မြန်မာနိုင်ငံမှာ အရက်ချက်စက်ရုံတွေများသလို အရက်ဆိုင်တွေလဲ များလာကြတယ်။ အရက်ချက် စက်ရုံတွေ ကသင်္ကြန်အတွက်အရက်တွေ စုထားကြတယ် ၊ အော်ဒီလိုနဲ့ဘဲ အရက်ဆိုင်တွေက အရက်ပုလင်း ၊ဘီယာပုလင်းတွေလောင်ထားကြတယ် ။ သင်္ကြန်မှာ မူးကြမယ် ၊ ကဲကြမယ် ၊ ပြဲကြမယ် ၊ လဲကြမယ် ။ ယောကျာင်္းတွေလဲ သောက်မယ် ၊ မိန်းမတွေလဲ သောက် ကြမယ် ။ ပျက်စီးခြင်း သင်္ကြန် ပျော်ရွင်ခြင်း ဟန်တွေနဲ့ လောကကို အလှဆင်ကြမယ် ၊ ဗုဒ္ဓဘာသာ ဂုဏ်ကို ပြကြတော့မယ်။
ထိန်းသိမ်းကြမယ်ဆိုတာ မရှိကြတော့ဘူး ။ သင်္ကြန်ရဲ့ အနှစ်သာရ ပျောက်ပျက်ပြီး
နှစ်ကူးမှာ မူးနေကြလို့ အရူးနှစ်ကူး မဖြစ်စေချင်ပါဘူး ။ မိသားစုတိုင်းမှာ အရက်သမား မရှိတဲ့ အိမ်ဆိုတာ မရှိသလောက်ပါဘဲ။ုအရက်ကြောင့် ရောဂါတွေဖြစ်ကြ ၊ လုပ်အားတွေဆုံးရှုံး ၊ အသက်တွေဆုံးရှုံးကြတယ် ။ ဒေါသတွေ ဖြစ်ပြီး မိသားစုတွေကွဲကြ ၊
အိမ်ထောင်ရေး ပျက်စီးကြတယ် ။ နိုင်ငံတော်ရဲ့ လူသားအရင်းအမြစ်တွေ ၊ လုပ်အားတွေ ၊ အသိဥာဏ်တွေ ၊ ကျန်းမားရေး သုခတွေ ၊ ဘာသာရေး သုခတွေ ဆုံးရှုံးကုန်ကြတယ် ။ သေသည်၏ အခြားမဲ့တွင် ငရဲ ၊ တိရိစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကယ် ၊ အပယ်လေးဘုံကို ရောက်ကြရဦးမယ် ။ လူကိုဖျက်တော့ အရက် ၊ ဓားကိုဖျက်တော့ ၀ါးမျက် ဆိုပေမယ့်လဲ ယနေ့ခေတ် အရက်သမား တွေကတော့ ပယင်းရောင်ကို ဂုဏ်ပြောင် တယ်လို့ ထင်ပြီး သင်္ကြန်မှာ အရက်မသောက်ရရင် ခေတ် နောက်ကျတယ်လို့ ထင်မှတ်လာ ကြတယ် ။ သောက်ဖော်သောက်ဖက်ကနေ သေဖော်သေဖက် ဖြစ်ကြတော့မယ် ။
အရက်သင်္ကြန် ၊ အပျော်သင်္ကြန် ၊ အသေသင်္ကြန် မဖြစ်ကြပါစေရန် ဗုဒ္ဓဂုဏ်ရည်သာသနာ့ စောင့်ရှောက်ရေး အဖွဲ့မှ သင်္ကြန်နှစ်ဦးမှာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ။
အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email address : aggadhamma.bdgy@gmail.com
https://www.facebook.com/buddhagonyipage
http://buddhagonyi.blogspot.com/
No comments:
Post a Comment