Saturday 11 May 2013

“ ဘာသာပြောင်းရခြင်း၏အကြောင်းတရားများ ”



လူသားတို့သည်ကိုးကွယ်ရာရှာကြ ၊ ရှိတတ်ကြပေသည် ။ အကာကွယ်ပေးလုံခြုံရေးအတွက်ယခုလက်ရှိဘ၀ ၊ သေပြီးရမည်ဟုထင်သောနောက်ဘ၀ ၊ သံသရာလက်ခံသူများက သံသရာဘ၀ အဆက်ဆက် နှင့် ရှေးဘ၀ စသည်ဖြင့်ကာလသုံးပါးဖြစ်သည့် အတိတ် အနာဂါတ် ပစ္စုပ္ပန်တိုတွင် ငါဟူသော အတ္တ နှင့် ငါ့ခန္တာ ၊ အသက် ၊ ၀ိညဉ် ၊လိပ်ပြာအသက်ကောင်ရှိသည်ဟူသောအစွဲယူ၊အယူ ရှိကြသကဲ့ သို့ ဒီဘ၀ ယခုလက်ရှိဘ၀ပြီးလျှင်ပီးပြီ (သို့မဟုတ်)နောက် ဘ၀ပြီးရင်ပြီးပီဟု အပြတ်ယူဟူ ၍ ယုံကြည်မှု့အမျိုးမျိုး ဖြင့် ကိုးကွယ်ယုံကြည်မှု့ အားကိုးမှု့အသီးသီးရှိကြပေသည် ။ 


အချို့က ငွေသာလျှင်အဓိက ၊

အချို့ကဖန်ဆင်းရှင်သာအဓိက ၊ အချို့တန်ခိုးရှင်သာအဓိက ၊ အချို့က ကယ်တင်ရှင်သာအဓိက ၊ အချို့က၀ိညဉ် သည်သာအဓိက ၊ အချို့ကဘုရားသာလျှင်အဓိက ၊ အချို့ကလူသာလျှင်အဓိက ၊ အချိုကအကျင့် (တရား)သာ လျှင် အဓိက ဟူ၍ မိမိ စိတ်သန်ရာ မိမိလေ့လာရာ မိမိကျိုးစားအားထုပ်ရာမိမိယုံကြည်ရာကိုသာ ၊ ကိုးကွယ်လျှောက် လှမ်းအားထုပ် ကျင့်ကြံနေထိုင်ပြောဆိုလုပ်ကိုင်ကြပေသည် ။တစ်ချိုကမိဘရိုးရာ မိရိုးဖလာ ယုံကြည်ကိုးကွယ်သကဲသို့၊ အချို့ကဆန်းစစ်လေ့လာ၏ ၊ အချို့မျက်စိမှိတ်ယုံကြည်၏ ။

အချိုကမပြောင်းမလဲယုံကြည်၏ ၊အချိုကပြောင်းလဲယုံကြည်ကြပေ၏ အမျိုးမျိုးသော လိုခြင်တောင့်တမှု့ လောဘ ၊လိုတာမရ ၊ ရတာမလိုနိုင်သော ဒေါသ ၊ မသိမှု့မောဟ ဟူသော ကြောင်းတရားများ ထဲမှ ဗုဒ္ဓဂုဏ်ရည် သာသနာစောင့် ရှောက်ရေးအဖွဲ့မှ လေ့လာဆန်းစစ်အကဲခတ်သုံးသပ်မှု့ကိုတင်ပြလိုက်ရပါ၏ ။ လိုအပ်သည်ထင်က အကြံပေးနှိုင်သကဲ့သို့ အမှန်တရားကို ရှာဖွေနှိုင်စေလို၍ တင်ပြအပ်ပါပေတော့သည် ။

