Sunday 27 October 2013

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ “လေ့လာအပ်သော ဘာသာပြောင်းခြင်း အကြောင်းတရားများ” ”
https://www.facebook.com/buddhagonyipage?ref=hl
ယခင်က တင်ပြသုတေသန ပြုလုပ်ခဲ့ဘူးသော ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာကြားမှ ဘာသာ ကူးပြောင်းခြင်း အကြောင်းတရားတို့ကို လေ့လာမိသော မိမိပါတ်ဝင်းကျင်မှ ဓမ္မ မိတ်ဆွေ တို့၏ ဘ၀ဖြစ်စဉ်များကို အဓိကတင်ပြခဲ့ကြသော်လည်း ကမ္ဘာ ဘာသာကြီးများ ဖြစ်သည့် ဟိန္ဒူ ၊ခရစ်ယာန် ၊ အစ္စလာမ် ၊ဗုဒ္ဓ ၊ ဂျူး စသည့် ဘာသာများအားလုံးတွင် ဗုဒ္ဓဂုဏ်ရည်မှ တင်ပြချက်များသည် ပြည့် စုံပါသည်ဟုသုံးသပ်ခဲ့ကြပါသည် ။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာအများစုနေထိုင်ပြီးကိုလိုနီသမိုင်းအမွေ ဆိုးဖြစ်သည် ခရစ်ယာန် အစ္စလာမ်ဘာသာများနှင့် ဟိန္ဒူဘာသာများသာရှိကြပေသည် ။ နတ်ကိုးကွယ်ခြင်း နှင့်ဘာသာမဲ့များလဲရှိပါသော်လဲ တင်ပြလေ့လာလောက်အောင်အထူး မရှိကြပါပေ ။ ထပ်မံတင်ပြအပ်သည့် အသိတရားညဏ်ပညာဖြင့် ပြောင်းလဲခြင်းများ အနိုင်အထက်ပြု ဘာသာဝင်စေသည့် စနစ် များနှင့် အားကိုးရှာ လွဲနေကြသောဘ၀များကို နားလည် သုံးသပ် နိုင်ပါရန် ထပ်မံ တင်ပြအပ်ပေတော့ သည် ။လူသားတို့သည်ကိုးကွယ်ရာရှာကြ ၊ ရှိတတ်ကြပေသည် ။ အကာကွယ်ပေးလုံခြုံရေးအတွက် ယခုလက်ရှိဘ၀ ၊ သေပြီးရမည်ဟုထင်သောနောက်ဘ၀ ၊ သံသရာလက်ခံသူများက သံသရာ ဘ၀ အဆက်ဆက် နှင့် ရှေးဘ၀ စသည်ဖြင့် ကာလ သုံးပါးဖြစ်သည့် အတိတ် အနာဂါတ် ပစ္စုပ္ပန်တိုတွင် ငါဟူသော အတ္တ နှင့် ငါ့ခန္တာ ၊ အသက် ၊ ၀ိညဉ် ၊လိပ်ပြာအသက်ကောင်ရှိသည်ဟူသောအစွဲယူ၊အယူ ရှိကြသကဲ့သို့ ဒီဘ၀ ယခုလက်ရှိ ဘ၀ပြီးလျှင်ပီးပြီ (သို့မဟုတ်)နောက် ဘ၀ပြီးရင်ပြီးပီဟု အပြတ်ယူဟူ၍ ယုံကြည်မှု့ အမျိုးမျိုး ဖြင့် ကိုးကွယ်ယုံကြည်မှု့အားကိုးမှု့အသီးသီးရှိကြပေသည် ။
