Saturday 4 May 2013

ဗုဒ္ဓဘာသာများအတွက် အမြင်မရှုင်းသည့်မေးခွန်းများ အပိုင်း ၁


၁။ လူသားအစ ဗြဟ္မာက ဆိုက ဗြဟ္မာအစ ဘယ်ကပါလဲ အကျိုးအကြောင်း ခိုင်လုံစွာဖြင့် ဖြေကြားပေးပါ။
လူသားအစ ဗြဟ္မာကသည် အိန္ဒူဝါဒဖြစ်သောကြောင့် ဟိန္ဒူဘာသာဝင်များကိုသာ သွားရောက်မေးမြန်း ပါလေ။

၂။ ကံတရားအတိုင်း လူသည် ခံနေရပါက အရင်ဦးဆုံးကံမရှိမီ အဘယ်က ကံရောက်လာပါသနည်း။
မည်သည့်အရာမှမရှိမီဆိုသည့်အချိန်သည် ဗုဒ္ဓဘာသာတွင်မရှိပါ။ သံသရာသည်စက်ဝိုင်းကဲ့သို့ အစအဆုံးမရှိခြင်းဖြစ်ရကား..``အရင်ဦးဆုံး´´ဆိုသည်မှာ ဗုဒ္ဓဘာသာတွင်မရှိပါချေ


၃။ ဂေါတမသည် ဘုရားအဖြစ် ဆုပန်ရာတွင် ဘုရားကိုလည်း ဖူးတွေ့မှ ဆိုသောကြောင့် ဦးဆုံးဘုရားသည် အဘယ်ဘုရားထံမှာ ဆုပန်ခဲ့သနည်။
မည်သည့်အရာမှမရှိမီဆိုသည့်အချိန်သည် ဗုဒ္ဓဘာသာတွင်မရှိပါ။ သံသရာသည်စက်ဝိုင်းကဲ့သို့ အစအဆုံးမရှိခြင်းဖြစ်ရကား..``အရင်ဦးဆုံး´´ဆိုသည်မှာ ဗုဒ္ဓဘာသာတွင်မရှိပါချေ။

၎။ ရုပ်၊ နံ မရှိဆိုသော ရူပ ဘုံ၊ အရူပဘုံမှ ရုပ်မှရှိ၊ နာမ်မရှိသည်ကို အဘယ့်ကြောင့်သတ္တ၀ါဟု သက်မဲ့ကို သုံးသနည်း။ သက်မဲ့သည် သတ္တ၀ါ မဟုတ်။ အကြောင်းပြချက် ခိုင်လုံစွာနှင့်ဖြေကြားပေးပါ။
ဗုဒ္ဓဘာသာအယူအဆအရ..ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကြီးသည်ပင်လျင် ခန္ဓာငါးပါးအစုအဝေး.. ရုပ်အစုအဝေး (Matter) အဖြစ်သာမှတ်ယူထားပါသည်။ သက်မဲ့သည်၊ သက်ရှိသည် ဟု မည်သည့်သုတ္တံတွင်မှ. .မဟောထား ပါ။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေရုပ်အစုအဝေးသာလျင်ဖြစ်သည်။

၅။ လူသည် သဘာဝ အလျှောက် ပေါ်လာပါက အဘယ့်ကြောင့် ငရဲနောင်တမလွန် ရှိရန်လိုပါသနည်း။
ဗုဒ္ဓမြတ်စွာသည်...လူသည်သဘာဝအလျောက်ပေါ်သည်၊ ဖန်ဆင်း၍ပေါ်သည် လေဥဥ၍ပေါ်သည် စသဖြင့်..
လူ၏ဖြစ်ပေါ်ပုံကို ဋီကာချဲ့ထားသော ဖြီးဖြန်းမှုများဖြင့် တရားဓမ္မကို တံဆာဆင်ထားခြင်းမရှိပါ။ သံသရာမှ လွတ်မြောက်ကြောင်းတရားကိုသာ ဟောပြခဲ့ခြင်းဖြစ်သည်။ ကံ၊ ကံ၏ အကျိုးဟူသော..မိမိစိုက်ပျိုးသော အပင်ကို မိမိရိတ်သိမ်းရမည်ဆိုသော.. သဘာဝ၏ ကျိုးကြောင်းညီညွတ်မှုကို...ဟောပြခဲ့ခြင်းဖြစ်သည်။
လိုအပ်ချက်ကြောင့်ငရဲပေါ်လာခြင်းမဟုတ်သလို၊ ငရဲပေါ်လာသောကြောင့်လည်းနောင်ဘ၀ရှိခြင်းမဟုတ်ပါ။
မိမိ၏ ကောင်းမှု၊ မကောင်းမှုပေါ်မူတည်၍သာ..ခံစားရသော ဒုက္ခ၊ သုခကိုသာ ငရဲ၊ နတ်ပြည် စသည်ဖြင့် ဘုံဘ၀ကွဲပြားသွားခြင်း ဖြစ်သည်။

