အထက်ပါပုံတွင်အဝေးမှပင်တံခွန်တိုင်ကိုတွေ့မြင်နိုင်ပါသည်။ (ဖိုးကုလားကျွန်း-ချောင်းသာ) |
မာနတံခွန်တက်နေသူများ ဘုရားထံမှောက် ရောက်လိုလျှင် မာနကို အရင်ချ ခဲ့ရန် သတိပေးခြင်းဖြစ်ပြီး၊
ရှေးခေတ်က ဘုရားသို့ လာသူများသည် တံခွန်တိုင်ကို မြင်သည့်အရပ်မှ စတင်ကာ မာနချသည့်အနေဖြင့်ရော, အရိုအသေပေးသည့် အနေဖြင့်ပါ ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း၊
မာနခံနေပါက တရားမရနိုင်ကြောင်း၊
မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ် ငါစွဲကြီးသော သူများဖြစ်သောကြောင့်, ငါစွဲ ပေါ်တွင်သာ မာနတက်လို့ ရသောကြောင့်, မာနကြီးသူသည် တရားရဖို့ ခဲယဉ်းကြောင်း၊
ယင်းမာနကို ဘုရားပေါ်မရောက်ခင် အဝေးကတည်းက သတိပေးသည့် အနေဖြင့် တံခွန်တိုင်ကို မြင့်မြင့် တည်ထားခြင်း ဖြစ်ကြောင်း သိရလေသည်။
( အင်ဂျင်နီယာ ဖိုရမ်မှ )
Photography: Ngwe Tun
No comments:
Post a Comment