Thursday 19 September 2013

“ ဘာသာရေး နှစ်ခုကြားမှ နားလယ်မှု့အားနည်းခြင်း ကိုနားလယ်ကြည့်ခြင်း ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ ဘာသာရေး နှစ်ခုကြားမှ နားလယ်မှု့အားနည်းခြင်း ကိုနားလယ်ကြည့်ခြင်း ”
https://www.facebook.com/buddhagonyipage?ref=hl

Jelly Grace ဒီပုံနဲ့စာကို အကျယ်တဝင့် (( ပုံကြီးချဲ့ / တစ်စိတ်ကို တစ်အိတ်လုပ် / ကိုယ့်အတွေးနဲ့ရောသမမွှေ )) တဲ့ ဆရာတော် လား ( ဒါမှမဟုတ် ) သာမာန်လူလား ?? က္ဈန်တော်မသိလို့နော် *-*-* ဗောဓိကုက္ကိုလ် ညောင်ထိုထို လူပျိုဘုရားမရှိညား နောင်ပွင့်မည်အပျို့သား ဗုဒ္ဓအများဖူးလတ္တံ့ ထိုဘုရား၏လက္ခဏာမှာ လက်ဝါးအုပ်နာ ခြေဖဝါးအုပ်နာ ဘေးနာ ပါရှိ၏ *-*-* ??????????? ရှင်းပြပါလား ဘာလို့လဲဆိုတော့ အဲဒါ ဗုဒ္ဓဘာသာကျမ်းမှာပါတယ်တဲ့ ။ ဒီ Page က Admin တွေက အားနေရင် Christian တွေကို ပယ်ပယ်နယ်နယ် ထိုင်တွယ်နေသလားလို့ပါ ဗုဒ္ဓဘာသာကို ယုံကြည်တဲ့သူတွေကအဲ့လိုဘဲလားဟင်

• အရှင် ဘု ရားကို တိုက် ခိုက် လို ခြင်း ပုတ်ခတ်လို ခြင်း ..ဘာ ဆနဒ မှ မ ရှိ ပါ ဘူး မိမိ အမြင် ကို သာဖော် ပြ တာ ပါ ......တပည် တော် သည် မျိုး ရိုး ဆင်ဆက် ဗုဒ္ဓ ဘာ သာ မှ ဆင်းသက် လာ တာ ပါ ....တပည်တော် မျိုးရိုးထဲမှာ ပထမ ဦး ဆုံး ခရစ် ယာန် ဖြစ် တဲ့ ပိုးသိမ်းထူး ပါ အရှင် ဘု ရား
မင်္ဂလာပါ ဂျယ်လီဂရေ့ ဆိုတဲ့ ကိုဖြူစင်သန့် နဲ့ကိုပိုးသိမ်းထူးရေ ဦးဇင်းဟာ ဖေ့ဘုတ်နဲ့ပါတ်သက် လာရင် စော်ကားလိုတဲ့စိတ်မဟုတ်ပဲ ၊ မိမိနားလယ်သလိုတင်ပြနေတာပါ ၊ ဘာသာတရားတိုင်းကို လေးစားပါ တယ် အမြင်မတူရင် ခွင့်လွတ်တတ်သူပါ စော်ကားလိုစိတ်မရှိပဲ ကြောင်းကျိုးတရားနဲ့ချဉ်းကပ် ပြီးနားလယ် သလို တင်ပြပေးတာပါ ဒေါသဖြစ်စရာ ဘာမှမရှိခြင်ပါဘူး ။ ကိုယ်အတွေးနဲ့ကိုရှင်သန်ခွင့်ရနေတာပါပဲ ။ အမြင် မတူလဲ ကိုယ်ကြိုက်တာကိုလုပ် ကိုယ်ဖြစ်ရင် ကိုယ်ခံ ဆိုသလို နေတတ်ပါတယ် ။ အသိမှားကို ပြင်ပေးလိုစိတ် ရှိပေမယ့် အမြင်မှားကိုလဲ နားလယ်နိုင်သူပါ ။ မင်းတို့နှစ်ယောက် ကွန်းမင့် နှစ်ခုကို ယှဉ်ပေးလိုက်ပါတယ် ။ ဘယ်သူဖြူ သလဲ ထင်ရှားပါလိမ့်မယ် ။
