Sunday 15 September 2013

“ တောင်ငူက မူဆလင် မှ ဗုဒ္ဓဘာသာပြောင်း စာရေးဆရာ ဦးအေးရွှေ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ တောင်ငူက မူဆလင် မှ ဗုဒ္ဓဘာသာပြောင်း စာရေးဆရာ ဦးအေးရွှေ”
https://www.facebook.com/buddhagonyipage?ref=hl
စာရေးဆရာ ကေတုမတီအေးရွှေ ဆိုတာ စာရေးဆရာဆန်းလွင် လို မဟာမြိုင်ဆရာတော် ဦးဇောတိကလို သံဝေဂဆရာတော် ဦးသောမ(ထားဝယ်) လို အစ္စလာမ်ဘာသာက ဗုဒ္ဓဘာသာဝင်ပြောင်းလာခဲ့ သူပါ ။ အမည်ခံ ဗုဒ္ဓဘာသာမဟုတ်ပဲ ကလျာဏ သူတော်စဉ် စစ်စစ်လို ဗုဒ္ဓအနှစ်တွေကို ရေးလဲရေးသလို စားလဲစားသုံးနေသူစစ်စစ်ပါ ။ သူ့စာတွေကြောင့် ဗုဒ္ဓဂုဏ်ရည်ဆရာတော်အရှင်အဂ္ဂဓမ္မနှင့် ရင်းနှီးခဲ့သလို ဗုဒ္ဓဂုဏ်ရည် ၀ိပဿနာရိပ်သာကို လည်း တရားဆွေးနွေးလာဘူးသူပါ ။ အပ္ပမာဒ မဂ္ဂဇင်းမှာလဲ ဗုဒ္ဓဂုဏ်ရည်ကျောင်းမှာ သူနဲ့ တရားဆွေးနွေး ဘက်တွေအကြောင်းကို သူလက်ခံနားလယ်သလို သူအမြင်တင်ပြ ရေးသားခဲ့ ဘူးပါတယ် ။ ၀ါပန်ခရီးထွက် တောင်ငူဘက်ရောက်ရင်း တွေ့ဆုံဆွေးနွေး ခန်းလေးလုပ် မလားလို့အရောက်သွားတော့ ဒီကနေ့မြန်မာနိုင်ငံရေး အခင်းအကျင်း နဲ့ ဘာသာရေး မရှင်းမရှင်းတွေကြား နှလုံးသားကို ဆားကပ် လို့ သွားကြားညပ်ရမဲ့ အရေး စိတ်မအေးလို့ မဆွေးနွေးလိုသေးပါဘုရားလို့ တောင်းပန်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ရောက် တဲ့ အချိန် သူရေး ထားတဲ့ လုံးခြင်းဝတ္ထုစာအုပ်လေး(၄)အုပ်တောင်ထွက်ပြီလို့ဆိုပါတယ် ။ ဖတ်ရှု့ အကြံပေးဖို့ ဆက်ကပ်ပေး ပါတယ် ။ အမျိုးသားရေး ဘာသာရေး နိုင်ငံရေး တွေဆွေးနွေးပြီးမှပဲပြန်လာဖြစ် တော့ပါတယ် ။ ဆရာအေးရွှေ(ကေတုမတီ) တစ်ယောက်နိဗ္ဗာန်ပေါက်အောင်တောက်လျှောက် အားထုပ် ငြိမ်းချမ်းသောအလုပ်တွေ နဲ့ ချမ်းမြေ့နိုင်ပါစေလို့ ဆုတောင်း မေတ္တာပို့ သ ရင်း ရန်ကုန်ကိုပြန်ဆင်းဖြစ်ခဲ့ပါတော့တယ် ။
အရှင်အဂ္ဂဓမ္မ (နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်