Monday, 6 May 2013

“ နိုင်ငံတော်တိုးတက်ဖို့ ဘာသာရေးစစ်ဖြစ်ကြမလား”




အခု တစ်လောမှာ မှော်ဘီမှာ ကုလားဗမာပြဿနာဖြစ်တော့မယ် ၊ မှော်ဘီဈေးကို မီးရှိ့မယ် ၊ ကုလားတွေ အိမ်မှာ ဓါးအလက် ၃၀၀ လောက်စုထားတယ် ၊ ဘုန်းကြီးလယ်ချောင်းသွေးနဲ့ ချေဆေးမယ် ၊ စသဖြင့်မှော်ဘီမြို့ပေါ်မှာ သတင်းတွေပြန့်နေပီး ဘာသာခြားတွေမှာ ကိုယ်အိမ်ကို မနေရဲ မအိပ်ရဲ

ဖြစ်နေကြတယ်လိုကြားရပါတယ် ။ အခြားမြို့တွေမှာဖြစ်ခဲ့တဲ့ အသံတွေကို အသံတူအကြောင်းကွဲ နဲ့ ပြန်ပြောပီး ပြဿနာ စမဲ့သူကိုရှာနေသလိုဖြစ်နေပါတယ် ။ ဒီနေရာမှာ အသက်ငယ်ငယ် ကလေး တစ်ယောက်ကို ရမယ်ရှာနေတယ်လိုလဲ သတင်းသဲ့သဲ့ကြားခဲ့ရပါတယ် ။ သူကတော့ မောင်သန်းထိုက်ဇော် ။ ဟိုအရင်က


သူအကြောင်းကို အင်တာနက်မှာရေးတင်မလို့ မတင်ပါနဲ့လို့တောင်းပန်တာနဲ့ အခုမတင်ပြခြင်ပါတယ် ။ လွန်ခဲ့တဲ့(၆)လလောက်ကရေးခဲ့တဲ သူ့ ကြောင်း အခုမတင် ပြရမယ် အင်တာနက်မှာ အသက်အရွယ်   ပေါင်းစုံ မှာဒီလိုငယ်ဒီလိုကျွမ်းကျင်တဲ့ ကလေးတစ်ယောက်နဲ့ ယှဉ်ပြီး ပြဿနာဖြစ်နေတဲ့ သူတွေသိစေခြင် ခဲတာပါ ။ အခုတော့ သူလဲမလုပ်ရပဲ သူကိုတစ်မျိုးထင်လို့ အင်တာနက်လဲမတက် ရမကိုင်ရ ကျောင်းတောင် မနေတော့ဘူးလို့  ပြောလာလို့ တင်ပြတာပါ ။

 ပြည်တွင်းငြိမ်းချမ်းနေတာကို ပြည်ပက အစ္စလာမ်ဘာသာ ၀င်တွေသွေထိုးမှု့ကြောင့် မြန်မာမူဆလင်တွေ အခက်တွေ့ ကုန်ပါပီ ။ အစားခက် ၊ အလုပ်ခက် ၊ အနေခက် ၊ ရင်ကျက်စိတ်ထား မြင့်မြတ်တဲ့

ဘာသာတရားဘက်ကကြည်ရင် မကောင်းတဲ့ အလားအလာတွေဖြစ်နေလို့ အားလုံးကိုသိစေခြင်မိပါတယ် ။
ဦးဇင်တို့လဲကြည်ရမြင်ရတွေ့ရပါတယ် အစွန်းရောက် ဘာသာဝင်တွေ ကိုရမ်ဥပဒေနဲ့ အညီလုပ်ဆောင်နေ ကြလို၊ဘာသာအခြင်းခြင်း ရှီအိုက်နှင်ဆွန်နီ သတ်ပွဲဖြတ်ပွဲတွေ ၊ အစ္စလာမ်နှင့် ခရစ်ရန် ၊အစ္စလာမ်နဲ့ ဟိန္ဒူ စသဖြင့် နိုင်ငံခြားမှာရှိတဲဗုဒ္ဓဘာသာတွေအပေါ် နိုင်ငံခြား အစ္စလာမ်ဘာသာဝင်တွေရဲရက်စက်မှုတွေကို
မြင်ရပေမဲ့ ကိုယ်နိုင်ငံထဲမှာ သတိရှိ သတိထားပီးတစ်ဦးကိုတစ်ဦးနားလယ်စွာ ညီညွတ်ရှောက် လမ်းစေခြင် မိလို့ သန်းထိုက်ဇော်အကြောင်းလေးကို ပြန်လည်တင်ပြလိုက်ပါတယ် ။



