Wednesday 20 February 2013

၁၉၅၃-၂၀၁၃ နှစ်ပေါင်း (၆၀)က အမှတ်တရ ရုပ်ထု



ရုပ်ထုတစ်ခုရဲ့ အခြေမှာ B Copnall 1953 လို့ရေးထားတဲ့စာ မိတ်ဆွေတို့တွေ့ဘူးပါသလား ။ ဒီကနေ့ ၂၀၁၃ ခုနှစ်က ရေတွက် သင်္ချာ ဖွေရှာရ ရင် နှစ်ပေါင်း ဝေးကွာ နှစ်( ၆၀) ဆိုတာ လူတစ်ယောက်ဘ၀ ၊ တစ်သက်စာ ကာလပေါ့ ဒါပေမဲ့ ခေတ် ကြီး (၅ )ခု မ က နိုင်ငံရေးဘ၀တွေပြောင်းခဲ့တယ် ။ နိုင်ငံရေးလောကထဲကလူတစ်ယောက် ၊ မှတ်ကျောက်တင်ခံရသူ လို့ဆိုရလေမလား ။ ကန်တော်ကြီးပန်းခြံထဲမှာလား ၊ ရှာဖွေတင်ပြထားလိုက်ပါတယ် ။ ဒီလိုပုဂ္ဂိုလ်မျိုး နောက်ဘယ်လောက်
ပေါ်နိုင်ဦးမလဲ ။ နိုင်ငံခြားသားတွေထုခဲ့လေသလား ဘီ ကောပ့်နယ် ၁၉၅၃ ဆိုတော့ သူမရှိတော့တဲ့ကာလ
သူကိုသတိရခဲ့လေသလား သူစိတ်ဓါတ်ကို အားကြလေသလား ။ ဝေဖန်ပိုင်းခြား စဉ်းစားမိတာလေးပေါ့။

သူဆိုမှသူ
လူထဲကလူ
တစ်မူထူးခြား
နိုင်ငံသားကောင်း
မပြောင်းတဲ့စိတ်
နှောင်းအတိတ်က ဆိုပေမဲ့
အရိပ်လိုလိုက်သူ
ဘမျိုးဘိုးတူ
အောင်ဆန်းလိုလူ
ဇမ္ဘူမှာရှား
ပြည်သူ့သားကောင်း
ဇာနည်လောင်းမှိ့
ဟောင်းလဲမမေ့
နှောင်းတမြေ့...မြေ့ ။


အရှင်အဂ္ဂဓမ္မ(နိက္ခမ)

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email address ; aggadhamma.bdgy@gmail.com

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်