Sunday 16 February 2014

“သိမ်နယ်နမိတ်သိမ်းကျောက်တိုင်များနှင့် သိမ်ပနက်စဉ် များရောက်ပါပြီ ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“သိမ်နယ်နမိတ်သိမ်းကျောက်တိုင်များနှင့် သိမ်ပနက်စဉ် များရောက်ပါပြီ ”
https://www.facebook.com/buddhagonyipage?ref=hl
ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ သိမ်တော်မဟာ အတွက် ရန်ကုန်မြို့ထဲရှိ ကားပိုင်ရှင် ကိုဝင်းလွင်+မမိုးတို့ကို ဗုဒ္ဓဂုဏ်ရည်ဆရာတော် အပူကပ်ရ ပြန်ပါသည် ။ သိမ်နှင့်ပါတ်သက် သော သိမ်ကျောက်တိုင် ၊ပနက်စဉ်တိုင်လေးများနှင့် ရာဇမတ်ကွက်လုပ်ရန် လိုအပ်သည်များ ကို စည်း စနစ်ကြီးသော တိကြသော ဒါယကာ၊ ဒယိကာမအရင်း ဖြစ်သောမမိုးကို ဖုန်းဆက်ရ ပါတော့ သည် ။ ကိုဝင်းလွင်လဲမနေသာ ဆိုင်ပေါင်းစုံ ဘာကရာချိုင့် ၊ ဂျပန်လမ်း အစုံသွားလေ့ လာဖုန်းဆက် အဆင်ချောမှကြေနပ်ကြသည့် မိသားစုများပင် ။ “ဘုရားအဆူ(၈၀)လှုရန် လဲ ရပါပြီ ဘုရား ယခုလာမည့် တနင်္ဂနွေ (၁၅ -၂ -၂၀၁၄) နေ့မှလာပါမည်ဘုရား နောက်ပြီး ဒါတွေအားလုံးတပည့်တော်တို့အဖွဲပဲလှုတော့မှာ နော်ဘုရား”ဟု တာဝန်ယူစေတနာသံနှင့် ဆိုလာ ပြန်တော့ သာသနာတော်ကိုချစ်မြတ်နိုးကြသော့အဖွဲ့ကို မညင်းသာအောင် အပိတ် စကားအလှုပွားကြပါတော့သည် ။
သိမ်တိုင်+ ပနက်စဉ် ၂၉၀၀၀၀ိ/ ရာဇမတ်ကွက်(နေကာ) ၅၂၀၀၀ိ/ ထုံး(၅)အိတ် ၄၀၀၀ိ/
ကုန်ကြစရိတ် ၃၄၆၀၀၀ိ/နှင့် စုစုပေါင်း လှုဒါန်းကြသောငွေစုပေါင်း ၆၃၅၀၀၀ိ/ လက်ကျန်
အလှုငွေပေါင်း၂၈၉၀၀၀ိ/ကိုလာရောက်လှုဒါန်းရင်း ဆွမ်းခဲဘွယ် ချိုခြင်အရသာအချိုပွဲ တို့နှင့်
(ရောက်တိုင်းလှုတတ်သော)နေ့ဆွမ်းအလှုပါထုံးစံအတိုင်း ပျော်ပျော်ပါးပါးလှုဒါန်း သွားကြ ပေတော့သည် ။ နတ်လူသာဓုခေါ်စေသော် အားလုံးအမျှ အမျှ အမျှ ယူတော်မှုကြပါ ။

ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတောအုပ်စု ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
— with Flower May and 22 others. (4 photos)

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်