Showing posts with label ဒါနဆိုင်ရာ. Show all posts
Showing posts with label ဒါနဆိုင်ရာ. Show all posts

Saturday, 19 July 2014

“ အာဇာနည်နေ့အထူးကုသိုလ်တော် ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ အာဇာနည်နေ့အထူးကုသိုလ်တော် ”
https://www.facebook.com/buddhagonyipage?ref=hl
၂၀၁၄ ဇူလိုင်လ ၁၉ ရက်နေ့ ဒီနေ့ စနေ့နေ့အာဇာနည်နေ့မှာ ထိုင်း နိုင်ငံ မှ ရွှေ့ပြောင်း အလုပ်သမားများ၏ အလှုတော်အဖြစ် အ၀တ် အထည် အလှုများကို အုတ်လုပ်ငန်း(၃)ခုမှ အုတ်လုပ်သားများအားလုံး ကိုလှုဒါန်း ဖြစ်ခဲ့ ပါတယ် ။ထိုင်းနိုင်ငံ မဟာချိုင်ရှိ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့၊ ဗုဒ္ဓဂုဏ်ရည် သာသနာစောင့်ရှောက်ရေး အဖွဲ့ ၀င်များ ၊ အမျိုးသား စိတ်ဓါတ် မြင့်တင်ရေအဖွဲ့များ၏ စုဆောင်းထားသော အ၀တ်အထည် များဖြစ်ကြပါတယ် ။ သီးခြား အလှုရှင်များဖြစ်ကြသော မစကိုင်း ၊ မမိုင် ၊ မသန်းညွန့်ခင် ၊ မလေးတို့ စုဆောင်းလှုဒါန်း လိုက်သော အထည်များ လည်း ပါဝင်ပါတယ် ။ ဂျလန်းကျွန်း သာသနာပြု အဖွဲ့များမှ ပိုလျှံလှုဒါန်းမှု့ အဖြစ် အထည်များ လည်းရှိလှုဒါန်းခြင်းဖြစ်ပါတယ်။ အထူးကုသိုလ်ရှင်များ အဖြစ် ဘုရားအလှုတော်များပြုလုပ်သော ကိုဝင်းလွင်+ မမိုးမိုး ၊ကိုတင်နိုင် +မဆုမိုရ် (ကိုယ်ကာယအလှသင်တန်း) ၊ မ၀င်းမိုရ် မိသားစုများမှ ယခင် လှုဒါန်းထား သောဘုရားများ ၊ ယခုပါလာသော ဘုရားဆင်းတုတော်များ ၊ အထည်များနှင့် ၊ခေါင်းစည်းများ လည်း ထည့်ဝင်လှုဒါန်းဖြစ်ခဲ့ကြပါတယ် ။
မီးဘေး ၊ ရေးဘေး ၊ မုန်တိုင်းဘေး စသော သဘာဝ ဘေးဒဏ် များနှင့် အရေးပေါ်လိုအပ်သော နေရာများသို့ လူဒါန်းနိုင်ပါရန် အ၀တ်အထည်းများ ဘုရားဆင်းတုတော်များ ထား ရှိ ပါတယ် ။ နောက်ပိုင်းတွင် အစားအစာ စားသောက် ဖွယ်ရာများ ကိုကြိုးစားစုဆောင်း အလှုခံထားပေးပါမည် ။ အလှုခံလိုသော ဓမ္မမိတ်ဆွေများအနေနှင့် ကိုဝင်းလွင် (၀၉၇၃၀၉၄၇၉၉ ၊ ၀၉၈၆၂၄၅၈၃) ၊ မမိုးမိုး(၀၉၅၀၀၆၃၄၉ ၊ ၀၉၇၃၀၄၀၃၁၉) ၊ကိုတင့်နိုင် + မဆုမိုရ် (၀၉၂၅၄၁၉၀၅၆၂) တို့ထံမှာယူအလှုခံနိုင်ပါသည် ။ အ၀တ်အထည်နှင့် အထောက်အပံများ လူဒါန်းလိုပါကလဲ ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့သို့၎င်း ၊ ထိုင်းနိုင်ငံ မဟာချိုင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သို့၎င်း ၊ ထိုင်းနိုင်ငံ စိုင်ဟ ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့သို့၎င်း ၊ မြန်မာနိုင်ငံရန်ကုန်မြို့ ရှိ ကိုဝင်းလွင် (၀၉၇၃၀၉၄၇၉၉ ၊ ၀၉၈၆၂၄၅၈၃) မမိုးမိုး (၀၉၅၀၀၆၃၄၉ ၊ ၀၉၇၃၀၄၀၃၁၉) ကိုတင့်နိုင် + မဆုမိုရ် (၀၉၂၅၄၁၉၀၅၆၂) များထံသို့လဲလာရောက်လှုဒါန်းနိုင်ပါသည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ ဆပ်သွားတောအုပ်စု မှော်ဘီမြို့ ။
ဖုံး-၊ ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
— with Kyaw Lin and 49 others. (4 photos)

