Sunday 25 August 2013

“မေးလို့ဖြေတာစေတနာ ပညာဖြစ်ကြပါစေကွယ်”

Thein Htike Aung

အ ရှင် ဘု ရား နေ ကောင်း ပါ သလား

တပည့် တော် နံ မည် က သိန်း ထိုက် အောင် ပါ

ခု မ လေး ရှား မှာ အလုပ် လုပ် နေ ပါ တယ်

အ ရှင် ဘု ရား ရဲ့ စာ တို ပေ စ လေး များ ကို ဖတ် ဖူး ပါ တယ် ကြိုက် လည်း ကြိုက် ပါ တယ်

တပည့် တော် လည်း ဗုဒ္ဓ ဘာ သာ ဘာ ပဲး

ဒါ ပေ မဲ့ တပည့် တော် က ဘာ သာ ရေး မှာ အား နည်း ပြီး ဗဟု သု တ လည်း အင် မ တန် နည်း ပါ တယ်

ဒါ ကြောင့် တပည့် တော် သိ့ချင် တာ လေး မေး ပါ ရ စေ ခင် မျာ

အဲး ဒါ က ဘာ လဲး ဆို တော့ ဘာ သာ ခြား သူငယ် ချင်း များ က တပည့် တော် ကို မေး ဘာ တယ် လူ ဟာ ဘယ် က စ ဖြစ် ပါ သလဲး တဲ့

အဲး တာ ကို သိ့ချင် ပါ တယ် အ ရှင် ဘု ရား

ပြီး တော့ ဟော ဒိ စကြာဝဋ္ဌာ ကြီး ဟာ အမြဲး တမ်း တည် ရှိ နေ ပြီး သား လား ဖန် ဆင်း လို ရှိ နေတာ လား ဆို တာ ကိုပါ သိ့ချင် ပါ တယ်

ဘယ် အ ချိန် ထိ တည် ရှိ နေ ပြီး ဘယ် အ ချိန် မှာ ပျက် စီး မှပါ လည်း လို့ လည်း သိ့ချင် ပါ တယ် အ ရှင် ဘု ရား

အ ရမ်း ခက် ခဲး လို့ မ ဖြေ ချင် လည်း ကိစ္စ မ ရှိပါ ဘူး ဘု ရား

တပည့် တော် ရဲ့ ဘာ သာ ခြား သူငယ် ချင်း များ ကို ပြန် ဖြေ ချင် တဲ့ ဆန္ဒနဲ့ မေး ရ တာ ပါ

