Saturday 14 September 2013

“ မောင်သွေးချွန် နှင့်ဗုဒ္ဓဂုဏ်ရည်ဆရာတော် ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ မောင်သွေးချွန် နှင့်ဗုဒ္ဓဂုဏ်ရည်ဆရာတော် ”
https://www.facebook.com/buddhagonyipage?ref=hl

မောင်သွေးချွန် ဆိုတာ သာစည်က ဦးပန်ကာသား ကိုမြင့်စိုးဆိုမှသိကြတယ် ၊မဟာ ဗောဓိမြိုင် ဆရာတော် ဘုရား ကြီး က နကိုချွန်လို့ ခေါ်တဲ့ စာရေးဆရာ ၊ ဝေဖန်ရေးဆရာ ၊ ကဗျာ ဆရာ ၊ ဧည်ဒီတာ ၊ စာ တည်းချုပ် အလုပ်အလွန်ရှုပ်နေတတ်တဲ့သူ ၊ အရင်က ကွန်မြူ နစ်လိုလို အခုတော့ ဘာသာ တ ရား နဲ့တွေ့ အဘလဲ မမေ့ ၊ ဘ၀လဲ မမေ့ ၊ တစ်နေ့တစ်နေ့ တရားထိုင် ပုတီးစိတ် ၊ ဂျာနယ် မဂ္ဂဇင်း လေးစောင် လောက်ကို တာဝန်ကျေအောင် ထမ်း ၊ စာမူကမ်းလှမ်းသူတွေ လက်မ လည် အောင် ရေး ၊ တစ်ရေးမှ မအိပ်နဲ့ဆိုလဲဖြစ်တဲ့ သူ ၊ ဒေါသ ထူတာကတော့ သူမှန်တယ်ထင်ရင်အလျှော့မပေး တတ်တဲ့သူမာန ၊ ၀င်လာ သမျှ မိတ်ဆွေတွေ ပြေလည်စေတဲ့ စိတ်ထားရှိသူပါပဲ ။ ဗုဒ္ဓဂုဏ်ရည်ဆရာတော် နဲ့ ရင်းနှီးကြွမ်း ၀င်ခဲ့တာ နှစ်ပေါင်း ဆယ်စုနှစ်စု နီးပါး ရှိခဲ့ပီ ။မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး နဲ့ ပါတ်သက်လို့ ဆရာတော်ဘုရားကြီးနဲ့ တွေဘို့အရေး ဓမ္မပညာဆွေးနွေးလိုတာကြောင့် ပေါင်း ဖြစ်ခဲ့ကြတာပါ ။ ကြာလေခင်လေ ဆွေမျိုးတွေလိုပါပဲ ။ ရဟန်းဖြစ်မှ မတွေ့ရ သာကီသွေး တာဝန်ယူမှ ပြန်တွေ့ကြတယ်ဆိုပါစို့ ။တွေပြန်တော့လဲ သမိုင်းရေး ၊ဘာသာရေး ၊ အမျိုးသားရေးတွေနဲ့ ဆွေးနွေးမှတ် တမ်းတင်လိုက်ကြရတာ (၂)နာရီတောင်ကျော် ရှာမယ် ထင်ပါရဲ့ တစ်နေ့တော့ အများဓမ္မမိတ်ဆွေတွေကို တင်ပြဖြစ်မယ်ထင်ပါရဲ့ “သမိုင်းထဲက သာကီသွေး“။
အရှင်အဂ္ဂဓမ္မ (နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်