၆။ မိမိကိုသာ အားကိုရာဆိုက ဘုရားမှတပါး အားကိုးရာ မရှိဟု အဘယ့်ကြောင့်ပြောကြပါသနည်း။
ဆိုရိုးစကားသာလျင်ဖြစ်သည်။ ဘုရားဟောမဟုတ်ပါချေ။ ဗုဒ္ဓတရားတော်များသည် ငါကိုသာလျင် ကိုးကွယ်ပါ။ ငါသာလျင်ကယ်မမည် ငါကယ်မမှအပြစ်မှလွတ်မည်ဟူသော အကြောက်တရားဖြင့်ယုံကြည်မှု ကိုတည်ဆောက်ထားခြင်းမဟုတ်ပါ။

၇။ ပုထုဇဉ်သည် အဘယ်သို့ ဘုရား အထူးခံခြင်းကို နှစ်သက်သောကြောင့် အပြစ်မဖြစ်ရသနည်း။အပြစ်ဖြစ်ခြင်းမဖြစ်ခြင်းသည်၊ ပုထုဇဉ်၏ ကာယကံ၊ ၀စီကံ၊ မနောကံဟူသော ကံသုံးပါး၏ စေစားရာအလိုက်
အပြစ်ဖြစ်သည်၊ မဖြစ်သည်ဟူသော အကျိုးသက်ရောက်မှုဖြစ်ခြင်းဖြစ်သည်။ ပုထုဇဉ်တိုင်းအပြစ်ကင်း သူများမဟုတ်ကြသလို၊ခရစ်ယာန်ကဲ့သို့..အပြစ်သားများချည်းမဟုတ်ကြပါ။ စောင့်ထိန်းနိုင်မှုပေါ်မူတည်၍သာ ..အပြစ် အနည်းအများ၊ ကွာခြားကြခြင်းဖြစ်သည်။

၈။ မကြံစည်အပ်ဟု ဆိုလျှက် အဘယ့်ကြောင့် ရာကျော်တန်ဖြင့် ဂေါတမဘုရားဟု ကိုးကွယ်ကြသနည်း။သုံးရာတန်မက၊ သုံးကျပ်ပဲတန်စေကာမူ... ဘုရား၏ဥာဏ်တော်နှင့်တရားတော်ကို. ..လေးစားရိုသေ သမှုပြုကြခြင်းဖြစ်သည်။ရုပ်ထု၊ ရုပ်ပုံကို..အရိုအသေပေးခြင်းမဟုတ်၊ ဂုဏ်တော်၊ ဥာဏ်တော်ကို အရိုအသေပေးခြင်းဖြစ်သည်။(ဗိုလ်ချုပ်ကြေးရုပ်ကို အရိုအသေပေးခြင်းမဟုတ်၊ ဗိုလ်ချုပ်၏ ကိုယ်ကျိုးစွန့်အနစ်နာခံခြင်းကိုအရိုအသေပေးခြင်းဖြစ်သည်)ခွဲခြားနားလည်သင့်ပါသည်။

