Monday 10 February 2014

“ ဗုဒ္ဓဂုဏ်ရည် မဟာသိမ်တော် သိမ်နှုတ်သိမ်သမုဒ်ဘို့ မြေသန့်ရှင်းလင်းနေပါသည် ”

http://www.facebook.com/buddhagonyipage?ref=hl
“ ဗုဒ္ဓဂုဏ်ရည် မဟာသိမ်တော် သိမ်နှုတ်သိမ်သမုဒ်ဘို့ မြေသန့်ရှင်းလင်းနေပါသည် ” http://buddhagonyi.blogspot.com/
ဗုဒ္ဓဂုဏ်ရည်ဆရာတော်ထိုင်းနိုင်ငံကအပြန် အပျင်းဖျားနှာစေးချောင်းဆိုးနေပါသော်လည်း ဗုဒ္ဓဂုဏ်ရည်သိမ်တော်မဟာအတွက်ထိုင်းနိုင်ငံရွှေ့ပြောင်းအလုပ်သမား လူငယ်များမှစုပေါင်း
အားဖြင့် သိမ်ဆောက်လုပ်လှုဒါန်းလိုပါသဖြင့် အမြန်စီစဉ်ပါရန်တောင်းပန်ခဲ့ကြပါပေသည် ။ မြန်မာနိုင်ငံမှအလှုရှင် ဒကာဒကာမများကလဲတာဝန်ယူလိုကြပေသည် ။ သိမ်တိုင်များပနက်စဉ်များ ရာဇမတ်ကွက်များကို လည်း ကိုဝင်းလှိုင်မမိုးတို့အဖွဲ့မှ တာဝန်ယူမည်ဟုလည်းဆိုလာပြန်ပေသည် ။ သိမ်ဆောက်လုပ်လျှင်လည်းအလှုငွေတွေထည့်ကြမည့်ဟု သဒ္ဓါထက်သန်ကြကုန်ပေပြီ ။ နေမကောင်းသောဗုဒ္ဓဂုဏ်ရည်ဆရာတော်ပြေးရလွှားရ သာသနာတာဝန်တစ်ခု ထမ်းဆောင် ရပေပြန်ပြီ ။မြေရှင်း ထုံးကွက် ရိုက် အမြန်စီစဉ်နေရသော်လဲ အခြေနေက တဖြေးဖြေးဖြင့် အောင်မြင်ခြင်းဆီသို့ တက်လှမ်းနေပေမည် ။ ၀ိနိယဂုရုဓမ္မ သိမ်ဖြစ်လိုသော ကြောင့် အဓီကစီစဉ်ရသည်အခါ အမှားမခံ အများသဘောထက် ၀ိနိယ ဆရာတော်ဘုရားကြီးများ အလို့ပြည့် မှန်ကန်အောင်စနစ်တကြစီစဉ်နေရပါပေသည် ။ ကောင်းဘို့ထက် မှန်ဘို့လိုပေသည် ။ မြန်ဘို့ထက် ၀ိနည်းတကျဖြစ်မှသာ တော်ကာကြပေမည် ။ သိမ်ပျက် သိမ်ညံ မဖြစ်လိုပေ ရေသိမ်ရှိသော်လည်းသံဃာအားကောင်းသောအခါ အခက်ကြုံ လာနိုင်သဖြင့်သာ မဖြစ်မနေစီမံနေရပေတော့သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်