Friday, 18 April 2014

``` နှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်တော်များ ´´´

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
``` နှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်တော်များ ´´´  

နှစ်သစ်ကူး ရဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာကို ခမရ(၇၀၂)(၇၀၃)မှလူငယ်များ ၊ တပ်မတော်ဗိုလ်သင်တန်း ကျောင်းမှ လူလတ်ပိုင်းများ ၊ ဦးစိုးသိန်း ၊ ဦးသန်းကျော် အုပ်စက်များမှ လူငယ်များ တို့သည် ၊ ကုဋီ ဆေးကြောခြင်း ၊ အိမ်သာသန့်ရှင်းခြင်း ၊ကျောင်းတွင်း အမှိုက် လှဲခြင်း ၊ပန်းကန်ခွက်ရောက်သန့်ရှင်းးခြင်း ၊ ဒါန၀တ္တု လှုဒါန်းခြင်း၊ သီလဆောက် တည်ခြင်းစသည့် ကုသိုလ်ကောင်းမှု့ များပြုလုပ်ကြ ကာ ပျော်ရွင် ကြည်နုးစွာ လာရောက်ကုသိုလ် ယူကြပါပေသည် ။ လူငယ်အသိ ညဏ်သတိနှင့် ပညာရှိများဖြစ်ကြပါစေဟု ဆန္ဒပြုမိပါပေတော့သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ ဆပ်သွားတောအုပ်စု မှော်ဘီမြို့ ။
ဖုံး-၊ ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

Monday, 14 April 2014

``` ခရစ်ယာန်မလေး နှင့် မင်္ဂလာဆောင်´´´

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
``` ခရစ်ယာန်မလေး နှင့် မင်္ဂလာဆောင်´´´
https://www.facebook.com/buddhagonyipage?ref=hl

ခုတစ်လော ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာတွေ အနုပညာလောက ထင်ရှားသူတွေ နှစ်ဘာသာ မင်္ဂလာဆောင်ပွဲတွေကျင်းပနေကြပါတယ် ။ တပည့် ဒကာရင်း အရာရှိလေးက သူ့ မင်္ဂလာဆွမ်းလေး တရားဟော ပေးပါဆိုလို ၊ စောစောကြွဟောဖြစ် ခါ မှ ဘာသာမညီ အိမ်ထောင်ပြုခြင်း လေး ဖြစ်နေပါတော့တယ် ။ ထမ်းပိုးမညီ အိမ်ထောင့်သဘော ခရစ်တော် မနော နှင့် ဗုဒ္ဓအဟော ရောနှောလို့တည်ဆောက် နိဗ္ဗာန်ရောက်အောင် အလင်း လမ်းကြောင်းပြ ဖွင့်ပြခဲ့ပါတယ် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊မှော်ဘီမြို့ ။
ဖုန်း၊-၀၉၇၃၇၉၀၆၉၈ ၊၀၉၅၀၇၄၆၄၅
— with မျိုးချစ်မြန်မာ ဆရာတော် and 5 others.
6Like · ·

