Saturday 7 June 2014

“ နှစ်ပါတ်လည် အထိမ်းအမှတ် ၀မ်းမြောက်ကြောင်း ဂုဏ်ပြု သ၀ဏ်လွှာ ” နေစွဲ့ ၁၆-၆-၂၀၁၄(တနင်္လာနေ့)

အမျိုးဘာသာသာသနာကာကွယ် စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ၏ နှစ်ပါတ်လည် အခမ်းအနားသို့ ပဓါနနာယကဆရာတော် ဗုဒ္ဓဂုဏ်ရည်အရှင်အဂ္ဂဓမ္မ ဆရာတော် ထံ မှ ပေးပို့အပ် သော
“ နှစ်ပါတ်လည် အထိမ်းအမှတ် ၀မ်းမြောက်ကြောင်း ဂုဏ်ပြု သ၀ဏ်လွှာ ”
နေစွဲ့ ၁၆-၆-၂၀၁၄(တနင်္လာနေ့)
အလွန်နှစ်သက် ပျော်ရွင်ဘွယ်ကောင်းတဲ့ ဒီလိုနှစ်ပါတ်လည် အခမ်းနားနေ့မှာအမျိုးဘာသာသာသနာအတွက် မိမိအသက်ကိုပင် ပဓါနမထားပဲ ကြိုးစားထမ်းဆောင်ပါမည်ဟုသံဒိဌာန်ထားကာ (၁၆- ၆-၂၀၁၄)နေ့တွင် ဖွဲ့စည်းတည်ထောင်ထားသောအမိ မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) မဟာချိုင် အဖွဲ့ သားများအားလုံးကိုမင်္ဂလာအပေါင်းနှင့် ပြည်စုံကြလျှက် တိုးတက်အောင်မြင်ပါစေကြောင်းပဏာမဂုဏ်ပြု မှတ်တမ်းတင်ရင်းဆုတောင်းပတ္ထနာပို့သအပ်ပါသည် ။
ဒါယကာဒါယိကာမလူငယ် မောင်မယ် သားငယ် သမီးငယ် အပေါင်းတို့ အသက်အရွယ် ငယ်စဉ်မှာ ဘ၀ အတွက် ၊ မိသားစုအတွက် ၊ ဆွေဂုဏ် မျိုးဂုဏ် မြင့်မားအောင် တိုင်းတစ်ပါးမှာအသက် သွေးချွေး စတေးပီးရွှေ့ပြောင်းအလုပ်သမားများအဖြစ် ရည်တည် လုပ်ကိုင်နေရသည့်ကြားမှ အမျိုးဘာသာသာသနာကာကွယ်ဖို့ ကြိုးပန်းဆောင်ရွက်သူများ၏ ဦးဆောင် ပဓါနနာယကဆရာတော်ဖြစ် တာဝန်ယူဆောင်ရွက်ခွင့် ရနေသည်ကိုလဲဂုဏ်ယူဝမ်းမြောက် စွာဖြင့် အမျိးဘာသာသာသာနာတိုးတက်နိုင်ပါရန် ဆက်လက် ကာကွယ်ဆောင်ရွက်ပေးကြပါလို့ ပထမဦးစွာတိုက်တွန်းနိုးဆော် လိုက်ရပါသည် ။
အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကြီးခုလို့ ညီညွတ်စွာရပ်တည်နိုင်ခြင်းဟာအဓိကကြတဲ့ ထိုက်သင့်တဲစည်းလုံးမှု့ ရှိနေကြလိုပါပဲ ။ ဒီလိုပဲ ထာဝရ ရေရှည်အောင်မြင်ဖို့ဆိုရင် ဒါထက် ပိုမိုစည်းလုံးရမယ် ညီညွှတ်ရမယ်လို့ နှလုံးသားထဲမှာဆုပ်ကိုင်ထားရင်းတိုင်းရင်းသား ပေါင်းစုံပါဝင်တဲ့ ဗုဒ္ဓဘာသာဝင် တို့ရဲ့ တခုတည်းသောစည်းလုံးရာ ဖြစ်အောင် ကြိုးစားအားထုတ် သင့်ကြပါတယ် ။ မိမိတို့ရဲ့ လုပ်ဆောင်ချက် ညီညွတ်မှု့ ကြိုးစားအားထုပ်မှု ဘယ်လောက် ရှိ သလဲလို့သိခြင် ရင် ဘယ်လောက်အတိုက် အခံတွေ ရှိပြီးဘယ်လို ကြိုးစားကျော်ဖြတ် တိုက်ခိုက်အောင်မြင်ခဲ့သလဲဆိုတာနဲတိုင်းတာရမှာဖြစ်ပါတယ် ။
ယနေ့အချိန်အခါသည် ဦးဇင်းတို့ဒါယကာဒါယိကာမတို့ မြန်မာနိုင်ငံမှာအဖက်ဖက်ကအဆင့်မမှီ့မှု့ ဆုံးရုံးမှု့တွေနဲ့ ကြုံတွေ နေရလို့ တို့များကိုယ်တိုင်လဲတတ်နိုင်သမျှ တိုးတက်အောင် မြေခြားရေခြားအသက် ပင် ပဓါနမထား ၊ လုပ်အားဖြင့် ကြိုးစားစွမ်းဆောင် နေကြရပေသည် ။ ကိုစွမ်းအားညဏ်စွမ်းအားများကို ဖြည့်တင်းရင်းခေတ်သမိုင်းကိုရေးမည့် လက်များအဖြစ် အင်တာနက် ဖေ့စဘုတ် စတဲ့ ခေတ်မှီ နည်းပညာသတင်းဖလှယ်ခြင်းတွေကိုလဲမဖြစ်မနေသုံးစွဲလေ့လာအသုံးခြသင့်ပေသည် ။