သည်ကောင်လေး အသက်ကလေးက ၁၄ နှစ်ကျော်ကျော် သန်းထိုက်ဇော်တဲ့ အတန်းပညာ ရှစ်တန်းပဲ တက်ရှာသတဲ့ စဉ်းစားကြည်ပါ့ ။ သင့်ကြောင့်ဘာသာရေးစစ်ပွဲတွေမဖြစ်ပါစေနဲ့ဆိုတာ သူပေါ့ သနပ်ခါး အဖွေးသား နဲ့ ။ သူဘဘတွေက ကွန်ပျူတာမကိုင်စေခြင်ရှာတော့ဘူး ပညာရေးနောက်ကြမှာစိုးလိုတဲ့ ။ ဘုန်းဘုန်းဘုရား တော်တော်ရိုင်းကြတယ်ဘုရား တရားချပေးပါလို့ ချက်တင်ရေးလာလို့။ ဘယ်မှာလဲ မင်းကအစ္စလာမ်လားဆိုတော့ တင်ပါ့ဘုရား ဆိုပီး လိုင်းတခုပေးလာ လိုက်တယ် ။ အသားတွေ တဆတ် ဆတ်တုန်အောင် ရက်စက်ရိုင်းပြ ဆဲနေလိုက်ကြတာ အံသြစရာ ဒါလားကွဗုဒ္ဓဘာသာ ရင်နာတယ် လို့ပြောရမလား ။ ThanHtikeZaw မင်းကဘယ်ကလဲ သားကမှော်ဘီ ။ အလို ကိုယ့်နားမှာပဲ အသက်က ဘယ်လောက်လဲ ၁၄ နှစ် ။ 


ဘုရားရေ တရမဲ့အဖြစ် သားဆီလာခဲ့မယ်ကွာ ဆိုပီး ရောက်ခဲ့ပါတယ် ။ ဦဇင်းရောက်တော့ သူလဲ ကျူရှင် ပျက်ရတော့ တာပဲပေါ့ ။ သန်းထိုက်ဇော် ဘဘက ကျောင်းအုပ်ဆရာကြီးဦးကျော်ညွန့် (အငြိမ်းစား) အ.ထ.က(၂)မှော်ဘီက ။ အဘိုးအဘွားတွေမှာ ဗုဒ္ဓဘာသာဖြစ်ခဲဘူရှာသတဲ့ ။ ဆပ်သွာတောအုပ်စုနားက အ. ထ .က ကျောင်း ၊ ဦးဇင်းရောက်တော့အချိုရည်တွေနဲ့တော်တော်ဧည်ခံပါတယ်။ ကန့်တော့တာ လက်အုပ် ချီ တာ မလုပ်ကြပေမဲ့ ၊ သာသနာကို လက်ခံတတ်သူတွေ ဒါကိုမှ မြန်မာမူဆလင် မခေါ် ဘာကိုသွားခေါ်ကြမလဲ ။

 ပါရမီ အိမ်ဆောက်ပစ္စည်း ရောင်းကြပါတယ် ။ ရန်ကုန်ပြည်လမ်းမကြီးပေါ်က မှော်ဘီမြို့ထဲမှာပါပဲ ။ ကဲ စဉ်းစားကြည့်ရအောင် ၊ သည်ကောင်လေး ၀င်ဆွေနွေး ၀င်ရေးနေတာတွေက အသက် ၂၀ ၊ ၃၀ ၊ ၄၀ တွေနဲ့။ သားက ယဉ်ကျေးစွာပဲပြောပါတယ် ဘုန်းဘုန်းရာ သိပ်ရိုင်းတာပဲ တဲ့ ။ မျက်စေ့ရှေ့မှာပဲ သူက အဲဒီ ဆိုက်ဖျက်ချပြလိုက်တယ် နောက်ဘယ်တော့မှ တက်မလာနိင်တော့ဘူးတဲ့ ။ သူတော်တော် ကြွမ်းကျင်ရှာတယ် မလုပ်ခြင်လို့တဲ့ ။