၉။ ဂေါတမက “ငါ့ပြောသလိုကျင့်ပါဟု´´ဆိုလျှက် အဘယ့်ကြောင့် မကျင့်ဘဲ ကိုးကွယ်နေသနည်း။
ကိုးကွယ်ခြင်းဟူသည့်အဓိပ္ပါယ်ကို မည်သို့နားလည်ပါသနည်း။ ထိုင်ရှိခိုးသည်ကို ကိုးကွယ်သည်ဟု ဆိုလိုပါသလား။မြတ်ဗုဒ္ဓ၏ ဥပမာအရဆိုရသော်..လက်ဖ၀ါးပေါ်က..သဲနှင့်..ဂင်္ဂါမြစ်ဝှမ်းသဲသောင်ပြင်ပမာဏကွာခြားသကဲ့သို့
တရားဓမ္မ အနှစ်သာရကိုသိသူသည် ရှားပါးလှပါသည်။ ထိုကဲ့သို့ကွဲပြားနေခြင်းသည် တန်ဘိုး မဖြတ်နိုင်သော..ဗုဒ္ဓတရားတော်များ၏ ချွတ်ချော်တိမ်းစောင်းမှုမဟုတ်ပါ။လူသားများ၏ မိုက်မဲ မှု သာလျင်ဖြစ်သည်။

၁၀။ နိဗ္ဗာန်ဟူသည် ရှိသည်၊ မရှိသည် ဂေါတမက မပြောဟု ပြောလျှက်နှင့် အဘယ့်ကြောင့် မှန်းမျှော်နေသနည်း။

မေးခွန်းမှားနေပါသည်။ ဗုဒ္ဓမြတ်စွာသည် သံသရာကိုအစွန်းမထင်ဟုသာဟောတော်မူခဲ့ခြင်းဖြစ်သည်။
နိဗ္ဗာန်မရှိဟု မဟောကြားခဲ့ပါ။

၁၁။ သတ္တတဒိဌိ နှင့် ဥစ္ဆေဒဒိဌိအကြားမှာ နေသည်ဆိုရုံဖြင့် သံသရာက လွတ်မည်လော။
ဧဟိပဿိကော (လာပါ၊ ရှုပါ၊ ကျင့်ကြံပါ) ဟူသော ရဲရင့်သော တရားစကားနောက်တွင်.. မည်သည့်ဆင်ခြေမှမရှိပါခြေ။ကိုယ်တိုင်သိလိုက၊ ကိုယ်တိုင်လုပ်မှသိမည်။

၁၂။ အဘယ့်ကြောင့် “လူသေလူဖြစ်ကို မယုံပါဘဲ´´ ရှင်ဥက္ကဌ ၏ ကျောက်ကွင်းကို ကွက်ကျား ဆွဲကိုင်နေသနည်း။

ယုံသင့်သည်ကိုယုံ၍ မယုံသင့်သည်ကို မယုံခြင်းဖြစ်သည်။ ပုဂ္ဂိုဟ်စွဲကင်းခြင်းဖြစ်သည်။ ရှင်ဥက္ကဋ္ဌ၏ စာတစ်အုပ်ကိုဖတ်ဖူးရုံမျှဖြင့်..တရားအားလုံးကိုယုံကြည်ခြင်းသည်။ မိုက်မဲခြင်းသာလျင်ဖြစ်သည်။

၁၃။ နိဗ္ဗာန်ရောက်ဘူးသူများ၏ အမည်လိပ်စာများကို သိပါက ပြောပြပါ။
မသိပါ။ လွန်စွာဥာဏ်ရည်နုံ့နဲ၍ အဆင့်အတန်းနိမ့်ကျသော မေးခွန်းသာလျင်ဖြစ်သည်။

၁၄။ အရှင်ဥာဏ၏ “ သူမဟုတ်သော သူဝင်စားသည်´´ ဆိုသော စကားက မာရ်နတ်၏ လှည့်ကွက်ဖြင့်လျှက် အဘယ့်ကြောင့် မှိုင်းတိုက်ထားသော သံသရာကို ယုံကြည်နေရသနည်း။
မရှင်းပါ။ ရှင်းလင်းအောင်တဖန်ပြန်၍မေးမြန်းပါ။ ဖြေဆိုပါမည်။

