အမှတ်တစ်မဲ့ကြည်ရင် ဘုရားစင်နဲ့ ဈေးဆိုင်ပေါ့ ။ ပြောလိုက်ရင်လဲ “တင်ပါ့ဘုရား” “တပည့်တော်တို့က” နဲ့ ကရွှန်းရွှန်းဝေအောင် ရောင်းကောင်း ၀ယ်ကောင်း ဖောက်သယ်ဟောင်းတွေ အတိုင်း ရောင်းလဲရောင်း တတ် ကြပါတယ် ။ပန်းလေးတင်ထားတဲ့စင်ကလေး အောက်ခြေမှာ သေသေခြာခြာရေးထားတာဖတ် ကြည့်တော့ “မသွားပဲနီးနေတာက သုသာန် သွားပါလျှက်ဝေးနေသေးတာ နိဗ္ဗာန်”တိပိဋကဓရ ယောဆရာတော် ၊လို့ရေး ထား တဲ့စာလေးပါလိုက်ပါသေးတယ် ။
စင်ပေါ်မှာတော့ပန်းတွေတင်ထားပြီးဓါတ်ပုံတစ်ပုံ တင်ထားပါတယ် ။ မူဆလင်ဂိုဏ်းချုပ်ဆရာတော်ကြီးပါ လို့ရှင်းပြ ရှာပါတယ် ။ ကဲဘယ်လိုရှင်းကြမလဲ မွတ်ဆလင်နဲ့ဗုဒ္ဓဘာသာဘယ်လိုခွဲကြမလဲ ။ စင်ပေါ်က ပုံတော် ဟာ ခေါင်းပေါ်ကအဆောင်းဦးထုပ်လို ထင်ရှားသလိုမုတ်ဆိတ်ဖွားဖွား ကလဲ သေခြာကြည် ရင်မြင်သာပါတယ် ။
ဘယ်မှာလဲ ၊ ဘယ်ကလဲနေရာတွေ မပြောလိုပါဘူး ဘာသာရေး ၊ ပုဂ္ဂိုလ် ရေးတိုက်ခိုက်စော်ကားဘို့ ၊ဘာသာ ၀င်ခြင်းသွေးကွဲဖို့ ပြောလိုရင်းမဟုတ်ပါ ။ အမျိုးသားရေး သတိ ၊ ဘာသာရေးသတိ ၊ နိုင်ငံရေးသတိတွေ ရှိထားဘို့ ဘာသာဝင်းတိုင်းသိထားဘို့လိုပါတယ် ၊ ဒါတွေကိုသတိထားသင့်ပါတယ် ။ အချို့ အစ္စလာမ် ဘာသာ ၀င်တွေဟာထင်ရှားစွာ မုတ်(ဆိတ်မွှေး)ထားကြသော်လဲ ၊ အချို့  အစ္စလာမ်ဘာသာဝင်တွေကတော့ မုတ်(ဆိတ်မွှေး)လုံးဝမထားကြပါဘူး ၊
မြန်မာနဲ့တောင်လုံးလုံးတူတဲ့ မြန်မာမွတ်ဆလင်တွေလဲ အများကြီးရှိနေပါတယ် ။ ဒီလိုဖြစ်နေတာ ဖြစ်ခဲ့တာ
ခေတ်ကြောင့်လား ၊ စနစ်ကြောင့်လား ၊အဖြစ်ကြောင့်လားသတိထားဘို့လိုပါတယ် ။ မတူကွဲပြားထင်ရှား ပါလျှက် ဘယ်နဲ့ စွက်ဖက်နေကြရ ပါသလဲ ။ ဘာသာရေးလွပ်လပ်ခွင့်လို့ ကျယ်ကျယ်ပြောနေကြပေမဲ့ ဘာသာရေးရော လျှက် ခွင့်တွေလဲ ဖြစ်တည်နှောက် လျှက်လာတာတွေကို ဗုဒ္ဓဘာသာဝင်တွေ နားမျက်စိဖွင့်ထားကြဖို့လိုပါတယ် ။ နှစ်ဘက်ဘာသာအတွက် မကောင်းပေမဲ့ ခိုင်မာတဲ့ ဘာသာရေး ခံယူချက်တွေက အစွန်းရောက် လုပ်ရပ်များကို အားပေးစေနိုင်တာ မှို့ ခွဲခြားနားလယ်ဖို့လိုကြောင်း ဓမ္မမိတ်ဆွေအားလုံးကို သတိပေး နိုးဆော်အပ် ပါတယ် ။
အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email address ; ashinaggadhamma.bdgy@gmail.com
Skype address ; aggadhamma73790698
No comments:
Post a Comment