http://www.facebook.com/buddhagonyipage?ref=hl
“ ၉၆၉ ဆိုင်များပေါတဲ့ တောင်ပိုင်းရှမ်းပြည် က အေးသာယာမြို့ ”
http://buddhagonyi.blogspot.com/
အမျိုးဘာသာ သာသနာ စိတ်နိုးကြားသော ရှမ်းပြည်တောင်ပိုင်း ၊ အေးသာယာမြို့ (တောင်ကြီး) မှာ တရားပွဲများကျင်းပကြသလို ၉၆၉ တံဆိပ်ကပ် ဆိုင်များလွန်စွာ ပေါများလှပေတော့သည် ။ မြို့ပေါ်ဆိုင်အများစုက လဲ ဒီလိုတံဆိပ် ကပ် ရောင်းရတာကို ကျေနပ်ကြကြောင်းနှင့် ဗုဒ္ဓဘာသာဝင် အများစုကိုသာရောင်းခြင်သောကြောင့် ကပ်ရောင်းကြ ကြောင်း မချမ်းသာရင်နေ သူတို့မ၀ယ်အောင်ကိုဒီတံဆိပ်ကပ် ရောင်းပါတယ် ဟု ပြောကြားသံများကြားခဲ့ရပါသည် ။ အံသြစရာကောင်းလောက်အောင် ဆိုင်ပေါင်းများစွာ တစ်မြို့လုံးကိုတွေ့ရပေတော့သည် အနည်းဆုံးဆိုင် (၂၅)ကျော်ရှိမည်ဟုသုံးသပ်မိပေသည် ။ထပ်မံဖွင့်ဘို့အများကြီး နာမည်ဆိုင်းပုဒ်ပြောင်းမည့်သူများ အများကြီးရှိနေသေကြောင်း အံသြဘွယ်ရာ ကြားသိခဲ့ရပေသည် ။ ဟိတဓရဆရာတော်အရှင်ဝိမလာဘိဝံသနှင့် ဗုဒ္ဓဂုဏ်ရည်ဆရာတော်အရှင်အဂ္ဂဓမ္မ (နိက္ခမ) ဆရာတော် နှစ်ပါး တစ်ရက်ထဲ နံနက်ပိုင်း လိုက်တင်ပေးရတာ (ဆိုင်) ၃ဆိုင်တောင် စာရေးကရိယာဆိုင် ၊လဖက်ရည်ဆိုင် ၊ ကားဂိတ်တစ်ခု အမျိုးဘာသာသာသနာ ချစ်မြတ်နိုး သောမြို့တစ်မြို့ဖြစ်သကဲ့သို့ လူငယ် အဖွဲ့ ၊ ပရဟိတအဖွဲ့ (၁၃) ဖွဲ့သည် ရောင်စုံအင်္ကျီကုတ်များဖြင့် ညီညီညာညာ အမျိုးဘာသာရေးကို ၀ိုင်းဝန်း ဆောင်ရွက်တာ ကို ၀မ်းသာဖွယ်ရာ တွေခဲ့ရပေတော့သည် ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:
Post a Comment