https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ဘာသာပေါင်းစုံညီညွှတ်ရေး အတွေးအမြင် ”
https://www.facebook.com/buddhagonyipage?ref=hl
ခေတ်မှီတိုးတက်သောနိုင်ငံတော်ကြီးဖြစ်ဖို့ပြုပြင်ပြောင်းလဲမှု့တွေလုပ်နေတဲ့အချိန်မှာတကယ်ကိုအရေးတကြီး လိုအပ်နေတာလဲအမှန်ပါပဲ ။ တကယ်ဖြစ်မှာလား တကယ်လုပ်ကြမှာ လား။ မြန်မာနိုင်ငံအတွင်မှာဖြစ်ပေါ်နေတဲ့ပြဿနာပေါင်းစုံကို ဘာသာပေါင်းစုံညီညွတ်ရေး ကြောင့် ငြိမ်းချမ်းရေးကိုဖြစ်ပေါ်စေနိုင်တယ်လို့ ဘယ်လိုယူဆမိတာလဲ ဘယ်သူကဖြစ်ခြင် နေတာလဲ ။ ခဏလေးသွေးအေးသွားယုံလေးတင်လား စဉ်းစားစရာတွေအများကြီးပါ ။ နိုးကြားလာတဲ့ အမျိုးသားရေးစိတ် ဓါတ်ကလေးကို ရေလောင်းပေါင်းသင် အကောင်းမြင်ပြုပြင် ကြမယ်ဆိုရင် တိုင်းပြည်တိုးတက်ဘို့လမ်းစ ဖြစ်နိုင်ပါလျှက် အပူပေးရေ နွေးလောင်းလို့မ ကောင်း ကြံလိုသူတို့ရဲ့ ပျားရည်နဲ့ဝမ်းချတဲ့သဘောမျိုး မဖြစ်ဖို့အများကြီးလိုအပ်လှပါတယ် ။
ငြိမ်းချမ်းမှု့ကို တကယ်လိုခြင်ကြလား interfaith dialoge အင်တာဖိတ်ဒိုင်ရာလော့ဆိုတာ လောက်နဲ့ ပီးသွားမှာလား ။ ဗလီထဲမှာဆွမ်းကပ် သင်္ကန်းကပ် လောက်နဲ့ပြေလယ်သွား ကြပြီလား ။ အမျိုး သား ရေးနာကျင်မှု့တွေ လုံးဝပြောက်ကွယ်သွားမယ်လား အပေါ်ပိုင်းက လူကြီးပိုင်းက ဖြစ်ခြင်နေကြတာလား ၊ ဆက်စပ်နေတဲ့ပြည်သူ့ခံစားချက်ကို နားထောင်ဖြစ် ကြပါရဲ့လား နားလယ်နိုင် ပါမလား ။ လူကြီးပိုင်း အခြင်းခြင်း ဆွေးနွေးမှု့တွေဟာ ဒီမိုကရေစီ ဆိုတဲ့ခေတ်မှာ ဖြစ်နိုင် ပါမလား ။ ဟန်ဆောင်မှု့တွေဖုံး လိမ်ညာမှု့တွေသုံးကြမယ့် အတွေး တွေ နဲ့ ဆေးချယ်လို့ ရနိုင် ပါမလား ဒဏ်ရာတွေက အတိုင်းသား မြင်နေရတယ်နော် ။
တကယ်ပွင့်လင်း မြင်သာမှု့ ရှိတဲ့ ဆက်ဆံရေးလား ၊ မတူတာတွေဖယ်ထား တူတာ တွေနဲ့ သွားမယ်ဆိုတာလူ ကြားကောင်း ကောင်း ကြားနိုင်ပေမယ့် ရှေမှာတော့ ပြုံးပြုံး နောက်ကြမှ နောက်ကြောဓါးနဲ့ အထိုးခံရမယ့် အရေး သေသေချာချာ စဉ်းစားကြဖို့ တကယ်ကိုလိုအပ်လှ ပါတယ် ။
ပုဂ္ဂိုလ်ရေးနားလယ်မှု့တွေဟာ သဘောတရားရေးရာ နားလယ်မှု့မဟုတ်ကြပါဘူး ။