၁၅။ သိပ္ပံသည် ဗုဒ္ဓ၏ ဟောချက်များကို မမှန်ကန်ကြောင်း သက်သေပြနေချိန်တွင် သိပ္ပံမှားကြောင်း သက်သေပြပေးပါ။
အဘယ်အချက်များသည် မှားယွင်းနေပါသနည်း။ မှားယွင်းနေသည့်အချက်များကို..လက်တွေ့ရေးပြပါ။  လက်တွေ့ တစ်ကြောင်းချင်းဖြေပါမည်။

၁၆။ ငါသည်သင့်ကို မကယ်နိုင်ဟု ဆိုသော ဂေါတမအား အဘယ့်ကြောင့် နေ့ရက်စဉ် တောင်းဆုပန်နေ ပါသနည်း။
ဗုဒ္ဓဘာသာ၏ ဆုတောင်းခြင်းသည်...မိမိ၏ ရည်ရွယ်ချက်ကို ဘုရားထံတွင်သက်သေခံခြင်း တစ်မျိုး ပင်ဖြစ်သည်။ တစ်နည်းဆိုသောမိမိလေးစားသော ပုဂ္ဂိုဟ်တစ်ယောက်၏ရှေ့တွင် remind လုပ်ခြင်း သာလျင်ဖြစ်သည်။
မိမိလိုဘအတွက်ဆုတောင်းသူများမှာ..မိုက်မဲသောသူများသာလျင်ဖြစ်သည်။ ဂင်္ဂါမြစ်ဥပမာကဲ့ သို့ပင်ဖြစ်သည်။

၁၇။ ရုပ်တုဟူသည် အသက်မရှိသည်ကို ကလေးပင် သိသလို ၊ မကြံစည် အပ်ကြောင်း ဂေါတမက ပြော လျှက်နှင့် အဘယ့်ကြောင့် ကြံစည်သနည်း။ရုပ်ထုကိုကိုးကွယ်ခြင်းမဟုတ်၊ ရည်မှတ်ကိုးကွယ်ခြင်းသာလျင်ဖြစ်သည်။ ဘုရား၏အမှတ်အသား၊ ပုံတူ၊ ကို ဘုရားအဖြစ်ရည်မှတ်ကာ... အလေးအမြတ်ပြုခြင်းဖြစ်သည်။ ရှင်းလင်းနားလည်စေချင်သည်။

၁၈။ မကြံစည်အပ်သော အရာ လေးပါးတွင် ပါလျှက်နှင့် အဘယ့်ကြောင့် ဘုရားကို ကစားစရာ သဖွယ် တွေး ဆပြု အား မတရားသဖြင် ပြုလိုပါသနည်း။

ရိုးရာဓလေ့နှင့် ဘာသာတရားကို...ခွဲခြားနားလည်စေချင်သည်။ အကယ်၍ ရုပ်ထုထုသောအတတ် မပေါ်ပေါက်ခဲ့လျင်လည်း..ဘုရားအဖြစ်အမှတ်သညာတစ်ခုခုကို အရိုအသေပေးကြမည် သာလျင်ဖြစ်သည် ။ စော်ကားလိုသောစိတ်ထားဖြင့်..အတုပြုလုပ်ခြင်းမဟုတ်ပါချေ။ ရည်မှတ်ကိုးကွယ်ခြင်းသာလျင်ဖြစ်သည်။ ရုပ်ထုကိုးကွယ်သူများသည် ငရဲသို့ဂျောင်းရမည်ဟူသော နှပ်တွဲလောင်းဘ၀က အသေမှတ်ခဲ့သော.. တရားဖြင့် ..အရာရာကို ချိန်ထိုးနေခြင်းသည်..လွန်စွာဥာဏ်နည်းလှပေသည်။

၁၉။ သမ္မာဒိဌိမှသာ မှန်သည်ဖြစ်သော်လည်း အဘယ့်ကြောင့် မသမာသော နည်းဖြင့် ဘာသာရေးတွင် ခုတုံးလုပ်နေကြသနည်း။
သူ့ပြုသောကံ..သူ့ထံပြန်ပါလိမ့်မည်။မကောင်းသူသည်မကောင်းသည့်အလျောက်..လမ်းလွဲသူသည်..လမ်းလွဲ သည့်အလျောက် သူ့လမ်းသူသွားပါလိမ့်မည်။ ထိုသူများကြောင့် စစ်မှန်သောတရားတော်သည် ..သွေဖည်သွာခြင်းမရှိပါ။

