Saturday 1 March 2014

“ “ခရစ်ယာန်ဘာသာဝင် တစ်ဦး ၏ အမြင်မရှင်းလင်းသည့် မေးခွန်းများ” ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ “ခရစ်ယာန်ဘာသာဝင် တစ်ဦး ၏ အမြင်မရှင်းလင်းသည့် မေးခွန်းများ” ”
https://www.facebook.com/buddhagonyipage?ref=hl

ခရစ်ယာန်ဘာသာမှ စစ်မှန်သောဗုဒ္ဓဘာသာသိုသက်ဝင်ယုံကြည်လာသူ စေတနာရှင်တစ်ဦး၏ အမှောင်ထုကိုဖြိုခွင်းသည့် မီးမောင်းနှင့်တူသော အ မေးများကို “ခရစ်ယာန်ဘာသာဝင်များအတွက် အမြင်မရှင်းလင်း သည့်မေး ခွန်းများ” အဖြစ် ရရှိခဲ့သည်မှာ ကြာပါပီ ။ သို့သော် ဗုဒ္ဓဂုဏ်ရည် သာသနာ စောင့်ရှောက်ရေးသည့် ငါအမှန်သူအမှား မပြောလိုပဲ စေတနာကို လက်ခံ ထားခဲ့သည် မှာကြာပီဖြစ်ပါသည် ။ သို့သော် အများ သိအောင် ဖြန့်ချီပေးပါ တင်ပေးပါ ဘုရားဟု အကြိမ်ကြိမ် ဆိုလာ သောကြောင့် တင်ဆက်ပေး လိုက် ရ ခြင်းဖြစ်ပါသည် ။ထိုကဲ့သို့ မေးခွန်းများမြောက်များစွာ ရေးသားလေ့ လာ ထားသော်လဲ သူများမကောင်း အားနည်းချက်ကို ဖိနိပ်စော် ကားလိုရင်း မရှိ သောကြောင့် တင်ပြခြင်းမပြုခဲ့ပါ ယခုအခါ အထပ်ထပ် ဆိုလာပါ သဖြင့် တင်ပြ ရေးသားလိုက်ရပါတော့သည် ။ ခရစ်ယာန်ခေါင်းဆောင်ဖြစ်ခဲ့ဖူးသူ၏ စေတနာ ကိုတန်ဘိုးထား နားလယ်ပေးစေလိုပါသည် ။
(၁) ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းမှီက ဖန်ဆင်းရှင်( ထာဝရဘုရား သခင်) အဘယ်မှာနေခဲ့ပါသနည်း ။
(၂) ဖန်ဆင်းရှင်( ထာဝရဘုရား သခင်)ကိုမည်သူဖန်ဆင်းခဲ့ပါသနည်း ။ ဖန်ဆင်းရှင်( ထာဝရဘုရား သခင်) အဖြစ်သို့ ရောက်ရှိလာရသည့် ဖန်ဆင်း ရှင်၏ အတ္ထုပ္ပတ္တိ ကို (ဖန်ဆင်းရှင်ဖြစ်ရခြင်း အကြောင်းတရား) ဖေါ်ပြပါ ။
(၃) မွေးဖွားလာစကပင် တစ်ဦးနှင့်တစ်ဦး မတူမညီဖြစ်ရသည့်အကြောင်းရင်း မှန်ကိုရှင်းပြပါ ။
(၄) ခရစ်ယာန်ဘာသာ တွင်ရှေ့ ဘ၀ နောက်ဘ၀ ရှိပါသလား ။
(၅) ခရစ်ယာန် ဘာသာဝင်တို့၏ ပန်းတိုင်ဖြစ်သော ကောင်းကင်နိုင်ငံတော် သို့ ၀င်ရောက်သွားဘူးသော မိသားစုနှင့် လူပုဂ္ဂိုလ်တို့ ၏ အမည် လိပ်စာ ရှိ ခဲ့ ပါသလား ယခုရှိနေပါလျှင်လိပ်စာနှင့် အမည် အတိ အကျ သက်သေ ဖြင့် ဖေါ်ပြပါ ။
(၆) ဖန်ဆင်းရှင်(ထာဝရဘုရား)သည် ဤ ကမ္ဘာကိုဖန်ဆင်းသည် ဟုဆိုရာ တွင် ဘယ် အကျိုးကို မျှော်ကိုး၍ ဖန်ဆင်းခဲပါသနည်း ။
