Sunday, 23 June 2013

[ ထိုင်းနိုင်ငံ ၊မဟာချိုင် ၊စီပီအလုပ်သမားဆန္ဒပြထုပ်ဖေါ်အရေးပေါ်အကူညီလိုအပ်နေ ]


[ ထိုင်းနိုင်ငံ ၊မဟာချိုင် ၊စီပီအလုပ်သမားဆန္ဒပြထုပ်ဖေါ်အရေးပေါ်အကူညီလိုအပ်နေ ]
CPF 23- 6 - 2013 နေ့နံနက်၁၀နာရီခန့်မစတင်၍ စီပီအလုပ်ရုံသည်ထိုင်းနိုင်ငံတွင်ရုံခွဲပေါင်းများစွာရှိ၍အလုပ်သမား 
 ပေါင်းထောင်ချီရှိသောအလုပ်ရုံများဖြစ်ပါသည် ။ မြန်မာရွှေ့ပြောင်း အလုပ်သမားများစွာနှင့် ထိုင်းအလုပ်သမားလဲများစွာရှိပါသည် ။ ထိုင်းနိုင်ငံတွင်အနှံအပြားလုပ်ငန်းခွဲပေါင်းများစွာနှင့်စက်ရုံပေါင်းများစွာရှိပြီး
မြန်မာနိုင်ငံတွင်လဲကြီးမားသေားကြက်အစာစပ်စက်ရုံရှိသောကုမ္ပဏီကြီးလဲဖြစ်ပါသည် ။အလုပ်ရုံများစွာထဲမှ မဟာချိုင်မြို့တွင်ရှိသော CPF အလုပ်ရုံတွင်ယခုအခါ ပုဇွန်အလုပ်များမှာ ပုဇွန်ရရှိမှု့နည်းလာ သည်ကိုအကြောင်းပြ၍ အလုပ်ချိန်လျှော့ချခြင်း ၊ နားရက်အများလာခြင်းတို့ဖြင့်မြန်မာရွှေပြောင်းအလုပ်သမားများ၏ဘ၀ခိုင်မားရေးအားနည်းလာနေရပါသည် ။ထိုအခြေနေများတွင်အလုပ်ဖြုတ် အလုပ်ထုမ်မှု့များများလာပြီး ၊ အကြောင်းအမျိုးရှာ၍၀န်ထမ်းများဘ၀မှာခိုင်မာမှု့မရှိတော့ပဲစိတ်ဆင်းရဲနေ ကြရပါသည် ။ ထိုအခြေနေဆိုးများကိုကြံကြံခံ ၊ ကျားကန်လှုပ်ရှားနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ၊ ထိုင်း(ရှမ်း)စကားမတတ်ဟု ဆိုကာအကြောင်းရှာအလုပ်ထုတ်ခြင်းများဖြင့်ဒုက္ခရောက်နေကြရပါသည် ယခင်တစ်လခန့်က အလုပ်သမား၂၀၀နီပါးဖြုတ်အလုပ်ထုတ်ခဲ့ပါသည် ။ယခုအခါလဲအလုပ်သမား၂၀၀ကျော်ထပ်မံဖြုတ်လိုက်ပြန်ပါသည် ။
အထက်ပါအခြေနေများကြောင့် လက်ရှိအလုပ်ရုံတွင်းအလုပ်သမားများစုပေါင်း၍ အလုပ်သမားအင်အား၅၀၀ ကျော်ခန့်ဆန္ဒထုပ်ဖေါ် အလုပ်သမားအခွင့်ရေးများတောင်းဆိုလျှက်ရှိနေပါသည် ။ မြန်မာရွှေပြောင်းအလုပ်သမားများအဖွဲ့နှင့်မြန်မာကျောင်းသားဟောင်းများအဖွဲ့များလဲလာရောက်မေးမြန်းစုံစမ်းပေးနေကြောင်းကို ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေး(ထိုင်းနိုင်ငံ ၊မဟာချိုင်)အဖွဲ့မှ အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ်သွားရောက်တွေဆုံအားပေးကူညီခဲ့ကြောင်းသတင်းပေးတင်ပြအပ်ပါသည်။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့(ထိုင်းနိုင်ငံ၊မဟာချိုင်)

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်