အချို့က ငွေသာလျှင်အဓိက ၊ အချို့ကဖန်ဆင်းရှင်သာအဓိက ၊ အချို့တန်ခိုးရှင်သာ အဓိက ၊ အချို့က ကယ်တင်ရှင်သာအဓိက ၊ အချို့က၀ိညဉ်သည်သာအဓိက ၊အချို့က ဘုရားသာလျှင်အဓိက ၊ အချို့ကလူသာလျှင်အဓိက ၊ အချို့ကအကျင့် (တရား)သာလျှင် အဓိက ဟူ၍ မိမိ စိတ်သန်ရာမိမိလေ့လာရာ မိမိကျိုးစားအားထုပ်ရာမိမိယုံကြည်ရာကိုသာ ၊ ကိုးကွယ်လျှောက်လှမ်းအားထုပ်ကျင့်ကြံနေထိုင်ပြောဆိုလုပ်ကိုင်ကြပေသည် ။
တစ်ချိုကမိဘရိုးရာ မိရိုးဖလာယုံကြည်ကိုးကွယ်သကဲသို့၊ အချို့ကဆန်းစစ်လေ့လာ၏ ၊ အချို့မျက်စိမှိတ်ယုံကြည်၏ ။
ရှေးက တောစောင့်နတ်ကြီးများကိုကိုးကွယ်ခဲ့ကြ ၊ တောင်စောင့်နတ်ကြီးများကိုကိုးကွယ်ခဲ့ကြ ၊ မီးနတ်ကို ကိုးကွယ်ခဲ့ကြ ၊ ရုပ်ထုတွေ သစ်ပင်တွေ နတ်ဘုရားလို့ခေါ်သော ရုပ်ထုတွေ ကို ကိုးကွယ်ခဲ့ကြပေသည် ။ ချောင်းတွေမြစ်တွေကို ကိုးကွယ်ခဲ့ဘူးကြပါသည် ။အချို့ ကမပြောင်း မလဲ ယုံကြည်၏ ၊အချို့ ကပြောင်းလဲယုံကြည်ကြပေ၏ အမျိုးမျိုးသော လိုခြင် တောင့်တမှု့ လောဘ ၊လိုတာမရ ၊ရတာမလိုနိုင်သော ဒေါသ ၊ မသိမှု့မောဟ ဟူသော ကြောင်းတရားများ ထဲမှ ဗုဒ္ဓဂုဏ်ရည် သာသနာစောင့် ရှောက်ရေးအဖွဲ့မှ လေ့လာဆန်းစစ် အကဲခတ် သုံးသပ် မှု့ကိုတင်ပြလိုက်ရပါ၏ ။ လိုအပ်သည်ထင်က အကြံပေးနှိုင်သကဲ့သို့ အမှန်တရားကို ရှာဖွေ နှိုင်စေလို၍ တင်ပြအပ်ပါ ပေတော့သည် ။
ဘာသာပြောင်းရခြင်း၏အကြောင်းတရားများ
၁ ။ အုပ်ချုပ်တဲ့သူတွေကိုးကွယ်တဲ့ဘာသာဖြစ်၍( ကိုလိုနီခေတ်က )
၂ ။ တိုင်းတစ်ပါးဘာသာဖြစ်၍အထင်ကြီး၍( ကိုလိုနီခေတ်က )
၃ ။ အုပ်ချုပ်သူကိုးကွယ်တဲ့ဘာသာက ကာကွယ်မယ်ထင်၍
၎ ။ အလုပ်လိုချင်၍
၅ ။ အင်္ဂလိပ်ကျောင်းမှာနေမိ၍( ကိုလိုနီခေတ်က )
၆ ။ နိုင်ငံခြားတွင်အနေကြာ၍
၇ ။ ဘာသာတရားလွတ်လပ်မူ့၍
၈ ။ လွယ်လွယ်ကူကူကိုးကွယ်ယုံကြည်ရ၍
၉ ။ မိန်းမ၊ ယောက်င်္ကျားလိုချင်၍
၁၀ ။ သေတမ်းစာပြုလုပ်ခွင့်ရ၍
(ခရစ်ယာန်ဘာသာဝင်အုပ်ချုပ်သူတို့၏ဥပဒေဖြစ်ခဲ့၍)
၁၁ ။ ပတ်ဝန်းကျင်နှင့်မိသားစုကိုစိတ်နာ၍
၁၂ ။ ကန့်နဲ့လောင်သောဘုံ(ငရဲ )မှတစ်ကယ်ကယ်မယ်ထင်၍
၁၃ ။ အိမ်မက်ထဲမှာ(ခရစ်ယာန်) ဖန်ဆင်းရှင် ကယ်တင်ရှင် (ဘုရားတွေ့) ကယ်တယ်လို့အိမ်မက်ရလို.