Thursday, 3 April 2014

“ “ လိုအပ်နေသော ပါဝါဘဏ့်လေးအလှုခံခွင့်ရခဲ့ပြီ ” ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ “ လိုအပ်နေသော ပါဝါဘဏ့်လေးအလှုခံခွင့်ရခဲ့ပြီ ” ”
https://www.facebook.com/buddhagonyipage?ref=hl
ခရီရှည်ထွက်ပြီးသာသနာရေး ကိစ္စတွေဆောင် ရွက်သည်အခါ အလွန်လိုအပ်သော တယ်လီဖုန်းအားဖြည် ဘက်ထရီလေးသာဖြစ်သည်။ UT00 ခေါ် ပါဝါဘဏ့်လေးကို ဆရာတော်ဦးဥတ္တမသာရ (မလေးရှား)ကလှုဒါန်းလိုက်ပါသည် ။ဒကာမလေး မသင်း(မလေးရှား) က မိတ်ဆက်ပေးသလို ဖေ့စဘုတ်မှာရင် နှီးသောဆရာတော်ဘုရား အရှင်ဥတ္တမသာရသည် နိုင်ငံစုံသာသနာ ပြုနေသလို တည်ပည့်ကောင်းတပည့်မွန်များရှိသော ဆရာတော်ဘုရားဖြစ်ပါသည် ။သာသနာ့အကျိုးကိုသာကြည့်တတ် ပြီး အားပေးတိုက်တွန်းရှာပါသည် ။ တောထွက်ဘ၀ အသက်ကြီးမှ ရဟန်းဖြစ်ရရှာသော အရှင်အဂ္ဂဓမ္မ အားလေးစားစွာဆက်ဆံသဖြင့် လွန်စွာ အံသြကြည်ညိုမိပါသည် ။ လက်ဆောင်တစ်ခုအဖြစ် စွန့်သောပစ္စည်းမှာ ဗုဒ္ဓဂုဏ်ရည် ဆရာတော် တမ်းတလျှက်ရှိသော ပစ္စည်းလေးဖြစ်နေသဖြင့် လွန်စွာ ကျေနပ်စွာ အလှုခံဖြစ်ခဲ့ပေတော့သည် ။
ဒကာမလေးမသင်းကိုလဲအထူးကျေးဇူးတင်မိပါသည် ။ သိမ်အတွက်ဆိုပီးငါးသောင်း လဲလှုဒါန်းသွားသေးသည် ။ စုပ်ရောလာဒ်ပါဝင်လေပြီ ။အားလုံချမ်းမြေ့ နိဗ္ဗာန်တွေကြပါစေလို့သာ ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
 


Monday, 17 March 2014

“ “သာသနာ့မြေမဟီ မဟာသိမ်တော်အတွက်လှုပါသည် ” ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ “သာသနာ့မြေမဟီ မဟာသိမ်တော်အတွက်လှုပါသည် ” ”
https://www.facebook.com/buddhagonyipage?ref=hl

ဦးမောင်မောင် + ဒေါ်နီနီ(မန္တလေး) မိသားစုတို့က ဗုဒ္ဓဂုဏ်ရည် သာသနာရိပ်သာတွင် တည်ဆောက် ရန် ရှိသော မဟာသိမ်တော်အတွက် အမိအဘများ အားရည်စူး၍ အလှုတော်ငွေ တစ်သိန်းတစ်သောင်းငါးထောင် ကျပ်တိတိ ကုသိုလ်တော်ပါဝင်ကြပါတယ် ။ ကုသိုလ်ပေးသူ နိဗ္ဗာန်ယူ ဆို သကဲ့ သို့စေတနာခွန်အား နိဗ္ဗာန်သွားနိုင်ပါရန် ဆုတောင်းအမျှဝေ လိုက်ရပါပေတော့သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

