Thursday, 23 May 2013

ဧည့်သည်



လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်စရာဖော်မပါလာဘူး
ဥစ္စာမပါ လက်ဗလာ...။

ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်စရာဖော်မပါလာဘူး
ဥစ္စာကြီးမည် ကိုယ်လုံးတည်း...။


လာပြီးတော့ နာမသွားသေးခင် အချိန်ကလေးအတွင်းမှာ
ဝန်းကျင်ယှက်နွယ် နှောင်ကြိုးသွယ်ကြ
ပြုံး ရယ် မဲ့ ငို ချစ် မုန်း ပိုကြ...။

မလိုဒေါသ လိုလောဘနှင့်
ဘ၀ရိပ်မြုံ ကကြိုးစုံငယ်
ကံကုန်မိုးချုပ် လက်တွဲဖြုတ်က
သုတ်သုတ်စောလွယ် ခရီးနှင်သည်
တို့ နှယ် ဧည့်သည်တွေပါတကား...........။

(မင်းကွန်းဆရာတော်ဘုရားကြီး၏လင်္ကာ)

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်