လူခြင်းပေါင်းလို့ရနေပေမယ် အခြေခံ ခံယူချက်တွေ ကွာဟနေရင် မျှော်မှန်းထားတဲ့ ရည်မှန်း ချက် တွေကို မရောက်နိုင်ပဲ ခေတ္တပြေလယ်မှု့သာပေးစွမ်းမယ်ဆိုရင် တကယ်အောင်မြင်တဲ့ ခေတ်သစ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီကို အရောက်လှမ်းနိုင်မှာ မဟုတ်ပါဘူး ။ အင်တာ နေရှင်နယ်တွေ ပြောနေကြပီး ၊ နေရှင်နယ်သဘောကို မသိနားမလယ်ရင်လဲ မဖြစ် နိုင် ပါဘူး ။ လူအခွင့်ရေးတွေတွင်တွင် ဆိုနေပေမဲ့ အမျိုးသား အခွင့်အရေး ၊ ဗုဒ္ဓဘာသာ အခွင့်အရေးဆိုတာ မရှိရတော့ဘူလား စဉ်းစားမိတာပါ ။ ကူဝိတ် ဆော်ဒီ အာဖဂန် အီရတ်စတဲ့ နိုင်ငံတွေမှာ ဗုဒ္ဓဘာသာ ဘုရားတွေကျောင်းတွေ ရှိလိုလား ထားခွင်ရှိလို့လားနေထိုင်ခွင့် တွေ ရရှိပါရဲ့လား ဟိုးရှေးကတိုင်း ရှိခဲ့တဲ့ ဘာမီယန် ဗုဒ္ဓရုပ်ပွားတော်ကြီးမျိုးကိုတောင် ယူအန်(UN) လို့ခေါ်တဲ့ ကမ္ဘာ့ ကုလသမဂအဖွဲ့ကြီးက မဖျက်စီးနိုင်ပါရန် တားဆီးလို့ရခဲ့ ပါရဲ့လား ။
ဗုဒ္ဓဘာသာတွေကသာ မေ့ခြင်မေ့နေကြမယ် အခြားဘာသာတွေကတော့ အမိန့်တော် အတိုင်း ဆိုသလို နေနေစားစား သွားသွားလာလာ တာဝန်ပါနေကြတာပါ ။ ဘာလို့လဲဆိုတော့ အခြေခံမတူတဲ့ ဘာသာရေးစနစ်က ပိုင်းခြားထားလို့ပါ ။ ကမ္ဘာ့ နိုင်ငံ အသီးသီးဟာ သူနည်း သူ့ဟန်နဲသူ အတ္တကိုအခြေပြုတဲ့ ဖန်ဆင်းရှင်ကို ကိုးကွယ်တကဲ နိုင်ငံတွေ ချည်းပါပဲ ။ ကယ် တင် ရှင် မျှော်လင့်တဲ့ နိုင်ငံတွေနဲ့ ၊ ဖန်ဆင်းရှင်ရဲ့ တစ်သွေးတစ်သံ အမိန့် တွေကို ကိုယ်နား လယ် သလို ကိုယ်လက်ခံခြင် သလို ယူထားကြရင်း ရန်မီးမငြီမ်း တစ်ဂျိမ်းဂျိမ်းနဲ့လက်စမသိမ်း အမုန်း တွေနဲ့ မီးခိုးလုံးတွေ ဖုံးနေကြရတာပါ ။ အနုမြူလက်နက်တွေနဲ့ ခြိမ်းချောက် ၊ ဓါတု လက်နက် တွေနဲ့ပစ်ပေါက်ဖြစ်နေကြရတာပါ ။
အကြောင်းအကြိုးကို မဆင်ခြင် ကိုထင်တာကိုယ်လုပ် သူတစ်လူ ငါတမင်း မာန်ဆောင် တွေ တင်းနေတဲ့ လောကကြီး ထဲမှာ လိုအပ်နေတာကလဲ အဲဒီအားလုံးသော ငြီမ်းချမ်းရေးပါ ။ ကမ္ဘာကလဲလိုအပ်နေသလို မြန်မာနိုင်ငံမှာလဲ ဖြစ်သင့်တာမှန်ပေမယ့် နိုင်ငံရေးသမိုင်း စနစ် ဆိုးကြီးတွေ ဖြတ်သန်းခဲ့ရတဲ့ သွေးနုသားနု ဒီမိုကရေစီ နိုင်ငံသစ်ကလေးဟာ ကျမ်းမာရေး ကောင်း မကောင်း အရေးတကြီး စောင့်ကြည့် နေရသလိုပါပဲ ။ ကိုလိုနီစနစ်ဆိုးရဲ့ သမိုင်းအမွေ အဖြစ် ကျန်ရစ်နေခဲ့တဲ့ ခရစ်ယာန်ဘာသာ ကြောင့် ကေအန်ယူ ရဲ့ ပြည်တွင်ြး့ပဿနာတွေ မီးမငြီမ်းခင် ၊ ကချင် ကေအိုင်အေ ကေအိုင်အို ကလဲ အခုမှ ပိုဆိုးနေကြတာပါပဲ ။ ဒါတွေဟာ ဘာသာတရားရဲ့ အခြေခံနားလယ်မှု့ လွဲမှားအောင်သပ်လျှို မှိုင်းသွင်းခံခဲ့ခြင်းရဲ့ သမိုင်း လက် ကျန် အဖြစ်ဆိုး တွေပါပဲ ။ အစ္စလာမ်ဘာသာနဲ့ပါတ်သက်လို့ ကိုလိုနီစနစ်ရဲ့ အမွေဆိုးနဲ့ ရောလျှက်ခဲ့တဲ့ ပါလီမာန်ခေတ်က မဲရရှိရေးကို အကြောင်းပြု လူဦးရေပိုမိုမောက် ၀င်ရောက် ခဲ့ကြတာ ယခုထိလဲ ထိုးဖေါက်နေဆဲ အစ္စလာမ် အင်အားကြီးထွားမှု့ပြဿနာဟာ နိုင်ငံ တကာ နဲ့အတူ ရင်ဆိုင်နေရဆဲ မြန်မာနိုင်ငံသစ်ရဲ့ မျက်နှာစာဟာ ကမ္ဘာအလယ်မှာ ဗုဒ္ဓ ဘာသာကို အကြမ်းဖက် ဘာသာဖြစ်အောင် မီဒီယာစနစ်ကို အသုံးခြ သူတို့အင်အားများ လာလို့ သွေးဆောင် စော်ကားခံခဲ့ရ ခြင်းအဖြစ်တွေကို ဒီကနေ့ မြင်တွေ့နိုင်ပါတယ် ။
အိမ်းတွင်းပြဿနာဖြစ်တဲ့ အဖေနဲ့ အမေမတည့် မတည့် ၊ ညီအကိုမောင်နှစ်မခြင်း မတည့်မတည့် ၊ ဖအေနဲ့သား မအေ နဲ့သမီး မတည်မတည့် ၊ မတည့် အတူနေတဲ့ မိသားစု ဟာ ကြီးပွားတိုးတက်မှု့နှောင့်နှေး နှေးကွေး စေတာတော့ အမှန်ပါပဲ ။ ပျက်စီးဖို့ လမ်းစဆီကို ဦးတည်သွား နေကြတာတွေပါပဲ ။ ဒိလိုဆိုရင် လိုအပ်ချက်ဖြစ်နေတဲ့ ဘာသာစုံငြိမ်းချမ်းရေးကို ဘယ်လိုပုံစံနှင့် သွားကြမလဲ ။ မေတ္တာထားနိုင်ကြပါမလား ။ စစ်မှန်တဲ့မေတ္တာဟာ သတ္တ၀ါ အနန္တအတွက် ဖြစ်နိုင်ပါ့မလား ။ အားလုံးသောလောကကြီးငြိမ်းချမ်းဖို့ဆိုရင် တစ်ဦးကို တစ်ဦး အကျိုးလိုလားတဲ့စိတ် ရှိမှလဲဖြစ်နိုင်ကြမှာပါ ။ တစ်ဦးကိုတစ်ဦး စာနာထောက်ထားတဲ့စိတ် ရှိမှလဲဖြစ်မှာပါ ။ တစ်ဦးလုပ်ရပ်တွေကိုတစ်ဦးကကျေနပ်လက်ခံဝမ်းသာနိုင်မှဖြစ်ကြမှာပါ ။ တစ်ဦးကို တစ်ဦးနားလယ်ခွင့်လွှတ်တဲ့စိတ်ရှိမှလဲဖြစ်မှာပါ ။ လူသားတစ်ဦးခြင်းစီရဲ့ နှလုံးသား အေးချမ်းရေးကိုရှေ့တန်းတင်နားလယ်နိုင်ကြပြိး လောဘ ဒေါသကင်းနိုင်တဲ့ ပညာပြည့်ဝမှ သာအဆင်ပြေကြလို့သာတွေးမြင်မိပါတော့တယ် ။ အမှန်တကယ် စခန်းပေါက် လှမ်းရှောက် ရင်းငြီမ်းချမ်း မေတ္တာပန်းတွေ ပွင့်လမ်းကြလျှက် ဘာသာစုံငြိမ်းချမ်းရေးဆီသို့ ချီတက်နိုင်ကြ ပါစေ ။
သတ္တ၀ါအနန္တ ချမ်းမြအေးကြည် ဘေးမသီကြပါစေနှင့် မေတ္တာအနန္တဖြင့် ။
ဗုဒ္ဓဂုဏ်ရည်ဆရာတော် အရှင်အဂ္ဂဓမ္မ(နိက္ခမ)
— with အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး ထိုင်းနိုင်ငံ and 56 others.“ဘာသာပေါင်းစုံညီညွှတ်ရေး အတွေးအမြင် ”

No comments:
Post a Comment