Tuesday, 18 February 2014

“ ဗဆတ အရာခံဗိုလ် မြငွေမိသားစု ကုသိုလ် ”

http://buddhagonyi.blogspot.com/
“ ဗဆတ အရာခံဗိုလ် မြငွေမိသားစု ကုသိုလ် ”
https://www.facebook.com/ashin.aggadhamma.7

အရာခံဗိုလ် မြငွေ သား ချမ်ဒူးဝမ် ဆွမ်းနှင့်လှုဘွယ်တွေလာကပ်လှုပါတယ် ။ သမီးကေကေခိုင် ကကိုရီယားအစားအစာ အဆန်းလုပ်ထားလိုက ရေညှီ ထမင်းလိပ် အထူးကပ်လိုက်ပါတယ် အမှတ်တရ နေဆွမ်းလေးအဖြစ်ပေါ့ ။
သိမ်လုပ်အားပေးလာနေတဲ့ (၇၀၂)ကရဲဘော်အရာရှိတွေကိုလဲ အမှတ်တရ အားလုံးကိုကျွေးဖြစ်သွားပါတယ် ။စားမိတဲ့သူတိုင်းလျှာလယ်သွားလို့ တော်တော်ကောင်းတယ် ဘုရားတော်တော်စေတနာပါတာပဲဘုရားနဲ့ တကယ်ကုသိုလ်ထူးပွဲလေးဖြစ်သွားပါတော့တယ် ။ဘုန်းကြီးတွေလဲ ကိုရီယား ရေညှိထမင်းလိပ်စား ဘူးသွားတာပေါ့ ။သာဓုပါအရာခံဗိုလ် မြငွေမိသားစုတို့ရယ် လို့သာ ။

ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

Monday, 17 February 2014

“ ဒကာရင်းမှို့ သိမ်ဆင်းလောင်းမယ် တစ်သိန်းလှုတယ် ”

http://buddhagonyi.blogspot.com/
“ ဒကာရင်းမှို့ သိမ်ဆင်းလောင်းမယ် တစ်သိန်းလှုတယ် ”
https://www.facebook.com/ashin.aggadhamma.7
ဗုဒ္ဓဂုဏ်ရည်ဆရာတော်အတွက်အစစ အရာရာ စောင့်ရှောက်ပေးနေတဲ့ ဒကာရင်း မိသားစု ကိုထွန်းထွန်းသော်+မကေကေခိုင် ။ ကားလိုကား သွာလိုရာသွား တတ်နိုင်သမျှ ကုသိုလ်ရမယ်ဆို အကုန်ဒါနြ့ပုတတ်တဲ့ ပညာနဲ့ သဒ္ဒါ ပိုင်းခြား လှုတတ်ကြသူများဖြစ်ပါတယ် ။ ဒီနေ့ ဘုန်းဘုန်းအသံပြောက်နေတယ်ဆိုပီ မက်ဆေ့ ပို့လို့ ဖုန်းပြန်ခေါ်ပီး ကျောင်းမှာ သိမ်နုတ်ဘို့ မြေရှင်း (၇၀၂) ကုသိုလ် အရင်းတည်နေတာပြောတော့ ညနေလာခဲ့မယ်ဘုရားဆိုဖုန်းခြသွားလေတယ် ။ နေညိုတော့လာသိမ်ဒကာဖြစ်အောင်လဲလှုမယ် သိမ်နုတ်ရင်လဲ အချိုရေလှုမယ် ခုလဲ သိမ်အတွက်သုံးလိုရာသုံး တစ်သိန်းလှုမယ် နဲ့ သာသနာချစ်တဲ့ တကယ် မောင်နှမအစစ်တွေလိုပဲ ။ ရှေ့သွားနောက်လိုက်ညီတဲ့ ဒကာရင်းမိသားစုတွေပါပဲ ။
ထိုင်းက အပြန် ကိုကျော်စိုးလှုဒါန်းလိုက်တဲ့ ထိုင်းလက်ဆောင်လေးတွေ အမှတ်တရပြန်ပေးရင်း ဘုန်းဘုန်းဖုန်းမှာလိုတာတွေပြင် ပေးမယ်ဆိုရင်း ည ၈နာရီတင်းတင်းမှပဲပြန်သွားကြလေပါရဲ့။သည်လင်သည်မယား အိုအောင်မင်း အောင် ပေါင်း ကောင်းသတင်းကျော်ဇော လောကအလယ်ဝင်ထယ် ကြလို့ နိဗ္ဗာ ရ ကြပါစေလို့ သာဆုတောင်းလိုက်ရပါတော့တယ် ။
ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

