Thursday 3 April 2014

“ “ဖန်ဆင်းရှင်ဖြစ်သွားသော ဗုဒ္ဓဂုဏ်ရည်ဆရာတော် ” ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ “ဖန်ဆင်းရှင်ဖြစ်သွားသော ဗုဒ္ဓဂုဏ်ရည်ဆရာတော် ” ”
https://www.facebook.com/buddhagonyipage?ref=hl

ခရစ်ယာန်ငယ်သူငယ်ခြင်း ဆလိုင်းဘမောင်နေမကောင်းဖြစ်နေသဖြင့် ခဏခဏ သူရှိရှာ ဆေးရုံ သို့ ရောက်ဖြစ်ပါသည် ၊ မြိုထဲမှအပြန် ဒီတစ်ခါ လဲဝင်ဖြစ်ခဲ့သည် ။ အင်စိန်မှ အမွာဦးဆေးဆိုင် ဗိုလ်ကြီးချစ်ကိုကိုနှင့် အမွာ ညီအမတို့မှ ဆရာတော်အတွက် ဆို အင်ရှုးဝါး အဟာရမုန့်ကို ကပ်လိုက်ပေသည် ။ လူဘ၀က သူငယ်ချင်းနှင့်တွေပြန်တော့ လိုအပ်မည်ထင်၍ ကိုယ်အဖို့ကိုသူအဖို့ စီစဉ်လှုဒါန်းခြင်စိတ်ရှိလာလို့ ချက်ခြင်းလှုဒါန်းခဲ့သည် ။ သူမိသားစုများ က ဒီမှာ ကုန်နေတာ ဘုန်းကြီးလှုတော့ အကိုက်ပဲ ဟုဝမ်းသာစကားပြောလာသည် ။ “ဘုရားအလုပ်လုပ်တယ် ” ဟုလဲ ထပ်ပြောသည် ။ ဟင် လန့်တောင်သွားမိသည် ။ ဘုရားစီစဉ်ပေးတယ် ဟုပြောလာပြန်သည် ။ သူတို့ပြောသည့်ဘုရားသည် ဖန်ဆင်းရှင်ကို “ဘုရား” ဟုခေါ်ဆိုခြင်းပင် ။ ကုန်သွားတဲ့လက် ကျန်ဘူးလေး ကြည်တော အင်ရှုးဝါး(လိုက်ဖ်)ဖြစ်နေတော့သည် ။မိမိအလှုခံရသည်နှင့် မတူတော့ အင်ရှုးဝါး(မစ်လ်) အဲဒါက ၀မ်းလျှောတတ်တယ် ဟု ဆရာဝန်ကပြောဘူးသည် ဟုဆိုလာသော ကြောင့် လိုအပ်မှု့ကိုဖြေ့စွမ်းလိုသော မိမိစိတ်ဖြင့် (ကပ္ပိ) စီစဉ် ရပေတော့သည် ။ ဒါကိုတော့ ရေးသိုးဆရာတော်ဘုရားကြီလဲဆက်လှုမည်ဟု အာရုံပြုမိသည် ။ မိမိအလှု၏မြတ်ပုံကို ကျေနပ်မိစဉ် ၊ ဘုရားအလိုတော်ပဲနော် လို့ကြားခဲ့ရပေသည် ။ ဘယ်လိုပဲဖြစ်ဖြစ် ဖန်ဆင်းရှင်ဖြစ်သွားပြီလားဟုသာ အာရုံပြုမိပေတော့သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
— with မာ လု and 49 others.

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်