Sunday 21 July 2013

“ ဗုဒ္ဓဂုဏ်ရည်မှာ ဗုဒ္ဓရုပ်ပွားတော်များ အလှုပေးနေသည် ”

http://www.facebook.com/buddhagonyipage?ref=h
“ ဗုဒ္ဓဂုဏ်ရည်မှာ ဗုဒ္ဓရုပ်ပွားတော်များ အလှုပေးနေသည် ”
http://buddhagonyi.blogspot.com/

ကိုဝင်းလွင် + မမိုးမိုး တို့က အဖြူရောင် အဖွဲ့ဆို ကာ တစ်ခါက ဗုဒ္ဓဂုဏ်ရည်သာသနာ စောင့် ရှောက် ရေးအဖွဲ့ ကိုလာရောက်လှုဒါန်း လိုကြောင်းဖုံးနှင်ပြောလို့လာရောက်ပီ ဗုဒ္ဓဂုဏ်ရည် အခမဲ့ ဇီဝိတဒါန ဆေးခန်းလေးကိုလာရောက် လှုဒါန်းဖြစ်ခဲ့ဘူးသည် ။ ဆွမ်းဆွမ်းဟင်းတွေ အစုံ နှင့်အဖွဲသားတို့ စုပေါင်းကာ လှုဒါန်းခဲ့ကြဘူးပါသည် ။ ဗုဒ္ဓဂုဏ်ရည် ဆရာတော် ထိုင်းကိုမကြွခင် က ဘုရားအဆူ(၅၀)လောက်လှုဒါန်း လိုကြောင်းဖုံးဆက်လာခဲ့သည် ။ ထိုင်းမှပြန်လာမှ စီစဉ်ကြရန်ဆွေးနွေး ဖြစ်ပြီး ဆရာတော်လဲထိုင်းကိုကြွဖြစ်သည် ။ရက်၄၀ နီးပါးကြမှ ထိုင်းပြန်ရောက်လာသော ဆရာတော်ထံ ရောက်လို့မှတစ်ပါတ်မပြည့်မှီဖုံးလာသည် ။ ထုံးစံအတိုင်း ဆွမ်း ၊ဆွမ်းဟင်းစုံလင်စွာ ၊ ၀ါဆိုသင်္ကန်းလဲပါ ၊ဘုရားအဆူ (၂၀)လဲပါလာရောက်လှုဒါန်းကြလေသည် ။ဗုဒ္ဓဂုဏ်ရည်ဆရာတော်မှ အလှုခံလိုသော သူတော်ကောင်း အပေါင်းတို့အားဖိတ်ကြားလိုက်ရာ ပျော်ရွင်ဖွယ်ရာ ဘုရားလှုဒါန်းပွဲလေး ဖြစ်သွားခဲ့သည် ။ ဆိုင်းမပါ ဗုံမပါ စိတ်ချမ်းသာစရာကောင်းလှတဲ့ အလှုပွဲလေးပင် ၊ ဗုဒ္ဓဂုဏ်ရည် ဆရာတော်ကလဲ ခရစ်ယာန်ရွာနားဆိုတော့ ဒီလောက်လိုလိမ့်မည်မထင်ခဲ့ပေ ။ခုတော နေရာအစုံရွာအစုံ ဆေးခန်းဖွင်ရက်မှားအားလုံးကိုလှုဒါန်းဖြစ်ခဲ့ပါသည် ။ ဆွမ်းပွဲအစုံထဲမှာ ငါးပုတ် ချောက်ကင် လေးကို သေသေခြာခြာမှတ်မှတ်ရရ ပါအောင် လှုဒါန်းဖြစ်ခဲ့ တဲ့ မမိုးတို့ မိသားစုအလှုပွဲလေးမှာ ဘုရား အလှုပွဲကြီး သဖွယ်ပျော်စရာအတိ မင်္ဂလာရှိပါပေ၏ လို့သာ ။

အရှင်အဂ္ဂဓမ္မ (နိက္ခမ)B.Sc(Zoology)
ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်