Wednesday 20 February 2013

လုပ်သင့် မလုပ်သင့် စဉ်းစား ခြင့်ချိန်


သည်အချိန် သည်အခါ ကမ္ဘာလည့်ခရီးသည်တွေများ တဲ့နေရာတစ်ခုဖြစ် သော ရွှေတိဂုဏ်စေတီပေါ်တွင် အသက်ကြီးသံဃာတော် သုံးလေးပါးလောက် ခရီးသည်ကြသော အချိန်တွင် ထူးခြားစွာပုတီးစိတ် တရား ထိုင်နေကြသည်ကို တွေ့ရသည် ။ တစ်ချို့ နိုင်ငံခြားသားများကလဲ ဓါတ်ပုံမှတ်တမ်းရိုက် သွားကြသည် ကို တွေမြင်ရပေသည် ။အမှန်တကယ် လာရောက်အားထုပ်ရှု့ပွား သော် လှုဒါန်းကြသော် ကုသိုလ်ပွား စရာဖြစ်နိုင်ပါသော် လည်း တချို့သည် ဘာသာရေးခုတုံးလုပ်ယုတ်မာမှု့ အချို့ဟုထင်ဘွယ် ရာဖြစ်နေ သည်ကို စိတ်မကောင်းစွာ တွေ့မြင်ရသည် ။
ဟန်ဆောင်လုပ်ပြ သာသနာဘန်းပြ သကဲ့သို့ လွယ်အိတ်ကလေးရှေ့ချ ဒေါ်လာလေးချိတ် ခေါက်ထားကာ သမာဓိ ရသယောင် မျက်လုံးလေးမှိတ်လိုက် ဖွင့်လိုက် နောက်လာ လှုသော ဒေါ်လာငွေ ၊ မြန်မာငွေ တို့အား အိတ်ထဲထည့်လိုက် ပြန်ပုတီးစိတ် လိုက်နှင့် ရွှေတိဂုဏ် ရင်ပြင်တော် လူစည်ကားရာ နေရာ တွင် တွေမြင့်ရပေသည် ။ စောင့်ကြည့်လျှင် သိမြင် တွေ့မြင်နိုင်ပြီး ဖြတ်သွားသော အများကတော့ သတိထားမိဟန် မတူသဖြင့် လုပ်ကိုင်နေသည် ဖြစ်နိုင်ပေသည် ။ စောင့်ရှောက်နိုင်သော သာသနာစောင့် များက ကာကွယ် တရားဆီးသင့်သည်ဟုသာ အမျိုးဘာသာ သာသနာအကျိုး မျော်ကိုး တင်ပြလိုက်ရ ပေသည် ။
(ဒေါ်လာ၅၀ရွက်နှစ်ရွက်အား လွယ်အိတ်နှင့်ခေါက်၍ ညှပ်ထားသည်ကိုအနီးကပ်ကြည့်လျှင်မြင်ရပါသည် ၊)

အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email address ; aggadhamma.bdgy@gmail.com
Skype address ; aggadhamma73790698

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်