ဘာသာပြောင်းရခြင်း၏အကြောင်းတရားများ

၁ ။ အုပ်ချုပ်တဲ့သူတွေကိုးကွယ်တဲ့ဘာသာဖြစ်၍( ကိုလိုနီခေတ်က )
၂ ။ တိုင်းတစ်ပါးဘာသာဖြစ်၍အထင်ကြီး၍( ကိုလိုနီခေတ်က )
၃ ။ အုပ်ချုပ်သူကိုးကွယ်တဲ့ဘာသာက ကာကွယ်မယ်ထင်၍
၎ ။ အလုပ်လိုချင်၍
၅ ။ အင်္ဂလိပ်ကျောင်းမှာနေမိ၍( ကိုလိုနီခေတ်က )
၆ ။ နိုင်ငံခြားတွင်အနေကြာ၍
၇ ။ ဘာသာတရားလွတ်လပ်မူ့၍
၈ ။ လွယ်လွယ်ကူကူကိုးကွယ်ယုံကြည်ရ၍
၉ ။ မိန်းမ၊ ယောက်င်္ကျားလိုချင်၍
၁၀ ။ သေတမ်းစာပြုလုပ်ခွင့်ရ၍
(ခရစ်ယာန်ဘာသာဝင်အုပ်ချုပ်သူတို့၏ဥပဒေဖြစ်ခဲ့၍)
၁၁ ။ ပတ်ဝန်းကျင်နှင့်မိသားစုကိုစိတ်နာ၍
၁၂ ။ ကန့်နဲ့လောင်သောဘုံ(ငရဲ )မှတစ်ကယ်ကယ်မယ်ထင်၍
၁၃ ။ အိမ်မက်ထဲမှာခရစ်ယာန်ဘုရား(တွေ့)ကယ်တယ်လို့အိမ်မက်ရလို.
၁၄ ။ ၃၇မင်းစသည့်နှင့် (နတ်စိမ်း/နတ်စားတာ)တူ၍
၁၅ ။ နေမကောင်းတဲ့အခါဆုတောင်းရင်းတိုက်ဆိုင်(အနာငြိမ်းခြင်းကြောင့်)၍
၁၆ ။ ပတ်ဝန်းကျင် မိဘ ဆွေမျိုးအသိုင်းအ၀ိုင်းတွေကိုစိက်နာသော၍
၁၇ ။ ယခင်ကိုးကွယ်သော မိမိဘာသာအရ အပြစ်ကျူးလွန်မိ၍
၁၈ ။ ကိုယ်ယူမိတဲ့လင် /မယားကိုချစ်၍သနား၍
၁၉ ။ လေ့လာရင်းသဘောကျတယ်လို့ထင်၍
၂၀ ။ ယုံကြည်လိုက်ရင်ပြီးတာပဲ ( လိုခြင်တာရ)၍
၂၁ ။ သူတို့ဘာသာဝင်ဖြစ်ရင် စောင့်ရှောက်ပေးကမ်း၍
၂၂ ။ သူငယ်ချင်းတွေနဲ့ဘုရားကျောင်းလိုက်တတ်ရင်းပျော်၍

ဘာသာဝင်တွေ ဘာသာပြောင်းတွေ တစ်ဘာသာမှ တစ်ဘာသာကူးပြောင်း ရကြသည်မှာ ဘာသာတရားတို့၏ စစ်မှန်သော အသိတရားကို မတွေ့ရှိမရရှိခြင်းသည်သာ အဓိကအချက်ဖြစ်ပေသည် ။ သို့ရာတွင် ဗုဒ္ဓဘာ သာမြန် မာနိုင်ငံ တွင် ဗုဒ္ဓဘာသာမှ အခြားဘာသာဝင်လျှင် အခြားဘာသာမှ နေရာပေးမြှောက် စားမှု့ပြင်းထန်ခြင်း ၊ အားနည်းသောစိတ်ထား အခြေခံဖြင့်ပြောင်းလဲ ခြင်းတို့ဖြင့် (နေရာရလိုထင်ပေါ်လိုမှု့ပြင်းထန်သူတို့) သာလျှင်အများဆုံးကိုတွေ့ရှိရပေသည် ။ 


ယခုတင်ပြချက်တို့သည် မိတ်ဆွေရင်း ခရစ်ယာန်ဘာသာဝင်တို့၏ မိဘများနှင့်ကိုယ်တိုင် ခံစားဖြစ်ပေါ်ခဲ့သည် များကို စုဆောင်းလေ့လာ ထားခြင်းသာဖြစ်ပါသည် ။ ထပ်မံတွေ့ရှိသည်များ လဲတင်ပြပေးမည်ဖြစ်ပါသည် ။ သိရှိပါကလဲ ရေးသားပေးပို့ နိုင်ကြပါသည် ။