(ရ) ဖန်ဆင်းရှင်သည် ဤ ကမ္ဘာကိုချမ်းသာစေလို၍ ဖန်ဆင်းသလား ဆင်းရဲ စေလို ၍ဖန်ဆင်းသလားသိခြင်ပါတယ် ။
(၈) ချမ်းသာစေလို၍ ဟုဆိုပါက ယခု ခန္ဓာကိုယ်ရှိ သူတိုင်းသည် ဆင်းရဲ အ မျိုးမျိုး တွေ့ကြုံ နေကြရပါသည် ။ဘုရားသခင်ဖြစ် စေလိုသည့်ချမ်းသာ ဆို သည် မှာ အနန္တတန်ခိုးတော် မရှိ၍ ဘာအစွမ်းမှ မရှိ၍ဖြစ်ရသည်ဟု ဆိုက ဘယ်လိုအဖြေပေးနိုင်ပါသနည်း ။
(၉) လူသားတို့တွေကြုံနေရသည့် ဒုက္ခ ဆင်းရဲ အမျိုးမျိုးတို့သည်သေချာ လေ့လာကြည်ပါက (ခန္ဓာကိုယ်ရှိသူတိုင်းဒုက္ခမကင်းကြောင်း သေခြာ လှပါ သည်) ဒါ့ကြောင့် လူသား တို့ကို ဖန်ဆင်းသော ထာဝရဘုရား သည် ချမ်း သာ ပေးသလား ဆင်းရဲပေးသလားဆိုတာသိချင်ပါတယ် ။
(၁၀) လူသားတိုကိုမေတ္တာ ကရုဏာဖြင့်ဖန်ဆင်းသည်ဟု ဆိုပါက မည်သူ တစ်ဦးကမျှမလိုချင် မဆေတာင့်တသည့် (အိုရခြင်းနာရခြင်း )ဆင်းရဲတို့ကို ဘာကြောင့်ဖန်ဆင်းခဲ့ပါသနည်း ။ ဖန်ဆင်း ရှင် ၏မေတ္တာ ကိုရှင်းပြပါ ။
(၁၁) မွေးခြင်းသေခြင်း ဆင်းရဲခြင်း ချမ်းသာခြင်းပျော်ရွင်ခြင်း ကြေကွဲခြင်းစ သည့် အရာရာတိုင်း ဘုရားသခင် ၏အလို တော်အတိုင်းသာ ဖြစ်ရသည် ဟု ဆိုပါက သူတစ်ပါး၏ စော်ကားခြင်းခံရသော အမျိုးကောင်းသမီးတစ်ဦး ၏ အဖြစ်ဆိုးသည် ဘုရားသခင်၏ အလိုတော်အတိုင်းဟု သဘောသက် ရောက်ဖွယ် ရှိပေသည် ဤသို့ မှန်ပါက ဘုရားသခင်၏ ကရုဏာတော် သည် မည်သိုပါနည်း ။
(၁၂) သာမန်ထူးချွန်သော လူပုဂ္ဂိုလ်သည်ပင်လျှင် ထူးချွန်လာဖို့ ကြိုးစား ဖြတ်သန်း လာခဲရသည့် ခိုင်လုံသော အတ္ထုပ္ပတ္တိ သည်ရှိ၏ ၊ ယခုကဲသို့ တု နိုင်းမမှီသော ဖန်ဆင်းရှင်ဂုဏ်နှင့် ပြည့်စုံသူတွင် သူတကာတို့နှင်မတူဘုရား သခင်တစ်ဆူဖြစ်ဖို့ထူးခြားစွာ ကြိုးစားဖြတ်သန်းခဲ့ရသော ခိုင်လုံသော အတ္ထုပ္ပတ္တိ သည်ရှိသင့် လှပေသည် ။ ရှိက ဖေါ်ပြပါ ။ အကျိုးတရားတစ်ခု တစ်ခုတိုင်းတွင် အကြောင်းတရားရှိ၏ ၊ အကြောင်းတရားမရှိပါက အကျိုး တရား ပေါ်ရိုးထုံးစံ ရှိပါသလား ၊အခိုင်အမာဖြေကြားပါ ။
