Saturday 26 April 2014


https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
``` ဘာသာပြောင်းသူများ နှင့် ဗုဒ္ဓဘာသာ ´´´
https://www.facebook.com/buddhagonyipage?ref=hl
ဗုဒ္ဓတရားတော်များကြောင့်ဖြစ်စေ အေးချမ်းလိုသောကြောင့်ဖြစ်စေ ဗုဒ္ဓဘာသာသို့ကူးပြောင်းလာသူများ များစွာရှိပါသည် ။ ဘာသာတရား ကောင်းသော်လည်း ခေါင်းဆောင်းကောင်း ပတ်ဝင်းကျင်ကောင်း နှင့် တွေဘို့ ဆိုသည်မှာ အချိန်ယူရပေဦးမည် ဖြစ်သည် ။ ယခုအခါတွင် အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ပြောင်းသူများရှိလာခဲ့ပေပြီ အခြေနေရ သော်လည်းကောင်း ၊ ပညာအရသော်လည်းကောင်း ပြောင်းခဲ့ သူများကို ၀မ်းပမ်း တသာ သာသနာမျက်နှာဖြင့် ဆီးကြို ကာကွယ်စောင့်ရှောက် ရမည် ဖြစ်ပေသည် ။ ယခုအခါ ပြောင်းလဲလာသည်များကို မကြေနပ်သော ဘာသာခြားများက အတွင်းလူဖြစ်အောင်လုပ်သည် ဆိုပြီး ၀င်လာသူတွေကို သံသယမျက်လုံးများနှင့်ကြည့်အောင် ဗုဒ္ဓဘာသာ တွင်အနေ မပျော်နိုင် အောင်သွေးထိုးလှုံ့ ဆော်လျှက် သူ့လူ ကိုယ့်ဘက်သား ပုံစံမျိုး ဖြင့် ၀င်ရောက်နှောက်ရှက်လျှက်ရှိပေသည် ။ တကယ် အစ္စလာမ်ဘာသာဝင် စစ်စစ်မှ ပြောင်းလဲသူများမှာ အံသြ နားမ လည် နိုင်အောင် ဖြစ်ရပေတော့မည် ။ တရားသိသောငြိမ်းချမ်းသော ဉာဏ် အမြင် ရှိသူများက ဘာမျှမဖြစ်သော်လည်း ။ အမျိုးးဘာသာသာသနာ ကာကွယ်စောင့်ရှောက်လိုသူများ ခါတော်မှီ စောင့်ရှောက်နေကြ သူများက လက်စောင်း ထက်စွာ ဘာသာ ပြောင်းသော လာသူများ ၊ ရဟန်းတော် များကို စုံစမ်း မေးမြန်းခြင်း စစ်ဆေးခြင်းတို့သည် ၊ သွားရောက်စုံစမ်းသူ ဗုဒ္ဓဘာသာဝင်အခြင်းခြင်းပင် အားနာဖွယ်ရာ ဖြစ်အောင် စစ်ဆေးမေးမြန်ကြပေသည် ။ သူလျှို နှင့် တန်ပြန်သူလျှိုဆိုသည်မှာ ဖြစ်နိုင်ပါသည် သို့သော် သတိသာရှိရမည်ဖြစ်ပြီး မယုံမကြည် ၊ စော်ကားသလို စောင့်ကြည့်ခံနေရသလို မလုံခြုံသော ဘ၀ တော့ မရောက်သင့်စေလို့ပါ ။ ယခုတင်ပြသော အရှင်အာဒိစ္စသည်အစ္စလာမ် ဘာသာမှ လူသာသနာပြု ဆရာအောင်ဖြိုးဝေ၏ ဆောင်ရွက်မှုဖြင့် အမှန် တကယ် ပြောင်းခဲ့သည်မှာ ယခု ရခိုင်အရေး အခင်း ရိုဟင်ဂျာ အရေး အခင်း ၊ များမစမှီက အတိုင်း ပြောင်းလဲခဲ့ပြီး တစ်မိသားစုလုံးမှာ ယခုထိ အစ္စ လာမ် ဘာသာဝင်များ ဖြစ်ပေသည် ။ မြန်မာနိုင်ငံပေါက် (တမီရ်)လူမျိုး ဖြစ် သော် လည်း ဟာခါးတွင်နေထိုင်စဉ်မှာ ပင် အမှန်တကယ် ဌာဏဆိုင်ရာပေါင်းစုံ တပ်မတော်တာဝန်ရှိ လူကြီးပေါင်းစုံနှင့် ဥပဒေနှင့် အညီ ပြောင်းလဲခဲ့ကြ ပေသည် ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့ ချင်းပြည်နယ် ခရီးစဉ်ထွက်ရင်း လူသာသနာပြု (အငြိမ်းစား) ကိုအောင်ဖြိုးဝေ နှင့်တွေ့မှသာသူ၏ ဆောင်ရွက် ချက်တစ်ခုအဖြစ် မှတ်တမ်းတင်ကာ ဆက်လက်လေ့လာရင်း သံလျှင်ဖားအောက်တွင် (၁၁)လကြာ တရား အားထုပ်နေသော အရှင် အာဒိစ္စ (ဟားခါး) အားသွားရောက်တွေ့ဆုံဆွေးနွေး ကာ ဒီဗွီဒီခွေ ပင်ထုပ် ဝေ လှုဒါန်းနေခဲ့သည်မှာ ကြာပြီဖြစ်ပါ သည် ။ ယခုအခါ သူ့ခင်မျှာ နေခွင့် မရ ဆောက်တည်ရာ မရအောင်ပြုလုပ် နေသည်ဟုပင် ထင်မြင် မိပါသည် ။
တရားသဘော နားလယ်စွာ ပြောင်းလဲသူဖြစ်သဖြင့် ဘာမျှအခက်ခဲမရှိပဲ ၊ လာရောက် စုံစမ် မေးမြန်း သူများကို ၊သူတို့ ဒီလိုလုပ်တယ်ဆိုတာ ` နားမလယ် သေးလို့ပါ ´ ဟုတရားပါပါ ပြောရှာပါသည် ။ ယခုအခါ ဗုဒ္ဓဂုဏ်ရည်ကျောင်း တွင် ခေတ္တ သတင်းသုံးလျှက်ရှိပြီး လိုအပ်သည်များ ဆောင်ရွက်ပေးလျှက် ရှိပါသည် ။ မည်သို့ပင်ဆိုစေကာမူ ဘာသာပြောင်းသူများ အပေါ် စာနာ ထောက်ထားသော အမြင်သစ်များဖြင့် ကာကွယ်စောင့် ရှောက် ကူညီ ပေးသင့် သည်ဟုမြင်မိပါတော့သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ ဆပ်သွားတောအုပ်စု မှော်ဘီမြို့ ။
ဖုံး-၊ ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်