“ ထင်းလဲရ ကျောင်းလဲရှင်း သိပ်ပနက်ဆင်းစေဘို့ ”

http://buddhagonyi.blogspot.com/
“ ထင်းလဲရ ကျောင်းလဲရှင်း သိပ်ပနက်ဆင်းစေဘို့ ”
https://www.facebook.com/ashin.aggadhamma.7
ဗုဒ္ဓဂုဏ်ရည်ကျောင်းက အရင်ကသရက်ခြံကြီး ပေါ့ နှစ်တွေကြာတာရယ် ထိမ်း သိမ်းမှု့ အားနဲ့ခဲ့တာကြောင်အပင်အိုတွေလိုဖြစ်နေခဲ့ပါတယ် ။ သိမ်နုတ် သိမ် သမုတ်ဘို့ရန် မြေကြန်အောင် လှန်ရပြန်တော့ ထင်းလဲရ ကျောင်းလဲရှင်း ကုသိုလ် ရခြင်း အလုပ် ထင်းဖြတ်သစ်ပင်ဖြတ်တာ (၇၀၂) တပ်တွင်းက ကျောင်းသား တွေ လဲဖြစ် စစ်သားသားသမီးတွေလဲဖြစ်တဲ့ လူငယ်တွေ လာပီး ကုသိုလ်ယူကြ ပြန်ပါ တယ် ။ ဗုဒ္ဓဂုဏ်ရည်ချစ်ကြတဲ့ လူငယ်တွေပါပဲ အောင်မြင်ကျမ်းမာ ကြီးပွား ပါစေ လို့သာ ဆုတောင်းလိုက်ရပါရဲ့ ။
ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

