Thursday, 19 September 2013

“ရှစ်လေးလုံးကျောင်းသားခေါင်းတောင်ကိုကိုကြီး နှင့် ဗုဒ္ဓဂုဏ်ရည်ဆရာတော် ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ရှစ်လေးလုံးကျောင်းသားခေါင်းတောင်ကိုကိုကြီး နှင့် ဗုဒ္ဓဂုဏ်ရည်ဆရာတော် ”
https://www.facebook.com/buddhagonyipage?ref=hl
နိုင်ငံရေးပြယုဒ်ကောင်းနေတဲ့ ရှစ်လေးလုံးခေါင်းဆောင်တွေ ထဲက ဦးကိုကိုကြီး ကို (၆)နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် ပွဲမှာတွေ့တော့ ဗုဒ္ဓဂုဏ်ရည်ဆရာတော် အရှင်အဂ္ဂဓမ္မက မြန်မာ့နိုင်ငံရေးနှင့် ဘာသာရေးအမြင် အချို့ကိုဆွေးနွေးမှတ်တမ်းတင်ဖြစ်ခဲ့ ပါတယ် ။ လူလတ်ပိုင်းလဲဖြစ်သလို ဘာသာတရားပေါ်အခြားခေါင်းဆောင်တွေနဲ့ မတူပဲ ပြော့ပြောင်းညင်သာမှု့ရှိသူလို့သုံးသပ်ခဲ့မိပါတယ် ။ သာသနာဘက်က လိုအပ်တဲ့ အားနည်းချက် အားသာချက်တွေကို ထောက်ပြ ဆွေးနွေးသွားပါတယ် ။ ဗုဒ္ဓဘာသာရဲ့အခန်းကဏ္ဍဟာ ဒီမိုကရေစီခေတ်မှာ မှေးမိန်မည်လား ထွန်းလင်းမည်လားကို အခြားသူများ နိုင်ငံရေးသမား များကိုအားကိုးနေခြင်းထက် ယနေ့ သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်တို့၏လက်ထဲမှာ သာအဓိကရှိနေတာကို ပိုမိုတွေ့မြင် လာမိပါတယ် ။ ၈၉%သော ဗုဒ္ဓဘာသာတို့၏ တာဝန် သည်လဲ ဗုဒ္ဓဘာသာနိုင်ငံတော် တည်တံခိုင်မြဲရေးအတွက် ဆရာဒကာ ၀ိုင်းဝန်းရမှာလဲ မလွဲမသွေ တာဝန် တစ်ရပ်အဖြစ် ပေသည် ။ ၂၀၁၅အတွက် အရေးတကြီးလိုအပ်နေပြီ လို့သာ မြင်တွေ့စေခြင်တာ တစ်ခုပဲ ဖြစ်ပါတယ် ။ ပြည်သူအင်အားသည် နိုင်ငံရေးပေါ်မှာ မူတည်နေသည်လား သာသနာရေးအပေါ်မူတည်နေသည်လား ဆိုခြင်းကို စောင့်ကြည့် အဖြေရှာခြင်းကသာ အမှန်ဖြစ်ပေတော့မည်ဖြစ်သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
— with အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး ထိုင်းနိုင်ငံ and 27 others.

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်