တိုင်းတစ်ပါးကိုလိုက်မှီအောင် ဆောင်ရွက်ကြရမယ် ဆိုတဲ့နေရာမှာတစ်ဦးခြင်းစီရဲ့ ပညာရည် မြင့်မားခြင်း က အဓိက ကြနေပါတယ် ။ အတန်းပညာကိုအဓီကပြောလိုတာမဟုတ်ပဲ ၊ ဆိုင်ကယ်စီးကားမောင်းစက်ပြင်ဆိုသလိုလူငယ်တိုင်းတတ်ထားအပ်တဲ့ ကွန်ပြူတာဖေ့စဘုတ် စတဲ့ အလုပ်ခွင်ပညာနှင့် အလုပ်ခွင်ပြင်ပပညာတွေဟာအသက်အရွယ် အခြေအနေနဲ့ မဆိုင်ပဲ ကြိုးစားအားထုပ်သူတို့ ရဲ့ ကိုယ်ပိုင် ဥစ္စာသာ ဖြစ်ပါတယ် ။
ကိုယ်နိုင်ငံမှာလုပ်ကိုင်ရင်းလေ့လာမယ်ဆိုရင် အခြေနေအမျိုးမျိုးကြောင့်(အင်တာနက် လိုင်းမကောင်းတာသုံးစွဲဖို့ ၀င်ငွေ အားနည်းတာ) တိုးတက်မှု့ အားနည်းနိုင်သလိုသူများမြေသူများရေမှာပိုမို ကြိုးစားအားထုပ်မှ တော် ကာ ကြမယ်လို့ မြင်ယောင်မိလို့ အမျိုးဘာသာသာသနာစောင့်ရှောက် ရေးအဖွဲ့ ၀င်တိုင်း တတ်တားသင့် “သင်ထား”သင့် ပါတယ်လို့ အားပေးတိုက်တွန်းလိုက်ရပါတယ် ။
တိုင်းပြည်တစ်ခုနိုင်ငံတစ်ခုလူမျိုးတစ်စုဘာသာတစ်ခုကိုအောင်မြင် အောင် အကာအကွယ်ပေးဖို့ ဆိုရင် ရှေးတုံးကလို (heard ware)ပိုင်းဓါးတွေ တုတ်တွေ သေနပ်တွေ လက်နက်တွေထက် ခေတ်မှီ ဆန်းပြားတဲ့ လက်နက်အသစ်တွေ အားကိုးရမှ တည်ထွင် ထုပ်လုပ်ကိုင်စွဲရမှာဖြစ်သလို (soft ware) ပိုင်းဖြစ်တဲ့ သတင်းနည်းပညာဟာမရှိ မဖြစ် (media net wet) သတင်းချိတ်ဆက် ဖြန့်ချီတိုက်ခိုက်ခြင်းနည်းပညာဟာသမိုင်းသစ်ကိုဖန်တီးလိုသူများအတွက် မဖြစ်မနေတတ်သင့် သိသင့် ၀င်ရောက် ပါဝင် တိုက်ခိုက် လေ့လာသင့်တဲ့ အရေးတကြီးလိုအပ်တဲ့ ပညာဖြစ် နေပီဖြစ်ပါတယ် ။
နောက်ဆုံးနုတ်ဆက် မှာတမ်းအဖြစ် ဒါယကာဒါယိကာမလူငယ် မောင်မယ် သားငယ် သမီးငယ် အပေါင်းတို့ (၁) စည်းလုံးညီညွတ်ခြင်းကိုခွန်အား (၂) နည်းပညာများလေ့လာ ကြိုးစား မှု့ကိုစွမ်းအားအဖြစ် အခြေတည်လို့(၃) သတိညဏ်ပညာ ကြီးသောအသိတရားများလက်ကိုင် ထားကာအမျိုးဘာသာသာသနာကာကွယ်စောင့် ရှောက်ရေး (ဗဟို) အဖွဲ့ကြီး အနှစ်များမြောင် တည်တံကြာအောင် ရဲရင့် ရင့်ကျက် သောလူငယ် မျိုးဆက်သစ်များမွေးဖွားရင်းအောင်မြင်သည်ထက် အောင်မြင့် အောင် ကျင်ကြံကျိုးကုတ် ကြိုးစားရှာဖွေ အားထုပ်နိုင်အောင် ဆက်လက် စွမ်းဆောင်နိုင်ပါစေလို့ ဆန္ဒပြုရင်း နှစ်ပါတ်လည် ဂုဏ်ပြု သ၀ဏ်လွှာ ကိုဂုဏ်ပြု မှတ်တမ်းတင် ပေးပို့ လိုက်ရပါတော့သည် ။
အမျိုးဘာသာသာသနာကိုတိုးတက်အောင်မြင်အောင် စုပေါင်းကာကွယ် စောင့်ရှောက် နိုင်သောအမျိုးကောင်းသားများဆထက် တန်ဘိုး မြင့်တက်အောင်မြင် ကြီးပွားကြပါစေဟု ဆန္ဒပြု နိုးဆော် တိုက်တွန်းလိုက် ရပါတော့သည် ။
ပဓါနနာယကဆရာတော်ကြီးဗုဒ္ဓဂုဏ်ရည်ဆရာတော်အရှင်အဂ္ဂဓမ္မ(နိက္ခမ)

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်