(၁၃) ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ဟုလူတိုင်းသိကြပါသည် ၊ သင်ကိုယ်တိုင် ကလည်း ဒုက္ခရှိတာ ငြင်းချက်မရှိ သေချာ၏ ( ဒုက္ခ ဖြစ်စေနိုင်သည့် ဤ ခန္ဓာကိုယ်ကို ) ဖန်ဆင်းရှင် ဖန်ဆင်းပေးသည်ဟူဆိုပါက ဒုက္ခ ဖြစ်ရခြင်း ရင်းမြစ် ဒုက္ခ ဖြစ်အောင်ပြုလုပ်သူမှာထာဝရ ဘုရားပင်ဖြစ်မနေဘူးလား ( ကျေးဇူးရှင် ဟုခေါ်မလား) စဉ်းစား၍ ဖြေကြားပေးပါ ။
(၁၄) ထာဝရဘုရား(ဖန်ဆင်းရှင်) သာ မဖန်ဆင်းခဲ့ပါလျှင် သင်သည် ဒုက္ခ တွေကြုံ နိုင်ပါသလား ဤ ဖန်ဆင်းရှင်၏ လက်ချက်ကြောင့် မွေးရခြင်းဒုက္ခ စီးပွားရေး လူမှုရေး ပညာရေး ကျမ်းမာရေး အိမ်ထောင်ရေး သားရေး သမီး ရေး အိုရေး နာရေး သေရေး ဒုက္ခအစုစု တိုကဖြစ်ရသည်မှာ ဘယ်သူမှ ငြင်းနိုင်အံ ပါနည်း။ စဉ်းစား၍ သဘာဝ ကျကျ ငြင်းချက်ထုတ်ပြပါ ။
(၁၅) အပြစ်သားကိုကယ်တင်ခြင်းသည် အဆပ်ပင်ရေလောင်း ခြင်းသာ ဖြစ်တော့၏ ဥပမာ - သင့်အပေါ် စောကာချင်တိုင်းစောကားသော လူယုတ် မာ အဖြစ်မှ လွှတ်အောင်ဘုရားသခင် ထံချဉ်ကပ် ဆုတောင်း၍ ဘုရား သ ခင် (ကယ်တင်ရှင်သည် လူယုတ်မာ၏ အပြစ်ကိုခံယူပြီး) ဘယ်လိုခံစား ရ မည် နည်း ။ အဓိပ္ပါယ်ရှိပါသလား ရှင်းပြပါ ။ ဥပမာ - သင်ကိုယ်တိုင် ဆူးကို တက်နင်းပြီးဖြစ်ပေါ်သည်နာကျင်မှုဒဏ်ကိုဘုရားသခင်(ကယ်တင်ရှင်/ ဖန်ဆင်းရှင် )ထာဝရဘုရားက ခံစားပါသလား သင်ကပဲခံစားရပါသလား ၊ အဓိပ္ပါယ်ရှိအောင်ဖြေကြားပါ ။
(၁၆) ထာဝရ ဘုရား( ဖန်ဆင်းရှင်) သည်ကောင်းကင်နှင်မြေကြီး ရေ သစ် ပင် တော တောင် လူ တိရစ္ဆာန်တို့က ကိုဖန်ဆင်းခဲ့သည် ဟူဆိုသည် ။ (သို့သော်) ထိုထိုသောအသက်ရှင်သူတို့အသက်ရှင်ရေးအတွက် ရှုရှိက်ရာ လေ ကိုဖန်ဆင်းသည်ဟု ကျမ်းစာ၌ မပါရှိပါ ။ ဘာကြောင့် သတ္တ၀ါ တို့ ရှု ရိုက် ရာလေကိုမဖန်ဆင်းခဲရပါသနည်း ။ အကယ်၍ ဖန်ဆင်း ခဲ့သည်ဟူဆို ပါက လေကိုဖန်ဆင်းသည် ဟူသော ကျမ်း၏စာအုပ် စာမျကနာ အထောက် အထားတို့ဖြင် ခိုင်ခိုင်မာမာ သက်သေပြပါ ။
(၁ရ) ထာဝရဘုရား သခင်(ဖန်ဆင်းရှင်) သည် အနန္တမေတ္တာ ကရုဏာရှင် ဖြစ်ပါလှက် ဘာ့ကြောင့် လူဘ၀ကို ကြမ်းတမ်းစေ သနည်း ၊ မအို မနာ မသေ သော ကောင်းကင် နိုင်ငံတော်သို့ အစကတည်းက ဘာကြောင့် မပိုခဲ့ ပဲ လူသားတို့ကို ဒုက္ခ ခံစေသနည်း ) အနန္တ မေတ္တာ ကရုဏာရှင် ဆိုသော စကားနှင်ကိုက်ညီအောင်သုံးနှန်းဖြေကြားပေးပါ