Monday, 9 December 2013

“ဒေါ်ပိုးစီကျောင်းလိုအပ်ချက်များကိုအရေးပေါ်ကူညီသင့်”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ဒေါ်ပိုးစီကျောင်းလိုအပ်ချက်များကိုအရေးပေါ်ကူညီသင့်”
https://www.facebook.com/buddhagonyipage?ref=hl
လိုအပ်တဲနေရာလှုရတာတကယ်အကြိုးများပါတယ် ။မရှိတဲနေရာမှာ ရှားနေပေမယ် ရှိတဲ့နေရာပေါများတာဟာ အလဟသဖြစ်တတ်လို့တကယ် ခက်ခဲမှု့ကိုလေ့လာတဲ့အခါ အမျိုးဘာသာသာသနာအတွက်လိုအပ်လို့ (ရ-၁၁-၂၀၁၃) ဒီနေမှာ ဟိတဓရဆရာတော်နှင့်  လွိုင်ကော်ရွှေတောင်ကျောင်းကဦးရာဇိန္ဒရယ်သွားကြည့်ပေးဘို့ အကူညီတောင်းတာေ ရာက်ဖြစ်အောင်ရောက် သွားကြတယ် ကျောင်းမဖြစ်မနေဆောက်သင့်သလို အခက်အခဲတွေအများကြီးဖြစ်နေပါတယ် ။ အဲဒီနားကအခြားဘာသာတွေရဲ့မနားမနေစည်းရုံးမှုကြောင့် ဘာသာပြောင်းသူထွေများနေတာရယ် ကယားပြည်နယ်မှာ ရှိနေတဲ့ သံဃာအများစုဟာ ပအို့ကျောင်းရှမ်းကျောင်းဂိုဏ်ကွဲနယ်မြေလု ဒကာလုနဲ့ ဆင်းရဲတဲ့ ဗုဒ္ဓဘာသာတွေကို မကူညီနိုင်မစောင့်ရှောက်နိုင်ြ ဖစ်နေ ကြရတယ်လို့ ကြားသိရပါတယ်။အခြားရွာတွေလဲရှိတယ် ရွာလုံကျွတ်ထောက်ပံမှု့အကြောင်းပြ ဘာသာရေးစည်းရုံးခံနေရပါတယ် ။ လောလောဆယ် တကယ်လိုအပ်နေတဲ့ အခြေနေမှာ တောထွက်ဆရာတော်ကြီးကအသက်က(၇၈)နှစ်မနားမနေဆောင်ရွက်နေပေမယ် အားနည်းနေပါတယ် ။ မဖြစ်မနေ အမြန် အရေးပေါ်ဒေါ်ပိုးစီကျောင်းမှာ အမြန်ကူ ညီသင့်ကြောင်း အထူးသတင်းပေးအပ်ပါတယ် ။အမိမြေမှနွေးထွေးလက်များမှာ စုပေါင်းကောင်းမှု့ပြုဘို ၀ိုင်းဝန်းနေကြပါတယ်
https://www.facebook.com/warmhandstomotherlandmyanmar
စေတနာပါရင်အမိမြေကိုလှမ်းလာခဲကြပါ ။နွေးထွေးလက်များ အားအင်စုတို့ပြည်သူကိုကာကွယ်မှုပြုကြပါစို့။
ဘုန်းဘုန်းဗုဒ္ဒဂုဏ်ရည်
— with မာ လု and 54 others.