ရို သေ စွာ ဖြင့်

သိန်း ထိုက် အောင်

မောင်သိန်းထိုက်အောင်
မင်္ဂလာပါနော် အခုထိနေကောင်းစဲပါကွယ် ၊အလုပ်တွေအဆင်ပြေရဲလား ပြသနာတွေဖြစ်နေတော့ အရာရာသတိထားပါနော် ။ ဗဟုသုတနည်းရင်စာ ဖတ်ပေးရတယ် မိတ်ကောင်းဆွေကောင်းပညာတတ်နဲ့ပေါင်းရတယ် ။ ဘာသာတရားထက်အသိတရားကပိုအရေးကြီးပါတယ် ။
လူဟာဘယ်ကစဖြစ်သလဲလို့မေးတဲသူဟာ လူဆိုတဲ့ အကောင် ကို အဖြစ် တရားကကြည့်ရင်သိနိုင်ဘို့ကမလွယ်ပါဘူး၊ ကိုယ်ဒိကိုယ်ကောင်လေ တောင်မလွယ်ရင် စက်ကြာဝဠာဆိုတာမပြောနဲ့ပေါ့ မမှီတဲ့မသိတဲ့အရာကိုစဉ်းစားရင် ပင်ပန်းဆင်းရဲရတာပဲအဖတ်တင်မှာပေါ့ ။နှစ်သန်းပေါင်းမြောက်များစွာကရှိနေတာကိုအဖြစ်ကိုလဲမပြောနိုင်သလို ဘယ်တော့ပျက်မလဲ မခန့်မှန်နိုင်ဘူး ။ ဘာသာခြားကျမ်းတွေမှာတော့ ဖန်ဆင်းနိုင်သူက ဘယ်ကပေါ်လာမှန်းမသိရပဲဖန်ဆင်းခဲ့တာနှစ်ပေါင်း ၄၀၀၄ နှစ်ကစတယ်လိုဆိုထားပါတယ် ငြင်းစရာတွေအများကြီးနဲ့ ဘယ်တောပျက်မလဲဆိုတော့ ခုပျက်မယ်တောကြာပျက်မယ် ဆိုတဲ့ ချောက် လုံးလှန့်လုံးတွေနဲ့သူတို့ဘာသာထဲဝင်အောင်သွေဆောင်နေကြတာတော့ ကြားနေသိနေရတယ် ။
ဗုဒ္ဓဘာသာရဲ့အမြင်က ဘယ်အရာမဆို အကြောင်းမဲ့မဖြစ်ဘူးလို့လက်ခံထားပြီး ရရှိနေမယ့် ၊အကြီုးတရားကလဲ ဘယ်တော့မှ မဲမြဲဘူး ၊ဒါကို အနတ္တလို့ပဲ ဓမ္မသဘောအရမြင်လိုက်တယ် ။
ပုဂ္ဂိုလ်သတ္တ၀ါက်ုအစိုင်အခဲ့အရှိတရားလို့လက်မခံပဲ ၊အဖြစ်တရားအဖြစ် အနိစ္စလို့လက်ခံတယ် ။ ကိုယ်မပိုင်မဆိုင်တဲ့ဓမ္မသဘောကို အနတ္တလို လက်ခံပြီး၊ ပိုင်ခွင့်မရ မမြဲတာကို ဆင်း၇ဲ ဒုက္ခလိုယူတယ် ။ ဓမ္မသဘောတွေကို ငါသူကမ္ဘာ လောက လက်ခံနေကြလို့ ။ ပုဂ္ဂိုလ် သတ္တ၀ါ အဖြစ် အမိုက်မှောင်ဖုန်းတာကို အ၀ိဇ္ဇာလို့ဆိုတာပေါ့ ။ မသိလို့မိုက်တာ မဲတာ ၊မှောင်တာပေါ့ ။မမြဲတာကို ပိုင်ခြင်တာကတဏှာပဲလေ ။မသိလို့လိုခြင်၊လိုခြင်လိုအားထုပ် ၊အားထုပ်တော့ဆင်းရဲ ၊ရရှိပြန်တော့ မမြဲ ၊ မမြဲတော့ဆင်းရဲ့ ၊မမြဲလိုထပ်ရှာ ၊လုံးခြာလိုက်နေတာကို ၀ဋ် လို့ခေါ်တာ ပေါ့ဝဋ် လည်နေတာ သံသရာပဲလေ ။ဘာကြောင့်လဲ ဆိုတော့ စွဲနေလို့ မသိစွဲ စွဲရင်း ၀ဋ် အတွင်းကမလွှတ်ကင်းတာပါပဲ ။
ဒီလိုဆိုရင်နောက်ပြန်ကောက်ကြည့်လိုက် ။ သိအောင်လုပ် ငြိမ်းအောင်နေ မမြဲတရားကို အစွဲမထားပဲ သဘောတရားကိုသိအောင် ကြည့်  ။သိရင်သစ္စာ
လွတ်မြောက်တာကို ဘ၀တန်ဘိုးအဖြစ်ဗုဒ္ဓက ဒုက္ခကင်းသူကို အရိယာ လိုပဲ ပြောလဲပြော လျှောက်လဲလျှောက်ခဲ့တယ်လို့ ဒီလောက်ပဲနားလယ် ပေးနော်
နောက်တခါ အများကြီးသိသလောက်ရှင်းပြပေးမယ်
လိုသေးရင်လဲနားလယ်ခွင့်လွတ်ပေးနော်

ဘုန်းဘုန်း အရှင်အဂ္ဂဓမ္မ (ဗုဒ္ဓဂုဏ်ရည်)

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်