ကိုပိုးသိမ်းထူး ကတော့ သူအမြင် ဆိုပေမယ့် စည်းကမ်းကို ကျော်တာပါပဲ ။ ဗုဒ္ဓဘာသာကလာတဲ့သူ ဖြစ်သလို ဒါပေမယ့် ဗုဒ္ဓဘာသာဓလေ့ဖြစ်တဲ့ တောင်းပန်ခြင်းနားလယ်ခြင်းနဲ့ သူယုံကြည်မှုကိုပြန်လယ် တင်ပြ တဲ့ အတွက် ကျေးဇူးတင်ပါတယ် ။ ကိုယ်ထိုက်နဲ့ကိုယ်ကံ ဆိုသလို ကိုယ်တရားက ကိုယ်ကို စီရင်မှာဖြစ်လို့ ဗိုလ် ကျား သေနတ် ကစားခဲ့ သလို ကိုယ်ကြိုက်တာကိုယ်လုပ် ကိုယ်ဖြစ်ရင်ကိုယ်ခံကြေးပေါ့ နော် တန်ရာတန်ကျေးကတော့ ပေးဆပ်ရစမြဲပါပဲ ။ အရှင်ဘုရားလို့လို ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးကို ရောမရောက် ရင် ရောမလိုကျင့်တဲမြင့်မြတ်တဲ့ စိတ်ဓါတ်ကိုလေးစားပါတယ် ။ သာဓုပါ ကောင်းပါတယ် ။
ဂျယ်လီဂရေ့ ဆိုတဲ့ ကိုဖြူစင့်သန့်ကတော့ ကိုယ်ကိစ္စမဟုတ်ပဲ ဒုတိယ တစ်ယောက်အနေနဲ့ ၀င်ရောက် စော်ကား လိုက်သလိုပါပဲ ။ သူများထဲ ကိုကွန်းမင့်ပေးသူဟာ ကိုယ့်အမြင်တင်ပြတာကောင်းပါတယ် စော်ကားသလိုမလုပ်သင့် ဖြစ်သင့်ပါဘူး ။ မကြိုက်ရင်ရှောင်လိုက်ပါ ပုဆိုးခြုံထဲက လက်သီးပုံးထောင်သလို အဆင့် နိမ့်ဖေဘုတ်သုံးသူတွေလုပ်သလို မလုပ်စေ့ခြင်ပါဘူး ။ လိပ်စာ ဓါတ်ပုံ ဖုံးနံပါတ် အမှန်တင်ထားတာ စိမ်ခေါ်တာ မဟုတ်သလို မလိပ်မညာ မယုတ်မာသူပါလို့ ရိုးသားစွာတင်ထားတာပါ ။ ဖိတ်ခေါ်ထားတာပါ ဆွေးနွေးနိုင်သလို တင်ပြယုံသက်သက်ပါ ။ အဆဲခံဖို့ရေးတာမဟုတ်သလို ဆဲခြင်စော်ကားခြင်လို့သုံးတာလဲ မဟုတ်ပါဘူး ။ မြန်မာနိုင်ငံထဲမှာ နေထိုင်ခဲ့တဲ့ မိရိုးဖလာခရစ်ယာန်တွေဟာ ဗုဒ္ဓဘာသာရဟန်းတွေ နဲတွေ့ရင် ယဉ်ကျေးစွာမပြောခြင်ပါဘူး မလေးစားနိုင်တဲ့အခံစိတ်ကြောင့် သိက္ခာကြတယ်လို့ မြင်လို့ပါ ။ အဆိုးဆုံးက တင်ပါ့ဘုရား ၊ အရှင်ဘုရား လို့ မပြောခြင်ပါဘူး ဘုရားလဲမဟုတ်ပဲနဲ့ အခေါ်ခံခြင်တယ် ဆိုတဲ့စိတ်နဲ့ ဗုဒ္ဓက လာတဲ့ ဘုရားကို ဖန်ဆင်းရှင် ကယ်တင်ရှင်လို့ထင်နေကြလို့ပါ ။ ဘာသာပြု ဘာသာပြန် လွဲမှားခဲ့ကို မသိတာကြောင့် လဲလက်မခံနိုင်တာပါ ။ တပြည့်တော်လို့ ပြောရတဲ့ ရောမရောက် ရောမဓလေ့ကို လက်မခံ နိုင်သလို့ သူတပည့် မှမဟုတ်တာဆိုတဲ့ မာနကြောင့်ဖြစ်ပါတယ် ။ မပြောတတ်တာပါလို့ ထမင်းရေပူ လျှာလွဲ ဆိုသလို သူတို့မာနကို တလွဲဆံပင် ကောင်းကြပါတယ် ။ မိမိရိုင်းပြမှု့ကို ကာကွယ်တတ်တဲ့ နားလယ်မှု့ အားနည်းခြင်းပါ့ ။
