ကို ကိုယ်ပြန်စစ်ဆေးရဲ တာလဲ သူရဲကောင်းအဖြစ် မြင်စေ့ခြင်မိလို့ ထပ်မံတင်ပြလိုက်ရတာပါ ။ တပည့်တော် တင်ပြချက် မှားတယ်ဆိုရင်လဲနုတ်ဆိတ်ပြီး ဆဲ နေတာထက် စာရင် စေတနာကို ကုသိုလ်အမြင်ဖြင့် တောင်ကြီမြို့နားက မေတ္တာ ထမ်စန်းလှိုင်ဂူ ဘုရားဘူးသွား မှတ်တမ်းဓါတ်ပုံလေးလို့ သာမှတ်ယူ ပေးတော်မူကြပါ ။ သာသနာကိုတယ်ချစ်ကြတယ်ဆိုရင်ဖြင့် အမုန်းခံ တင်ပြမိတဲ့ တပည့်တော်အား ခွင့်လွှတ်နားလယ် သနားစေလိုပါတယ် ဆရာတော် သံဃာတော် အရှင် သူမြတ် တို့ဘုရား ။ ၀ိုင်းဝန်းကယ်တင် နိုင်ကြပါစေ ဘုရား ။

အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
http://buddhagonyi.blogspot.com/
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email address ; aggadhamma.bdgy@gmail.com
Skype address ; aggadhamma73790698

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်