Monday 24 March 2014

“ “ ဆရာတော်ရွှေည၀ါ ၊ ဆရာတော် ဦးဝီရသူ(မစိုးရိမ်) နှင့် ဗုဒ္ဓဂုဏ်ရည်ဆရာတော် ” ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ “ ဆရာတော်ရွှေည၀ါ ၊ ဆရာတော် ဦးဝီရသူ(မစိုးရိမ်) နှင့် ဗုဒ္ဓဂုဏ်ရည်ဆရာတော် ” ”
https://www.facebook.com/buddhagonyipage?ref=hl
အမျိုးဘာသာ သာသနာရေးကိစ္စတွေ ဆောင်ရွက်ရာမှာ ဆရာဒကာ ညီညွတ်ရေး လိုအပ်သလို ဆရာဆရာခြင်း ညီညွတ်ရေးတွေဟာလဲ အထူးလိုအပ် လှပါတယ် ။
ေ-ွး ၀မ်းသာအောင် လေလည်ဆိုသလို ၊ အမျိုးဘာသာသာသနာပျက်ပြားစေသူ တွေက တော့ မပြေလည်လေ၀မ်းသာလေမို့ သတင်းမှား သတင်းကားတွေနဲ့ အခြင်းခြင်း ကွဲပြားအောင် ဆောင် ရွက်ခြင်ကြတာလဲ ဓမ္မတာပါပဲ ။
ရွှေည၀ါဆရာတော်က NLD ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဝီရသူကလဲ အခုအစိုးရကြိုက်လုပ်နေတာ စသည်ဖြင့် ဂျာနယ်တွေ စာစောင်တွေမှာ စောင်းမြောင်းလို တစ်မျိုး ချိုးဖဲ့လို့တစ်ဖုံ အစုံစုံတိုက်ပွဲ ၀င်နေကြလို့ အမျိုးသားရေး တိုးတက်မှု့ နှောင့်နှေးကာ ဘာသာရေးဖြစ်ထွန်းအောင်မြင့်မှု့ယုတ်လျှော့လာမှာ စိုးရိမ်ရပါတယ် ။
ဗုဒ္ဓဂုဏ်ရည်ဆရာတော်အရှင်အဂ္ဂဓမ္မ (နိက္ခမ) အနေနဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ကြသူခြင်း ညီညွတ်အောင်မြင် ချမ်းသာစေခြင်လို့အမြဲငြိမ်းချမ်းရေး နှစ်လုံး သား နှင့်ကြိုးစားနေမှာဖြစ်ပါတယ် ။ ရွှေည၀ါဆရာတော်ကို လေးစားချစ်ခင် သလို ၀ီရသူဆရာတော် ကို အထင်ကြီးမြတ်နိုးရတာပါပဲ ။ ဘေးစကားတွေနောက်ထား သွေးသားကစကားပြောလာရင် အားလုံးငြိမ်းချမ်းသွားမှာပါပဲ ဆိုသော စိတ်ထားနှင့် ဆရာတော်ဦးဝီရသူရှိရာ ဆရာတော် ခေတ္တ သီတင်းသုံးရာ မြောက်ဒဂုံရှိ အိမ်မှာ အလယ်သွား ရောက်တွေ့ဆုံဖြစ်ပါတယ် ။
မဟာသန္တိသူခကျောင်းတော်ကြီး ၏ဘာသာရေး ဆိုင်ရာရှင်းလင်းပွဲ ပင့် လျှောက်လွှာ လေးပေးပြီးလာဖြစ်အောင်လာနော် သံဃာများမှ ကောင်းမှာဆိုပြီး အထူးဖိတ်ကြား လိုက်ပါတယ် ။ ကိုယ်တော်နှင့် တခါမှ လူခြင်း မတွေ့ မကြုံရသေးဘူး နော် ဆိုပီး ဖိတ်ကြားလာပါတယ် ။ မောင်းတီးဆရာတော် ၊ကိုမင်းစနေ ၊သခင်ခက်ထန် ၊ကိုတမာ တိုနှင့်အတူ နိုင်ငံခြားသတင်းထောက် ဘရူနို(ပြင်သစ်) ၊ ဘာသာပြန်ဆရာတစ်ဦး လဲပါဝင် ကြကာ တွေဆုံဖြစ်ခဲ့ပါတယ် ။
မောင်းတီးဆရာတော်တို့ပြန်သွားတော့ ရွှေည၀ါနှင့်ဆရာတော်တို့ ကြားမှာ ကြား နေရတာတွေ လို့ဆိုလိုက်တာနဲ့ဖိတ်စာလေးဖိတ်ပေးပါ လို့တာဝန်ပေး အပ် လိုက်ပါတယ် ။
ဆပ်ကပ်ပါသည် ရွေည၀ါဆရာတော် ၊မှ တပည့် ၀ီရသူ(မစိုးရိမ်)လို့ တွေ့လိုက်ရတဲ့အခါ ပီတိဖျာမိပါတယ် ။ နူးညံသောနှလုံးသား ရိုးသားသော ဗုဒ္ဓ စိတ်ဓါတ် တန်ဘိုးထားအပ်သော ရဟန်းဘ၀ နှင့် မြင့်မြတ်သောစိတ်ထားတို့ ကို ခံစားနားလယ်လိုက်ရပါတော့တယ် ။ အပြန်မှာ ကိုတမာက ကားကိုမောင်း ရင်းရွှေည ၀ါ ဆရာတော်ဆီ ဖုန်းဆက်တော့ မနက်က သွားတာ ဦးအဂ္ဂ ရေ မိုးညင်းရောက်နေပြီလို့ပြော တော့တာပဲ အခြေနေတွေရှင်းပြ အများသံသယ ငြိမ်းစေဘို့ အရှင်ဘုရားတို့နှစ်ပါးတွေ့ဆုံ မှတ်တမ်းတင်လေး လုပ်မလားလို့ ဆိုတော့ ဖြစ်တယ်လေ ကောင်းသားပဲ ကျုပ်က (၃)ရက် နေ့လောက်မှ ပြန်ရောက်မှာလို့ လက်ခံစကားဆိုလာပါတယ် ။တပည်တော်လဲ မှတ်တမ်းတင်အပ်သော ဘ၀သမိုင်းအဖြစ် ဆရာတော် ဦးဝီရသူနဲ့လဲချိန်ထားတယ် ဘုရား ဆိုတော့ ကောင်းတယ်ကောင်းတယ် နဲ့ ၀မ်းသာစွာ အားပေးရှာပါတယ် ။ ဘာပဲဖြစ်ြ့ဖစ် သာသနာကိုချစ်ကြသူတွေ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးကိုချစ်ကြသူတွေ ညီညွတ်ကြရမယ်လို့ ပဲတွေးရင်း ဆက်လက်ချီတက် ကြရပေဦးမည်ဟု၍သာ ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
— with မာ လု and 49 others.

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်