“အမျိုးဘာသာသာသနာ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့(ထိုင်းနိုင်ငံ) ၏ အလှုတော် ”
ဗုဒ္ဓဂုဏ်ရည်ဆရာတော်အရှင်အဂ္ဂဓမ္မ ဦးဆောင်၍ အမျိုးဘာသာအတွက် အသက်ပေး လျှင် ပေးရပါစေ ဆိုသောစိတ်ထားဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ် သမားများက စုပေါင်းကာ ကြိုးစားဖွဲ့စည်းထားသော အဖွဲ့လေးကို ၁၆ - ၆ -၂၀၁၃ နေ့တွင် သီလယူ သြ၀ါဒခံ ၊ အမျိုချစ် အမျိုးစောင့် သစ္စာဓိဌာန်များ သီဆိုကြကာ အောင်မြင်စွာ ဖွဲ့စည်း နိုင်ခဲ့ကြပါသည် ။ စိတ်ဓါတ်ရင့် ကျက် ကြ သကဲ့ သို့  လုပ်ရပ် ထက်မျက်ကြ သူများဖြင့် ဖွဲ့စည်းခဲ့သော အမျိုးဘာသာ သာသနာကာကွယ် စောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ခေါင်းဆောင်ဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပေသည် ။
အဖွဲ့ဝင်များကလည်း စည်းလုံးညီညွတ်စွာ အမျိုး သားအဖွဲ့ အမျိုးသမီးအဖွဲ့ အတွင်းစည်း အပြင်းစည်း စောင့်ရှောက်ရေးစည်း များဖြင့် စည်းသုံးတန်တားကာ မြန်မာနိုင်ငံတော် သူကျွန်ဘ၀က လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံတွင် ရဲဘော် သုံးကျိတ် သွေးသစ္စာသောက်ခဲ့ကြသလို သစ္စာရေသောက်၍ ထိုင်နိုင်ငံ မဟာချိုင်မြို့ တွင်ဖွဲ့စည်ခဲ့ကြပေပြီး ။ ဖွဲ့စည်းသည့်နေကစ၍ ဘာသာရေး သာသနာရေး အမျိုးသားရေးများကို အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင် ရွက် နေကြ ပြီဖြစ်ပေသည် ။
အထူးအလှုတော်အဖြစ် အမျိုးဘာသာသာသနာ ကာကွယ်စောင်ရှောက်ရေး အဖွဲ့ သားများကဆင်းရဲသော မြန်မာလူမျိုးများနေထိုင်ရာ ကျေးရွာများသို့ ရွှေပြောင်းမြန်မာ အလုပ်သမားများထံမှ အ၀တ်အထည် များ အလှုခံ၍ ဗုဒ္ဓဂုဏ်ရည်ဆရာတော်မှတဆင့် ဆက်လက်လှုဒါန်းနိုင်ပါရန်ပေးပို့ လိုက်ပါသည် ။ ဗုဒ္ဓဂုဏ်ရည် ဆရာတော်အနေနှင့်လဲ လူမျိုးမရွေးဘာသာမရွေးပေးလှုမှာဖြစ်ပါသည် ။ အထူးအားဖြင့် ငွေကြေးနှင့် ဘ၀ကိုပေးဆပ်၍ ဘာသာပြောင်းသွားကြရသောသံသရာနှင့်လဲလောက်အောင် ဆင်းရဲသော တခါက ဗုဒ္ဓဘာသာဝင်များဖြစ်ပီး ယခုအခါ အခြားဘာသာဝင်များ ဖြစ်နေကြ ရ သည့် ဆင်းရဲသော လူပုဂ္ဂိုလ် မည်သူမဆိုအဓီကရှာဖွေ ပေးအပ် လှုဒါန်း မှာဖြစ်ပြီး ဘာသာပြန် လည်ပြု ရေးမဟုတ်ပဲ မေတ္တာသက်သက် နှောင်ကြိုးမဲ့ကုသိုလ်ဖြစ်ရေးအတွက် ပေးဆက် လှုဒါန်းမည်ဖြစ်ပါသဖြင့် လိုအပ်ပါက ဆက်သွယ်နိုင်ပါကြောင်းနှင့် ကြိုးစားရှာ ဖွေ လှုဒါန်း ပေးမည်ဖြစ်ကြောင်း အထူးဖိတ်ကြားကြိုးစာပေးမည်ဖြစ်ပါသည် ။
အရှင်အဂ္ဂဓမ္မ (နိက္ခမ)B.Sc(Zoology)
ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

No comments:
Post a Comment