ဦးဇင်းဘုန်းထဲမှာ လဲလိုအပ်တဲဆော့ ၀ဲ တွေထည့်ပေး ရှာသေးတယ် ၊သူပေးထားတဲ့ သူဖုံးနံပါတ် မှာ “အလာသန်းထိုက်ဇော် ”လို့မှတ်ထားတာ ။ အလာလို့မရေးပါနဲ့ဘုန်းဘုန်းရာ ဆိုလို့ဖျက်ပေးခဲ့ရ ရှာတယ် ။ မကောင်းတာကို မယူဘို့ပဲ မဟုတ်လားတဲ့ ။ ဒါလောက်ဆို ရှင်းပီထင်ပါတယ်ရခိုင်အရေးအခင်း ဟာ ဘာသာရေးအရေးအခင်းမဟုတ်ပါဘူး နယ်မြေကျူးကျော်စော်ကားမှု့ပါ ။ ဘာသာရေးနဲ့ အမျိုးသားရေး ကိုဆွဲထည့်မှ ပြေလည်ကြ အနိုင်ရကြမယ် ထင်ကြလိုလုပ်နေခဲ့ကြတာ ။ အပြစ်မပြောလိုပေ မဲ့ ပြည်တွင်း မှာရှိတဲ့ရိုးသားမှန် ကန်တဲ့ မြန်မာမွတ်ဆလင်တွေကို အနေခက်စေတာဟာ နိုင်ငံတော် တိုးတက်ရေးကို
အနှောက်အရှက် ဖြစ်စေမှာပါပဲ ။ 


ဘာသာခြားတွေဟာ အင်အားစု မိရင် မူရင်းဘာသာဝင် နဲ့နိုင်ငံတွေကို တွန်းလှန်စော်ကား ခြင်ကြတာ ဓမ္မတာပါပဲ ။ တိုင်းပြည် မအေးချမ်းရင် နိုင်ငံ မတိုးတက်နှိုင်ပါဘူး ။ အကြမ်းဖက်တိုင်း အစ္စလာမ်လို့ပြောနေ ကြပေမဲ့ အစ္စလာမ်တိုင်းလဲ အစွန်းမရောက်ပါဘူး ။ အစွန်းရောက်လုပ်ရပ်တွေကို တိုက်ထုပ်ရမှာ အားလုံးမှာ တာဝန်ရှိသလို

ဦးဇင်းတို့လဲပါဝင်နေရမှာပါပဲ ။ ရိုးသားနားလယ်တဲ့ အခြားဘာသာဝင်တွေဟာ လူနည်းစုပဲ ရှိခြင်ရှိမယ် အားလုံးကို ၀ါးလုံးရှည်နဲ့သိမ်းကြုံးရမ်းမယ်ဆိုရင် ဗုဒ္ဓဘာသာဆန်နိုင်ပါမလား ဒါလားကွဗုဒ္ဓတရားတော် ဒါလားကွ ဗုဒ္ဓဘာသာနိုင်ငံတော်လို့ အပြောမခံရ စေခြင်တာ တခုထဲပါပဲ ။ ဦးဇင်းလဲကိုယ့်နိုင်ငံ ကိုယ့်လူမျိုး
ကိုယ့်ဘာသာအပြောက် အပျက်မခံနိုင်လို့ပြောဖြစ်တာပါပဲ ။ မှားတာမှန်တာ ဝေဖန်ဆန်းစစ်တဲ့ သဘောတော့ ရှိနေရမယ် ထင်ပါတယ် ။

အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
http://buddhagonyi.blogspot.com/
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email address ; aggadhamma.bdgy@gmail.com
Skype address ; aggadhamma73790698

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်