Wednesday 20 February 2013

လွတ်မြောက်ခြင်းရဲ့သက်သေ



ရတက်ပွေရတဲဘဝ
အမျက်ဖြေလို့မရကြတဲ့
ခဏလေးသောလူ့ခန္ဓာ
သံသရာဘယ်ကစ
မသိကြရပါ ။

သေရင်လွှန့်ပြစ်
ပုတ်လှစ်ခန္ဓာ
ရွံစရာအတိ
ပြာဖြစ်၏မြေဖြစ်၏ ။

သတိမရှိတဲ့သဘော
အသိမရှိတဲ့ငှက်ပြော
မျောခြင်ရာမျှောပေတော့ ။

ပြောပါရစေတော့
ဓမ္မမိတ်ဆွေတို့ရေ
လူသေသလိုမသေ
အငြိမ်းနဲ့နေ
အကိန်းနဲ့သေ ။

အရိုးကမြေမဖြစ်
ဓါတ်အသားအစစ်
မှတ်သားရစ်ကြပေတော့
ဓါတ်တော်ဖြစ်လေတဲ့
မိုးကုတ်ဆရာတော်ဘုရားကြီရဲ့
ခန္ဓာ့အနှစ် လွတ်မြောက်ခြင်းရဲ့သက်သေ
ဖူးထိုက်ပါပေရဲ့ ဦးတိုက်ပါလေကွဲ့ ။

အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email address ; aggadhamma.bdgy@gmail.com
Skype address ; aggadhamma73790698



No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်