ကျေးဇူးတင်ပါတယ် ကိုဖြူစင်သန့် ကိုယ်မိဘကို မင်းနဲ့ငါပြောခွင့်ရတဲ့ ဘာသာ( I & You ) ပဲသုံးတဲ့ တိုင်းပြည်တွေက သုံးသလို ပြောတတ်လို့နားလယ်ပါတယ် ။ မိဘကို ရှဥ့်ခိုးခြင်းမရှိသလို လူကြီးသူကြီးရှေ့ကို ခေါင်းငုံ ခါးကိုင်းသွားတတ်တဲ့ ဗုဒ္ဓယဉ်ကျေးမှု့ ကိုလက်မခံနိုင်သလိုပါပဲ ဘာသာမတူလို့ဆိုပေမဲ့ မြန်မာ့ယဉ်ကျေးမှု့ မြန်မာဓလေ့ ကို ကျွန်ဓလေ့လိုထင်တဲ့ ကိုလိုနီစနစ်ရဲ့ စရိုက်တွေပါပဲ ။ ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်တွေက ခွင့်လွတ်နား လယ် တတ် လို့မြန်မာနိုင်ငံမှာ အခြားဘာသာတွေရှင်သန်ခွင့် ရနေတာတော့ သိစေ့ခြင်ပါတယ် ။ အဲဒီအမှားကြွေး ကို အခုနှောင်းလူ နောက်လူ တွေ ပေးဆပ်နေရတာ မဟုတ်လား ။ မောင်ဖြူစင်သန့် ကိုပြောခြင်ပါတယ် မင်းမေးတဲ့မေးခွန်း ဟာ ရှေးဘာသာပြုသူတွေရဲ့ ရက်စက်မှု့ပါ ။ သူများစကားတွေ မင်းယုံနေတာပါ ။ ဗုဒ္ဓစာပေမှာ ပါဠိတော်တွေ မှာ သင်္ဂါယတနာ တင်ထားတဲ့စာပေဟာ အပြည့်အစုံရှိပါတယ် လိမ်လယ် သာသနာပြုနေတဲ့ အက်ဂွန်အောင် တို့ ကျောင်းထိုင်ဘုန်းကြီး မောင်မောင်စိုး တို့ကတွင်တွင် သုံးပါတယ် မိရိုးဖလာခရစ်ယာန်တွေ မပြောရဲပါဘူး မင်းပြောတဲ့*-*-* ဗောဓိကုက္ကိုလ် ညောင်ထိုထို လူပျိုဘုရားမရှိညား နောင်ပွင့်မည်အပျို့သား ဗုဒ္ဓအများဖူး လတ္တံ့ ထိုဘုရား၏လက္ခဏာမှာ လက်ဝါးအုပ်နာ ခြေဖဝါးအုပ်နာ ဘေးနာ ပါရှိ၏ *-*-* ??????????? ဆိုတာကို “ဗောဓိကုက္ကိုလ် ညောင်ထိုထိုဝယ် လူပျိုဘုရားမရှိညား ၊ ရှိငြားတစ်ဆူ လာတော်မှုမယ် နဖူးခြေလက် ဒဏ်တော်ချက်နဲ့. . . . . . . . . ”စသဖြင့် ရွတ်ပြပီး ပိဋက သုံးပုံပါသလိုလို နောက်မှ ပယ် သလိုလို သာသနာဖျက်များအဖြစ် ရက်ရက်စက်စက် ဟောပြောပါတယ် ။ မင်းယုံလား မင်းတို့ ခေါင်းဆောင်တွေ ဆရာတွေ လုပ်တဲ့သူတွေရဲ့လုပ်ရပ် မင်းသဘောပါ ။ ဒါပေမယ့် ပါဠိစာပေနဲ့ထိမ်းသိမ်း လာတဲ့ ပိဋကသုံးပုံကို ရှေးကလိုလိုနဲ့ မြန်မာကဗျာ လိုလိုနဲ့ဘယ်လိုပါနိုင်ပါ့မလဲ ရှာခဲ့ပါ ။ မရှိတာကို လိမ်လည် တာ ဘယ်လိုရှင်းရမလဲ ဗုဒ္ဓစာပေမှာ တရားသဘောမှာ ရှေ့နောက် မညီ တာတွေဘူးလား ။ အကြောင်းရှိရင် အကျိုးတွေ့ရမှာပါ ။ တူတာဘာပါလဲ ဘာသာတရား နှစ်ခု ပေါ်ပေါက် တာ နှစ်ငါးရာကျော်ကွာ တာ ဘယ်သူက ခိုးခြတာဖြစ်နိုင်မလဲစဉ်းစားပါလေ ။ ဦးဇင်း တင်ပြတာတွေဟာ နားလယ်တာ ပြောတာပါမှား တာပါရင် ပြင်ပါ့မယ် ၊ စော်ကားလိုစိတ် လုံးဝမဟုတ်တာ သိသာမှာပါ သိက္ခာရှိရှိ လာရောက်ဖြေရှင်းနှိုင်ပါတယ် ။
အားလုံးကျမ်းမာချမ်းသာကြ၍ ကယ်တင်ရှင်အလို့ကြ ရောက်ရှိနိုင်ကြပါစေ ။

ဗုဒ္ဓဂုဏ်ရည်ဆရာတော် အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်