(၁၈) ကိုယ်ဟာကို ကိုယ်ရှာစားပြီး ဘုရားကွေးသည်ဟူသောစကား မိမိဘာသာစီးပွားရှာ၍ ပြည့်စုံခြင်းကို ဘုရားပေးသည် ဟူသော အဓိပ္ပါယ် ကိုရှင်း ပြပါ ။ သင် မရှာပါက အစားအစာ ရပါမည်လော သင်စီပွားရေး မရှာ ပါက ပြည်စုံပါမည်လော ထိုသို့ (စားရ ခြင်းပြည်စုံခြင်း အကျိုးတရားတို့ တွင် ဘုရားသခင်(ဖန်ဆင်းရှင်) ၏ လုပ်ဆောင်ချက် ရှိပါသလား ) ရှိပါက ဖေါ်ပြပါ ကိုယ်ဟာကို ရှားစားပြီး တစ်လွဲတစ်မျိုး ထင်ရာ ရောက်မနေဘူး လား ၊ သဘာဝကျအောင် စဉ်းစားဖြေကြားပေးပါ ။
(၁၉) ဖန်ဆင်းရှင်သည် ဤ ကမ္ဘာကို (၆) ရက်ဖန်ဆင်း တစ်ရက်နားခဲ့ပါက နေစင်္ကြာဝဠာ တစ်ခုကို ရက်(၇၀) ၊နဂါးငွေတန်းစုကြီးကိုရက်ကုဋေ(၇)သိန်း ၊ အနန္တစင်္ကြာဝဠာကို ရက်ကုဋေ ခုနစ်သိန်း တစ်သန်း ဖန်ဆင်း ရလိမ်မည် ဟုတ်နိုင် ပါသလား ။
(၂၀) ထာဝရဘုရား(ဖန်ဆင်းရှင်)သည် ဤ ကမ္ဘာ ကိုဖန်ဆင်းသည်ဟူဆို၏ သို့သော် တစ်ခြား တစ်ခြားသော စင်္ကြာဝဠာ ဂြိုလ် အသိးသီးမှ ဂြိုလ်သား များ ဤ ကမ္ဘာသို့ ရောက်ရှိနေခြင်း ရောက်ရှိလာခြင်း များကို သိပ္ပံ သုတေ သနပြု စာအုပ်များတွင် အထင်အရှားပင် တွေမြင်နေရပါသည် ။ ထိုဂြိုလ် သား များကို ဖန်ဆင်းရှင် (ထာဝရဘုရား) ဖန်ဆင်းခဲ့ပါသလား ၊ ဖန်ဆင်းခဲ့ သည် ဟုဆိုပါက ကျမ်းအထောက်အထား ခိုင်လုံစွာဖြင့် ဖြေကြားပေးပါ ။
(၂၁) ထာဝရဘုရား(ဖန်ဆင်းရှင်) ဖန်ဆင်းသည်မှာတစ်ကမ္ဘာပဲ ဟုသိရပါ သည် သိုသော် စင်္ကြာဝဠာ အနန္တ ဟူ၍ မရေတွက်နိုင်သြော၈ိုလ်အမျိုးမျိုး ကမ္ဘာ အမျိုးမျိုး ရှိနေကြောင်း သိပ္ပံစမ်းသပ်မှု့တွေ ၌ ဖော်ပြ နေကြသည် ကို အဘယ်သို့ဖြေရှင်းမည်နည်း ။
(၂၂) ယနေသိပ္ပံပညာနှင့် လက်တွေ့ တွေ့ရှိမှု့ ဖြစ်စဉ်များ သည် ထာဝရ ဘုရား ၏ ဖန်ဆင်းမှု့ဝါဒတွေ ကိုငြင်းဆန်နေသကဲ့သို့ ရောက်ရှိနေပါသည် ။ ထို့ကြောင့် သိပ္ပံပညာက မှားသည်ဟုပြောမလား ဖန်ဆင်းရှင် ၀ါဒ က မှား သည် ဟုပြောမလား အဓိပ္ပါယ်ရှိရှိ ငြင်းချက် ထုပ်ပြပါ ။
(၂၃) ထာဝရဘုရား(ဖန်ဆင်းရှင်)၏ရုပ်ပုံလွှာသည် ဆံပင် မွှေးညင်း သည် ဖြူဖွေးသော နှင်းပွင့်နှင့်တူ၏ မျက်လုံး ခုနှစ်လုံး ရှိ၏ ဦးချို ခုနှစ်ချောင်းပါပြီး ခြေထောက်တော် နှင့် လက်တော်တို့တွင် မီးရဲရဲ ဖုတ်ထားသော ကြေးဝါ ရောင် ရှိသည်ဟု ကျမ်းစာတို့တွင် အတိ အကျဖေါ်ပြထားပါလျှက် အဘယ် ကြောင့် တရားဟောရာများတွင် ထည့်မဟောကြဘဲ ၀ိညဏ်တော် ဟူ၍ ဖုံးကွယ်ထားရသည် ကိုရှင်းပြပါ ဤသို့ သောခန္ဓာဖွဲ့စည်းပုံတို့ဖြင့် ကြည်ညို ဖွယ်ဟူ၍ ဘယ်လိုခံစား ဆက်စပ်ပြီး ကြည်နူးစွာ ကြည်ညိုပါသနည်း ။