၁၄ ။ ၃၇မင်းစသည့်နှင့် (နတ်စိမ်း/နတ်စားတာ)တူ၍
၁၅ ။ နေမကောင်းတဲ့အခါဆုတောင်းရင်းတိုက်ဆိုင်(အနာငြိမ်းခြင်းကြောင့်)၍
၁၆ ။ ယခင်ကိုးကွယ်သော မိမိဘာသာအရ အပြစ်ကျူးလွန်မိ၍
၁၇ ။ ကိုယ်ယူမိခဲ့တဲ့လင် /မယားကိုချစ်၍သနား၍
၁၈ ။ လေ့လာရင်းသဘောကျတယ်လို့ထင်၍
၁၉ ။ ယုံကြည်လိုက်ရင်ပြီးတာပဲ ( လိုခြင်တာရ)၍
၂၀ ။ သူတို့ဘာသာဝင်ဖြစ်ရင် စောင့်ရှောက်ပေးကမ်း၍
၂၁ ။ သူငယ်ချင်းတွေနဲ့ဘုရားကျောင်းလိုက်တတ်ရင်းပျော်၍
၂၂ ။ အနိုင်အထက်ပြုကျင့်ခံခဲ့ရ၍
၂၃ ။ အသိပညာဖြင့် လက်ခံယုံကြည်၍ စသဖြင့်ပြောင်းလဲခဲ့ကြရပေသည် ။
ဘာသာဝင်တွေ ဘာသာပြောင်းတွေ တစ်ဘာသာမှ တစ်ဘာသာကူးပြောင်း ရကြသည်မှာ ဘာသာတရားတို့၏ စစ်မှန်သောအသိတရားကို မတွေ့ရှိမရရှိခြင်းသည်သာ အဓိက အချက် ဖြစ်ပေသည် ။ သို့ရာတွင် အတ္တကြီးမားသော ဘာသာများ၏ ဖန်ဆင်းရှင်အလိုကျဆိုကာ ပြောစကားများ ကျမ်းစာများအတိုင်း မယုံကြည်သူများအား သတ်ဖြတ်ခြင်း ရက်စက်မှု့ဖြင့် သိမ်းသွင်းခြင်း များလည်း ရှိနေခဲ့ပေသည် ။ ဗုဒ္ဓဘာသာမြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာမှ
အခြား ဘာသာဝင် လျှင် အခြားဘာသာမှ နေရာပေးမြှောက်စားမှု့ပြင်းထန်ခြင်း ၊ အားနည်း သောစိတ်ထား အခြေခံဖြင့်ပြောင်းလဲခြင်းတို့ဖြင့် (နေရာရလိုထင်ပေါ်လိုမှု့ပြင်းထန်သူတို့) သာလျှင်အများဆုံးကိုတွေ့ရှိရပေသည် ။ ယခုတင်ပြချက်တို့သည် မိတ်ဆွေရင်း ခရစ်ယာန် ဘာသာ ၀င်တို့၏ မိဘများနှင့်ကိုယ်တိုင်ခံစားဖြစ်ပေါ်ခဲ့သည်များကို စုဆောင်းလေ့လာ
ထားခြင်း သာဖြစ်ပါသည် ။ဟိန္ဒူဘာသာမှ ဗုဒ္ဓဘာသာပြောင်လဲကြသူအများစုသည် ဗုဒ္ဓဘာသာသည် ဟိန္ဒူ ၀ါဒကြားမှ ပေါက်ပွားလာခြင်း ဘာသာတရားနှစ်ခု၏ ယုံကြည်မှု့ အချိုသည့် ဒွေးရောရှက်တင်ဖြစ်နေသကဲ့သို့ရှိခြင်း (နိပေါ) လူမျိုးအများစုသည် ဗုဒ္ဓဘာသာကြားတွင်နေထိုင်မှု့ ကြာမြင့်လာခြင်း ဓမ္မတရားတို့ကို တူညီမှု့နှင့်ဆန်းစစ် လေ့လာ ရာတွင် လွယ်ကူစီးမျော နှိုင်ခြင်းတို့ကြောင်းပြောင်းလဲမှု့လဲ များလှပါပေသည် ။ ဗုဒ္ဓဘာသာမှ ဟိန္ဒူ ဘာသာသို့ ပြောင်းလဲခြင်းမှာ များစွာတွေရပေ ။ ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာသို့ပြောင်းလဲကြသူအများစုသည် အိမ်ထောင်ပြုခြင်းခံရ၍ ပြောင်းလဲရခြင်းသာ များလှပေသည် ။ အသက်အရွယ် (၁၄)နှစ် မိန်းကလေးများ ဘာသာရေးအသိအားနည်းသူများ နှလုံးသားရေးရာရှေ့တန်းတင်၍ အချစ်ဟုဆိုသော ကာမဂုဏ် အပူကြောင့်သာ အသိမဲ့စွာပြောင်းလဲရပေသည် ။ ဆင်းရဲခြင်းဒဏ် နှင့် ငွေကြေးချမ်းသာမှု့နောက်လိုက်ရင်း ဘ၀ပြောင်းဘာသာပြောင်းလဲ ရခြင်းများလဲရှိတတ် ပါပေသည် ။ထပ်မံတွေ့ရှိသည်များ လဲတင်ပြပေးမည်ဖြစ်ပါသည် ။ သိရှိပါကလဲ ရေးသားပေးပို့ နိုင်ကြပါသည် ။ မိရိုးဖလာခရစ်ယာန်ဘာသာ မှ ဗုဒ္ဓဘာသာသို့ ပြောင်းလဲသူ အများစုသည် နိမ့်ချသောစိတ်ထားဖြင့် ငြိမ်းချမ်းခြင်တရားကို ရင်ဝယ်ပိုက်၍ အေးချမ်းစွာနေထိုင် သွားကြ သည်ကို အများဆုံး တွေမြင်ရပေသည် ။ ခရစ်ယာန်ဘာသာရဲ့ အားနည်ချက် အမှားတွေ မရှိဘူးလားမတင်ပြချင်ဘူးလား လိုမေးရင် ရှက်လို့ပါ အရှင် ဘုရားရယ် သစ္စာ တရားကို သိသူတွေက မသိပဲမိုက်နေတာကိုနားလယ်ပေးလိုက်ရတာနဲ့တင် ကုသိုလ်ရနေသလိုပါပဲ ဘုရားလို့ ပြောကြပါတယ် ။ ဗုဒ္ဓဘာသာမှခရစ်ယာန်ဘာသာသို့ ပြောင်းလဲသူ အများစုသည် စိတ်မာန်တက်ကြွစွာ သာသနာ /ဘာသာပြကြသူ(hallucination) ဖြစ်ကြသည်ကို အများအားဖြင့် တွေ့ရပေသည် ။ အရှင်ဘုရားတို့သာ ဗုဒ္ဓဘာသာက ခရစ်ယာန်မပြောင်းဖြစ်အောင် ကြိုးစားပေးပါဘုရား တယ်ခရားကြီးလုပ်ပြီးမှ လိုက်ခရားလေး မလုပ်ခြင်တော့လို့ပါ ဟု ဗုဒ္ဓဘာသာမှ ဓမ္မာစရိယ လူထွက်ဘ၀မှ ခရစ်ယာန် အကြီးအကဲ ခရစ်ယာန်ဒေါက်တာကြီး တစ်ယောက် ဘ၀ထိအောင်ကြိုးစားခဲ့သော သူတစ်ဦး၏ တမ်းတ နောင်တ စကားများကိုလဲကြားသိခဲ့ရဘူးပါသည် ။ဗုဒ္ဓဘာသာတွင်လဲထိုကဲ့သို့ ပြင်ပ အကြောင်း အရာ မရှိဘဲ စိတ် တွင် ယောင်ယမ်းထင်မြင်ခြင်း ။ မျက်စိလှည့်စားခြင်း ။ သွေးလေ ချောက်ချား၍ ထင်မြင်ခြင်း။ (စိတ်တွင်ထင်ရောင်ထင်မှာဖြစ်ခြင်း) စိတ်မှပုံရိပ်ကို မျှော်လင့်သည့် အတိုင်းအရိပ်ကို အမှန် တကယ်ယုံကြည်ခြင်းစသည်ဖြင်သုံးသပ် တွေ့ရှိရပေသည် ။ အသက်ကြီး လာကြသည် အခါ လောကဓံတရား၊ အမှန်တရားတို့၏ ၊ တွေဆုံခြင်း ၊ ဘ၀ အတွေ့ အကြုံရင်ကျက် လာသော အခါ ၊ဘာသာတွေကအတူတူပါပဲ ၊ကောင်းတာ လုပ်ဖို့ပဲလိုပါတယ် ၊ ဆုတောင်း တယ် ၊မေတ္တာပို့တယ် ၊ ပုတီးစိတ်တယ် (ငြိမ်သက်ခြင်းရှိအောင် ကြိုးစားနေ ထိုင်တယ်) ၊ တို့လဲ အစကဗုဒ္ဓဘာသာပဲ ၊ ဗုဒ္ဓဘာသာ နှလုံးသားကရှိပီးသားပါ ။ ငယ်ငယ်က ခရစ်ရန်ဘာသာ ပြုရေး တွေအားစိုက်ခွန်စိုက် လုပ်ခဲ့ ပေမဲ့ ၊ အခုမှ အမှန်တရားကို ပိုတွေ့ပိုသိလာတယ် လို့အစွယ်ကြိုး မာန်လျှော့ ခံစား ဖြစ်ပေါ် လာရတယ်လို့သုံးသပ်ဝေဖန် ပေးကြတာကို တွေ့ရပါတယ် ။ ဘာသာပြောင်းရခြင်း၏ အကြောင်း တရားများကို လေ့လာတင်ပြ သုံးသပ် ပေးထား ပါတယ် ။ ပုတ်ခတ်စော်ကား ခြင်းမျိုး မဟုတ်ပဲ၊ဘာသာအားလုံးတို့အား လေ့လာသူများ အတွက် အကြိုးများစေခြင်လို့သာတင်ပြလိုရင်းဖြစ်ပါသည် ။ ဦးဇင်းဆီလူကိုတိုင်ရော စာဖြင့်ရော ဖေ့စ်ဘုတ် မှတဆင့်ရောတောင်းထားသော နှစ်ဘာသာမက ဘာသာစုံ ဓမ္မမိတ်ဆွေများ အတွက် အကြုံးဝင်မယ်လို့ 
  ယူဆ၍ ပြန်လည်တင်ပြ လိုက်ရတာပါပဲ ။

အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
 
 
6Like · ·

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်