Friday 27 September 2013

“ဗုဒ္ဓဂုဏ်ရည်ဆရာတော် မကြည့်ဖြစ်ပါသော်လည်းဖြစ်တတ်ပါသည် ။ ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ဗုဒ္ဓဂုဏ်ရည်ဆရာတော် မကြည့်ဖြစ်ပါသော်လည်းဖြစ်တတ်ပါသည် ။ ”
https://www.facebook.com/buddhagonyipage?ref=hl

ဗုဒ္ဓဂုဏ်ရည်ဆရာတော် အရှင်အဂ္ဂဓမ္မက မြန်မာ့နိုင်ငံရေးနှင့် ဘာသာရေးအမြင် သမိုင်း ကို ထင်ဟပ် တာတွေ ရေးတယ်တင်တယ် အချို့ကိုဆွေးနွေးမှတ်တမ်းတင်ပါတယ် ။ သဘော မတူသူတွေ အမြင်မတူတဲ့သူတွေ က မုန်းကောင်း မုန်းနိုင်သလို ကျေနပ်တဲ့သူတွေကလဲ ခင် ကောင်း ခင်နိုင်ပါတယ် ။ ဒါကြောင့်ဗိုင်းရပ် တွေထည့်ကောင်းထည့်နိုင်ပါတယ် ။ သိုသော် ဗုဒ္ဓ ဂုဏ် ရည်ဆရာတော် အရှင်အဂ္ဂဓမ္မ ရဲ ဓမ္မသဘောကတော့ မပြောင်းလဲနိုင်ပါဘူး ။ တက်ကြိုး ရင် လက်ထိုးလှော်မယ် အရုံးမပေးသလို အနိုင်မယူပါဘူး အမှန်ဘက်ကတော့ ရပ်တည်ပါမယ် ။ အများအမှန်ကို မပြောလိုပါ ဘုရားအမှန်ဖြစ်အောင် ကြိုးစားလုပ်ဆောင်နေမှာပါ ။ ကြိုက်လို့ လုပ်နေတာမဟုတ်သလို ကြောက်လို့ရပ်သွားမယ့်သူထဲမှာ မပါပါဘူး ။
ဒီကနေအဖြစ်က စိတ်မကောင်းစရာပါ ။ ပို့တစ်ခုတင်အပြီးမှာ ကျောင်းနားက ဗမာရေ သိုး ရွာက တိုက်အုပ်ဆရာတော် အင်တာနက် လိုင်းမကောင်းလို့ ဆိုပြီး ရောက်လာကာ သူ ဖုန်း တပ်ပြီး ခဏသုံးပါတယ် ။ ဒကာမရင်းတစ်ယောက်က ကျောင်းကိုအလယ် ရောက်ခြင်လို့ အလယ်ခဏလာရင်း လောကရဲ့သောကတွေ မျှဝေခံစား ပေးနေတုံး ဆရာတော်ဘာတွေ သုံး သွားတယ် ဘာတွေ ကြည့်သွားတယ် သတိမထားမိပါဘူး ။ အော်စီက ကိုတေဇာအောင် က ဘုန်းဘုန်းထဲ ဗိုင်းရပ်ဝင် နိုင်တယ်ဆိုပီး စေတနာနဲ့ ဆိုလာပါတယ် ။
ဆက်ဆီ (Sexxy) ဆိုက် တစ်ခုကိုလင့် ချိတ်ခံရတယ် ဆိုပီးသတိပေးတော့ ။ မလုပ် ကြောင်း မသိကြောင်း စေတနာနဲ့ စိတ်ပူတာကို ရှင်းပြရင်း ဒါမျိုးက ပြန်ရှင်းတာ ကောင်းပါ တယ် ဘုရားဆိုလို့ပါ ။ ပေါ်လာတာကြည့်ဖြစ်လိုက်တယ်ဆိုသော်လည်း ၊
အမှတ်တမဲ့ ဆိုပေမယ့် ရဟန်းတွေနဲ့ မအပ်စပ်တာမလုပ်သင့်ပါ ။ ဒါပေမယ့် ဖြစ်တတ် ပါ သည် ။ ကိုယ့် တာဝန် ကိုယ်ယူတဲ့ စိတ်နဲ့တင်ပြအပ်ပါသည် ။ ကိုတေဇာအောင် ပြောလို့ ပြန်ဖျက်ခွင့် ကလေးရလိုက်ပါသည် ။ အများအမြင် ရှင်းစေရန် နှင် ကိုတေဇာအောင်ကြီး ကို လည်း အထူးကျေးဇူးတင်သလို လိုအပ်သလိုကူညီစောင့်ရှောက်တတ်သော ဓမ္မမိတ်ဆွေများ ကို မျှော်လင့်မိပါသည် ။ တစ်ကောင်ထဲ ခြင်္သေ့စိတ်နဲ့ ရုန်းကန်နေရ ပါသည် ။ တောထဲ နေပေ မယ့် အမျိုးဘာသာ သာသနာအတွက် ကမ္ဘာ ပါတ်သင့်ပါတ်ရမည် ဖြစ်ပါသည် ။ ခန္ဓာ သစ္စာ ဓမ္မ အတွက်တော့ တစ်ရက်ကလေးတောင် အသက်ပေးရှင်ဘို့ရန် ဆန္ဒ မရှိလိုပါပါ ။ သတ္တ၀ါမှန် သရွေ့ တရားတွေ ငြိမ်းချမ်းကြပါစေ ။

ဗုဒ္ဓဂုဏ်ရည်ဆရာတော်အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်