၂၀။ အသျှင် နန္ဒရေးသာ ဘလောဂ်များမှ အမေးများအား ရှင်းလင်းစွာ ဖြေကြားပေးပါ။
ပလန်းနက်သို့ကူးယူတင်ပေးပါ..ဖြေကြားပါမည်။

၂၁။ ဂေါတမ၏ တထွာသည် သာမန် ယောင်္ကျားကြီး သုံးထောင်ဆိုသောကြောင့် အကယ်ပင် အဘယ့်ကြောင့် သမိုင်းတွင် မရှိခဲ့ပါသနည်း။
ဟုတ်လျင်ဟုတ်ပါလိမ့်မည်။ မဟုတ်လျင်လည်..လွဲပါလိမ့်မည်။ ခန္ဓာကိုယ်ကြီးခြင်း၊သေးခြင်းသည် သဗ္ဗညုတဥာဏ်တော်၏ အရောင်အ၀ါကို..မှေးမှိမ်နိုင်လိမ့်မည်မဟုတ်ပါ။ တရားတော်များသည် လည်းပြောင်းလဲသွားမည်မဟုတ်ပါ။ပုဂ္ဂိုဟ်ကိုစွဲရန်မဟုတ်၊ တရားတော်ကိုလိုက်နာရန်သာရှိသည်။

၂၂။ ဂေါတမ၏ အခြား မယားများ အဘယ့်ကြောင့် မြုတ်ကွယ်ထားကြသနည်း။
ဂေါတမဘုရားကို ကိုးကွယ်ခြင်းသည်.မယားများသောကြောင့်မဟုတ်သောကြောင့်... တရားတော်များ တွင်မပါဝင်ခြင်းမှာ မဆန်းပါခြေ။ မယားများသူများကိုကိုးကွယ်လိုပါက ပြည့်တန်ဆာခေါင်းများကို ကိုးကွယ် ရန်သာရှိသည်။

၂၃။ မြင့်မိုရန်တောင်ဟူသည် ယနေ့တွေ့မြင်နိုင်ခြင်း အဘယ့်ကြောင့် မရှိရသနည်း။
သီဟိုရ် ဗုဒ္ဓဘာသာ၏ ချဲ့ထွင်ရေးသားမှုများသာဖြစ်ပါသည်။ မြင့်မိုရ်တောင်အယူအဆသည် ဟိန္ဒူဝါဒနှင့်နှီးနွယ်ပတ်သက်နေပါသည်။ ကျွန်တော့်အနေနှင့်မယုံကြည်ပါ။ မယုံကြည်သောကြောင့်လည်း..
ဗုဒ္ဓဘာသာဝင်များအပြစ်မရောက်နိုင်ပါ။ ကံသုံးပါးဖြူစင်ရန်သာအရေးကြီးပါသည်။

၂၄။ ဤလောက စကြာဝဠာကြီး၏ အတိုင်းအရှည်ကို စာဖွဲ့တင်စားရန် အဘယ်သူသွား၍ တိုင်းထွာခဲ့သနည်း။
ဗုဒ္ဓဘာသာတွင်..ပါရှိသော..ကမ္ဘာတည်ပုံကျမ်းမှာ..ဟိန္ဒူဝါဒနှင့်နှီးနွယ်ပတ်သက်နေပါသည်။ ရိုးယာဓလေ့အရ..ပုံပြင်သဖွယ်ပြောပြကြခြင်းသာဖြစ်သည်။

၂၅။ ဤအရာများသည် လုပ်ကြံဇာတ်ဖြစ်သည် ဆိုက သင်အဘယ်သို့ဖြေကြားမည်နည်း။
မဖြစ်နိုင်သောအရာကို..မဖြစ်နိုင်ဟု ရိုးသားစွာဝန်ခံရဲပါသည်။ ထိုအရာများကြောင့် သစ္စာလေးပါး တရားမြတ်သည်သွေဖည်သွားမည်မဟုတ်ပါ။