မိရိုးဖလာခရစ်ယာန်ဘာသာ မှ ဗုဒ္ဓပြောင်းလဲသူ အများစုသည် နိမ့်ချသောစိတ်ထားဖြင့် ငြိမ်းချမ်းခြင်တရားကို ရင်ဝယ်ပိုက်၍ အေးချမ်းစွာနေထိုင် သွားကြသည်ကို အများဆုံး တွေမြင်ရပေသည် ။ ခရစ်ယာန်ဘာသာရဲ့ အားနည်ချက် အမှားတွေမရှိဘူးလား မတင်ပြချင်ဘူးလား လိုမေးရင် ရှက်လို့ပါ အရှင်ဘုရားရယ်သစ္စာ တရားကိုသိသူတွေက မသိပဲမိုက်နေတာကို နားလယ်ပေးလိုက်ရတာနဲ့တင် ကုသိုလ်ရနေသလိုပါပဲ ဘုရားလို့ ပြောကြပါတယ် ။ ဗုဒ္ဓပြောင်းလဲသူ အများစုသည်

စိတ်မာန်တက်ကြွစွာသာသနာ/ဘာသာပြကြသူ(hallucination)ဖြစ်ကြသည်ကို အများအားဖြင့် တွေရပေသည် ။ ဗုဒ္ဓဘြာသာတွင်လဲ ထိုကဲ့သို့ ပြင်ပအကြောင်းအရာ မရှိဘဲ စိတ် တွင် ယောင်ယမ်းထင်မြင်ခြင်း ။ မျက်စိလှည့် စားခြင်း ။ သွေးလေ ချောက်ချား၍ ထင်မြင်ခြင်း။(စိတ်တွင်ထင်ရောင်ထင်မှာဖြစ်ခြင်း) စိတ်မှပုံရိပ်ကို မျှော်လင့် သည့် အတိုင်းအရိပ်ကို အမှန်တကယ်ယုံကြည်ခြင်း စသည်ဖြင်သုံးသပ် တွေ့ရှိရပေသည် ။ အသက်ကြီးလာကြ သည် အခါ လောကဓံတရား၊ အမှန်တရားတို့၏ ၊ တွေဆုံခြင်း ၊

ဘ၀အတွေ့အကြုံရင်ကျက် လာသောအခါ ၊ဘာသာတွေကအတူတူပါပဲ ၊ကောင်းတာလုပ်ဖို့ပဲလိုပါတယ် ၊ ဆုတောင်းတယ် ၊

မေတ္တာပို့တယ် ၊ ပုတီးစိတ်တယ်(ငြိမ်သက်ခြင်းရှိအောင်ကြိုးစားနေထိုင်တယ်) ၊တို့လဲအစကဗုဒ္ဓဘာသာပဲ ၊ ဗုဒ္ဓဘာသာနှလုံးသားက ရှိပီးသားပါ ။ ငယ်ငယ်က ခရစ်ရန်ဘာသာပြုရေး တွေအားစိုက်ခွန်စိုက် လုပ်ခဲ့ပေမဲ့ ၊ အခုမှ အမှန်တရားကို ပိုတွေ့ပိုသိလာတယ် လို့အစွယ်ကြိုး မာန်လျှော့ ခံစားဖြစ်ပေါ်လာရတယ်လို့ သုံးသပ်ဝေဖန် ပေးကြတာကို တွေ့ရပါတယ် ။ဘာသာပြောင်းရခြင်း၏ အကြောင်းတရားများကို လေ့လာတင်ပြ သုံးသပ်ပေးထားပါတယ် ။ ပုတ်ခတ်စော်ကားခြင်းမျိုး မဟုတ်ပဲ နှစ်ဘာသာလုံး လေ့လာသူများအတွက် အကြိုးများစေခြင်လို့ပါပဲ ။ ဦးဇင်းဆီလူကိုတိုင်ရော စာဖြင့်ရော ဖေ့စ်ဘုတ် မှတဆင့်ရော တောင်းထားသော   နှစ်ဘာသာ မက ဘာသာစုံ ဓမ္မမိတ်ဆွေများ အတွက် အကြုံးဝင်မယ်လို့ ယူဆ၍ ပြန်လည်တင်ပြ လိုက်ရတာပါပဲ ။

အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်