(၂၄) သတ္တ၀ါ တိုသည်အဘယ်တရား၏ သဘောကိုခံယူနေကြပါသနည်း ။ အို နာ သေ နှင့်ခန္ဓာဒုက္ခ အကြောင်းသတ္တ၀ါ လောက၏ ဘုံဘ၀ စက်ဝိုင်း ကိုဘယ်သူဟောကြားခဲပါသနည်း ။ ဓမ္မဟောင်းကိုမည်သူဟော၍ ဓမ္မသစ် ကို မည်သူ ဟောပါသနည်း ။ ၄င်း ပုဂ္ဂိုလ်နှစ်ဦး၏ ဟောပြောချက်များ အ ဘယ် ကြောင့် ဆန်ကျင်နေပါသနည်း ။
(၂၅) ထာဝရဘုရား ဆိုတာဘယ်သူပါလဲ ဘာကြောင့် ကိုယ်စားလှယ်တော် (သားတော်)လွှတ်ရပါသနည်း အဘယ်ကြောင့် ကိုယ်တိုင် လောကတွင်း သို့ မဆင်းသက်ရပါသနည်း ။
(၂၆) စာရေးဆရာဆန်းလွင် ရေးသားသော ရတနာသုံးပါး ကို ယုံကြည် ကိုးကွယ် ဆည်းကပ်လာသူတစ်ယောက် အကြောင်းမှ ခရစ်ယာန်ဝါဒ ၏ ကောက်နှတ်ချက် များကိုဖြေရှင်း နိုင်ပါသလော ။
(၂ရ) ဆိုးမိုက်၍ မလိမ္မာသော လူယုတ်မာများ ကိုအဘယ်ကြောင့် ဖန်ဆင်း ထားပါသနည်း ၊ သူဟာသူ ဆိုးမိုက်လာရပါသည်ဟု ဆိုပါက အနန္တ တန်ခိုး တော် ဖြင့် ပြန်လယ်ရုပ်သိမ်း လိုက်သင့်ပါသည် ၊ မိမိဖန်ဆင်းထားသူများကို မိမိပါသာ ရုပ်သိမ်းနိုင်ပါသလား တန်ခိုးတော်သည် မည်သို့ပါနည်း ။
ဟူသော မေးခွန်း(၂ရ) ခုမေးထား ပေးထားသည်မှာကြာပါပြီ တင်ပေး စေလို သော် လည်းမတင်ဖြစ်ခဲ့ပါ ပြန်လယ်ဖြေကြား စေလို၍ လည်းမဟုတ်ပါ ။ ပေး အပ် သောစေတနာကို လေးစားသောအားဖြင့်သာ အများ သိစေလိုယုံ သာ ဖြစ် ပါသည် ။ ဖန်ဆင်းရှင်ကိုးကွယ် သူများ မည်သူမဆို လေ့လာစေလို ပါ သည် ။ ဖြေမည်ဆိုလဲ အပြည့်အစုံအကုန်ဖြေပေးနိုင်မှသာ ၀င်ရောက် ဖြေ ကြား စေလိုပါသည် ။

သတ္တ၀ါအများ လမ်းအမှား မရောက်သွား စေလိုပါ
သတ္တ၀ါအများ အယူမှား မဖြစ်ပွားစေလိုပါ
သတ္တ၀ါအများ ကိုးကွယ်မှားမဖြစ်ပွားစေလိုပါ
သူများပြောလိုက် စုံမှိတ်မိုက် မယုံလိုက်စေလိုပါ
ကိုယ်ပိုင်ညဏ်နှင့် နည်းစုံချင့် စဉ်းစားသင့်ကြ၏
သတ္တ၀ါအများ မှန်တရား မြင်နိုင်ပါစေသား
ဗုဒ္ဓဟောကြား မြတ်တရား မြင်တွေ့ပါစေသား
တရားသိမှ ချမ်းသာရ မှချ ခု နောင် ငြိမ်းချမ်း မည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်