၂၆။ အဘယ့်ကြောင့် ယနေ့ ရဟန္တာဟူသည် မရှိရသနည်း။
ရဟန္တာများသည်..မိမိကိုယ်ကို ရဟန္တာဟု မပြောဆိုရပါချေ။လေထဲတွင်ပျံမှ... သေသောသူကို အသက်ပြန်သွင်းမှ.. ရဟန္တာမဟုတ်ပါခြေ။ ကိလေသာမှန်သမျှအကြွင်းမဲ့ပါယ်ခွာနိုင်သူကိုသာ
ရဟန္တာဟုခေါ်ဝေါ်သမုတ်ခြင်းဖြစ်ပါသည်။ အထက်ပါ..သဘာဝလွန်တန်ခိုးသတ္တိများကို ..လောကီ ဈာန်ဟုခေါ်ပြီးတချို့သောဘိုးတော်များ၊ ပျောက်စေဆရာများသည်ပင်လျင်..တတ်စွမ်းကြပါသည်။

၂၇။ တပါးကျိုးက အားလုံးကျိုးသည့် သီလကို အဘယ့်ကြောင့် လုံနိုင်သည်ဟု ပြောသနည်း။
သီလငါးပါးပါသောကြောင့် ငါးပါးသီလဟုခေါ်သည်.. ငါးပါးစလုံးလုံမှသီရမြဲသည်ဟုမဆိုသာပါ။
တစ်ပါးလုံလျင် တစ်ပါးစောင့်ထိန်းနိုင်သည်။ နှစ်ပါးလုံလျင်နှစ်ပါး၊ သုံးပါးစသဖြင့်.. ကိုယ်တတ်စွမ်း သ၍စောင့်ထိန်းနိုင်ပါသည်။တစ်ပါးကျိုးက အားလုံးကျိုးသည်ဟူသောအယူအဆမှ မှားယွင်းပါသည်။

၂၈။ ယေရှုကို ပြည့်တန်ဆာ သားဟုဆိုက သုဝဏ္ဏသာမ၊ ရှင်သီဝလိ၊ ဥပဂုတ္တ၊ ပဒုမ္မာဒေ၀ီ တို့ကား အဘယ်သို့ဖြေရှင်းမည်နည်း။
အဘယ်သို့မျှ ဖြေရှင်းရန်မလိုပါ။ လွတ်လပ်စွာယူဆခွင့်ရှိပါသည်။

၂၉။ ပဒုမ္မာဒေ၀ီ သားငါးရာ ဖွားရလောက်အောင် သူမသည် လူမဟုတ်သော ငါး သို့ မဟုတ် ဖား မျိုး ဖြစ်နေသလော။
ချဲ့ကားတင်စားခြင်းဖြစ်ပါသည်။

၃၀။ ရှင်တော်ဂေါတမသည် အဘယ့်ကြောင့် ဘုရားဖြစ်သည်ဆိုက ငါသည်သင့်ကို မကယ်နိုင်ဟု ဆိုခဲ့သနည်း။

ဘုရားဟူသောစကားလုံး၏ အဓိပ္ပါယ်ဖွင့်ဆိုပုံကွဲလွဲခြင်းသာဖြစ်သည်။ခရစ်ယာန်၊အစ္စလမ် အယူဝါဒ တို့တွင်အရာအားလုံးကိုဖန်ဆင်းကယ်မမှ ဘုရားဟူသတ်မှတ်သော်လည်း၊ ဗုဒ္ဓဘာသာတွင်မူ သစ္စာလေးပါးမြတ်တရားကိုထိုးထွင်းသိမြင်တော်မူသောကြောင့် ဘုရားဟုသတ်မှတ်ပါသည်။

အကျိုးအကြောင်းညီညွတ်စွာဖြင့် ဖြေကြားပေးကြပါရန် တောင်းခံအပ်ပါသည်ခင်များ

ကျေးဇူးတင်ပါသည်။

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်