Saturday 14 September 2013

“ စေတနာမှန် သောမေတ္တာ (၁)”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ စေတနာမှန် သောမေတ္တာ (၁)”
https://www.facebook.com/buddhagonyipage?ref=hl

ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာကိုကူးပြောင်းခဲ့သူ ခရစ်စတင်းမခင်ပန်းလို့ခေါ်ပြီး ခရစ်ယာန်လောကမှာလဲထင်ပေါ်အောင်ဆောင်ရွက်ခဲ့ပြီးဗုဒ္ဓဘာသာ ဘ၀မှာလဲ ငြိမ်းချမ်းအောင် အတိုက်အခိုက် လောကဓံကိုကြံကြံခံ ၀ိပဿနာညာဏ်ဖြင့် ဖြေရှင်းနေထိုင်သော သီလှရှင် ဆရာလေးဒေါ်ခေမာ ထံကို ဗုဒ္ဓဂုဏ်ရည်ဆရာတော် ၀ါတွင်းကာလ၀ါပန်ပြီးခရီးထွက်ရင်း တွေဆုံလှုဒါန်းဖြစ်ခဲ့ပါတယ် ။
မာဃဒေ၀မိသားစုဖြစ်တဲ့ မဟာသုဒဿန သင်္ကန်းတိုက်ပိုင်ရှင် ဦအ၀ှီး + ဒေါ်မာလာဝင်းတို့ ဆက်ကပ်ပေးလှုလိုက်သော သီလှရှင်ဝတ်စုံအညို တစ်စုံနှင့် အတူ ဗုဒ္ဓဂုဏ်ရည်ဆရာတော်မှ န၀ကမ္မ၀တ္ထုငွေ ၃၀၀၀၀/ိ သုံးသောင်းကျပ် ၊ကိုထွန်းထွန်းသော် +မကေကေခိုင် (မြိုင်သာယာ) တို့မှ ၂၀၀၀၀/ိနှစ်သောင်းကျပ်တို့ကို မကျမ်းမာလို့ဆရာလေးနေထိုင်ရာ တောင်ငူမြို့ ဆက်သွယ်ရေးဝင်း အတွင်းသွားရောက်လှုဒါန်းဖြစ်ခဲ့ပါတယ် ။ သူဘ၀သူ့ဇာတ်လမ်းကိုလဲ မေတ္တာရှင်ဆရာတော်ထံ ခွင့်ပန်ပြီးရင် တင်ပြဆွေးနွေးကြဖို့ ညှိနိုင်းဖြစ်ခဲ့ကြပါတယ် ။ ဆရာလေးဒေါ်ခေမာလဲ လျှင်မြန်စွာ ကျမ်းမာပျော်ရွင်၍ ငြိမ်းချမ်းသောနိဗ္ဗာန် နှင့် အေးချမ်းသောဘ၀ ထာဝရပိုင်ဆိုင်နိုင်ပါစေ ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်