Wednesday, 31 July 2013

“ မြန်မာတွေနိုးကြားဖို့လိုပြီ ”

“ မြန်မာတွေနိုးကြားဖို့လိုပြီ ”

မြန်မာတိုင်ရင်းသားပိုင် လုပ်ငန်များနိုင်ငံတကာ သို့ထိုးဖောက်ဝင်ရောက် နိုင်စေရန်၊ လုပ်ငန်း ရှင် များအခြင်းခြင်း ချိတ်ဆက်ဆောင်ရွက် အောင်မြင်စေရန် ၊လုပ်ငန်စွမ်းဆောင် ရည်မြင့်မား လာပြီး ထုပ်ကုန်လုပ်ငန်းများ တန်ဘိုးမြင့်စွာ ဖြင့် အမျိုးသားစီးပွားရေး ဦးဆောင် တိုးတက် လာစေရန် ၊အမျိုးဘာသာသာသနာချစ်မြတ်နိုးသောလူငယ်များမှ အမျိုးဘာသာ သာသနာ တိုးတက်မြင့်မားရေး အထောက်ကူပြုရန်ဖွဲ့စည်းသော “ မြန်မာအမျိုးသားစီးပွားရေး အင်အားစု ကုမ္ပဏီလီမီတက် ” တစ်ခုဖွဲ့စည်း တည်ထောင်လိုက်ကြပါသည် ။
ကြွှရောက်လာသောဆရာတော်သံဃာတော်များအားဆွမ်းအစရှိသည့် ဒါန၀တ္ထုအစုစု ကို ကပ်လှုခြင်း ရုံးခန်းဖွင်ပွဲနှင့် ဘုရားအနေကဇာတင်ခြင်းတို့ ပြုလုပ်ကြ၍ ကြွရောက် လာသော မိတ်ဆွေများအား ကြက်သား ဒန်ပေါက်ဖြင့် တည်ခင်းဧည့် ခံကြပါသည် ။
“ မြန်မာအမျိုးသားစီးပွားရေးအင်အားစု ကုမ္ပဏီလီမီတက် ”၏ တာဝန်များ ယူကာ ထမ်း ဆောင် မည့်သူများက အမျိုးသားရေး ဦးဆောင်သော စီပွားရေး အဓိဌာန်များရွတ်ဆို ကတိပြု ကြပါသည် ။ ကြွရောက်လာသော ဆရာတော်များမှ ဟိတဓရ ဆရာတော် အရှင်ဝိမလာ ဘိဝံသ က သီလပေး ၊ သြ၀ါဒများမိန့်ကြားခြင်း ၊ တွံတေးမောင်းတီး ဆရာတော်မှ သြ၀ါဒ မိန့် ကြား ခြင်း ၊ သာဓုကျောင်း ဆရာတော် အရှင်ပဏ္ဏ၀ံသ(MA) မှ သြ၀ါဒမိန့် ကြားခြင်း ၊ အရှင် အဂ္ဂဓမ္မ (ဗုဒ္ဓဂုဏ်ရည်ဆရာတော်) မှ ကုမ္ပဏီတစ်ခု၏ ဆောင်ရန်ရှောင်ရန်များကို ဘ၀ အတွေ့ အကြုံများဖြင့်ရောလျှက် ရှင်းလင်းတင် ပြပေးခဲ့ပါသည် ။ ဆရာတော် အရှင်ဝိမလာ ဘိဝံသ က နောက်ဆုံးပိတ် ဆုံးမသြ၀ါဒ နင့်အတူမအောင်မြင်စွာဖွဲ့စည်း ၍ကြိုးစာစွမ်းဆောင် နိုင်ပါစေလိုကြောင်း တို့ကိုအမျိုးသားရေး ကိုအဓိကထား အောက်ဆုံးမှ သီးခံ ဆောင်ရွက်ပေးကြရန် မိန်ကြားခဲ့ကြပါသည် ။ အမျိုးသားရေး တိုးတက်သကဲသို့ ဘာသာ သာသနာ သည်လည်း တိုးတက်အောင် ဆောင်ရွက်နိုင်ကြသော သူတောကောင်းများ ဖြစ်ကြ ပါစေလို့သာ ဆန္ဒပြု မိပါတော့သည် ။

ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်