Monday 17 February 2014

“ဆရာ ဒကာ လက်တွဲညီစွာ ခ.မ.ရ(၇၀၂)မှာ”

http://buddhagonyi.blogspot.com/
“ဆရာ ဒကာ လက်တွဲညီစွာ ခ.မ.ရ(၇၀၂)မှာ”
https://www.facebook.com/ashin.aggadhamma.7
ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာကျောင်းလေးက စခက(၄)လက်အောက်ခံတပ် ခ.မ.ရ(၇၀၂)(၇၀၃)တပ်တို့ရဲ့ခေါင်းရင်းမှာရှိလေတော့ တပ်ဦးကျောင်းဆိုလဲမ မှားပါဘူး ။ ထပ်ပြောင်းလာတဲ့ ဒုတပ်ရင်းမှုးဗိုလ်မှုးဝင်းကျော်ကျော် +မမြင့်မြင့်အေး တို့ကလဲလူကြီးပီသတယ်ပြောကြပါတယ် ။ ရောက်တာတောင်မကြားသေးဘူး တပ်တွင်းအလှုခံ တစ်ဆုပ်ဆန် နဲ့ တပ်နားကကျောင်းတွေကို ဆွမ်းဆန်လှုဒါန်း တာကစတာပါပဲ ။တပ်တွင်အိမ်ထောင်သယ်သာသမီးတွေ (၁၀)တန်းအောင်ဘို့ ကျူရှင်တွေ နိုက်စတာဒီတွေနဲ့လေ့ကျင့်ပေးနေပြီး အထည်မကြီးမိသားစုဆန်ဆန် အုပ်ချုပ်တတ် လို့ တပ်ထဲမှာ ပျော်ရွင်နေကြပါတယ် ။ ရန်ကုန်တိုင်းရဲ့ စံပြတပ် တွေဆိုတော့ ပိုအရေးကြီးတာပေါ့ ။ တပ်ရင်းမှုးကြီးမရှိသေးပေမယ့် တော်တော် အဆင်ပြေနေကြပုံပါပဲ ။ ဒီနေ့(၁၆-၂-၂၀၁၄)နေမှာ ဒုတပ်ရင်မှုးကြီးဦးဆောင်မှု့ နဲ
ဗိုလ်ကြီးဝေထွန်းဦး ၊ဗိုလ်ကြီးမျိုးမြင့် ၊ ဗိုလ်ကောင်းခန့်ဇင် ၊ ဒုဗိုလ်အောင်သက်တို့
ဦးဆောင်ပီးစစ်သည်အင်အား(၃၅)ယောက်လာရောက် ပြီး သိမ်နုတ် သိမ်သမုတ် ရန် မြေညှိခြင်း သန့်ရှင်းရေးလုပ်ခြင်း ၊မျောင်းတူးခြင်းစတာတွေ လာရောက် ကုသိုလ် ယူကြပါတယ်။ ကိုရင် ရဟန်းပြုလဲဒီကျောင်း ဂေါစဂံပြုတော့လဲဒီကျောင်း ဆရာဒကာညီညွတ်စွာ သာသနာစောင့်ရှောက်တယ်ဆိုလဲမမှားဘူးပေါ့ ။ ရဟန်းမွေးမဲ့ သည်အိမ်ကို သိမ်လို့ ခေါ်ကြရသလို့ သာသနာ တိုးတက်ဖို့ မဖြစ်မနေ စောင့်ရှောက်နေကြတယ်ဆိုလဲမမှားပေဘူးပေါ့ ။

ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်