Tuesday, 5 November 2013

“ရေသိမ်ဆီ မှသည် မြေသိမ်ဆီသို့ ဗုဒ္ဓဂုဏ်ရည် သိမ်တော်မဟာအလှုတော်”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ရေသိမ်ဆီ မှသည် မြေသိမ်ဆီသို့ ဗုဒ္ဓဂုဏ်ရည် သိမ်တော်မဟာအလှုတော်”
https://www.facebook.com/buddhagonyipage?ref=hl
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖြစ် အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်နေသော တောထွက် ဘုန်းကြီးတစ်ပါး ၏ ကျောင်းဝိုင်းတွင် ဗုဒ္ဓဂုဏ်ရည်ရိပ်သာ အဖြစ် တည်ထောင်ခဲ့သည်မှာ (၆)နှစ်တာကာလရှိခဲ့ပါပြီ ။ ကျောင်းအနီးမှ ချောင်းလေးအတွင်းသာ သိမ်ဝင်ဥပုဒ်ပြု စသည် ရဟန်းအလုပ်အားထုပ်ခဲ့ကြ ရာ ယခုအခါ သဒ္ဒါကြည်ဖြူသောအလှုရှင် များမှ စတင်လှုဒါန်းလျက်ရှိပါသည် ။ ကျောင်းလေးအစက အတူနေရဟန်းလူထွက် ဗိုလ်ကြီး ဒေါက်တာ ၀င်းနိုင်မှ (၁၀)သိန်းမတည်လိုက်ပါသည် ။ တစ်သိန်း ငါသောင်းစသည်ဖြင့် ပေးလှုကြရာ အလှုငွေ မရော မပ ပြောက်စေရန် နယ်မှ လာရောက်မလှုနိုင်လျှင်တောင် အဝေးမှ လှုလိုပါသဖြင့် သိမ်မပြီးမခြင်း တတ်နိုင်သ၍ လှုဒါန်းနိုင်ရန် မလှမျိုးနွယ်(ခ) မမျိုးမျိုးအေး (၁၂/ဒပန (နိုင်) - ၀၃၅၀၆၉)အခန်း ၀၀၁ ၊ တိုက်၂၇ ၊ ၃ လမ်း ၊ ဒဂုံဆိပ်ကမ်း မြို့နယ် က ၊အလှုငွေတစ်သိန်းလှုဒါန်းရင်း တောင်းပန်လျှောက်ထားသဖြင့် ဘဏ်စာအုပ် ကလေး လုပ်ပေး၍ တတ်နိုင်သမျှပြီးဆုံးသည်အထိ လှုဒါန်လိုပါသည်ဟု ဘဏ်အကောင့်လေး ပေးထားပါရန် နိုးဆော်တိုက်တွန်းပါသဖြင့် လုပ်ဖြစ်ခဲ့ရပေတော့သည် ။ ဘဏ်အကောင့်အမှတ် -၀၆၂၁၂၁၀၀၃၃၂၀၄ ကမ္ဘောဇ(အလုံ) ဖြင့်ဖွင့်လှစ်ပေးဖြစ်ခဲ့ပါသည် ။ သိမ် မြေသမုဒ်ခြင်း သိမ့်မြေသန့်ခြင်းသိမ်ဆောက်လုပ်ခြင်းများသည် ကျောင်း တစ်ကျောင်းတွင် တစ်ကြိမ်သာပြုလုပ်ခွင့်ရသော ရဟန်းမွေးရသောမြေ သာသနာမိခင် ဖခင်ကြီးများဖြစ်စေမည့် နေရာပင်ဖြစ်ပါသည် ။ ကျောင်းတွေသာ အများကြီးဆောက်လျှင် ရနိုင်ပေမည် သိမ်ဟူ သည် မှာ တစ်သက်တစ်ခါ တစ်မြေမှာ တစ်ခု ဘုရားပြုသည်မြေမဟာ ဖြစ်သဖြင့် သိန်းပေါင်း မြောက်များ စွာ ရာချီကုန်ကြ ရမည်မလွဲပေ ။ အမျိုး ဘာသာ သာသနာတိုးတက်စည်ပင်ဖို့ ၀ိုင်းဝန်းလို့ကူညီ သမိုင်းတခေတ် ရေးခြစ်ရမည်မှာလဲ အမှန်ပင်ဖြစ်ပေတော့သည် ။အလှုရှင်များအားလုံးအောင်မြင်ချမ်းသာ၍ထာဝရကျမ်းမာလမ်းဖြာနိုင်ကြပါစေ ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

“သွေးအေးလို့ဖက်ရ တဲ့ နွေးထွေးသော လက်ကလေးများ ၏ ဘဏ့်အကောင့် ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“သွေးအေးလို့ဖက်ရ တဲ့ နွေးထွေးသော လက်ကလေးများ ၏ ဘဏ့်အကောင့် ”
https://www.facebook.com/buddhagonyipage?ref=hl
အမိမြန်မာနိုင်ငံတော်ကြီးကို အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာခဲ့ရပီး ဝေးတမြေမှာ နေကြရပေမယ့် အဆွေးပင်လယ်ဝေစွာ ချစ်ခဲ့ရတဲ့ အမိမြေ ။ အမိနိုင်ငံသား တိုင်းရင်းသား ပေါင်းစုံတို့ရဲ့ ချွေးဖြင့်ရှာ၍ ရထားသော သွေးတို့စီးဆင်းဖို့ အမိမြေကို နွေးထွေးစေမည့် လက်များ ရှင်သန်လာပြီ ဖြစ်ပါတယ် ။ မေတ္တာတရားတို့လွမ်းခြုံလျှက် လူမျိုးမရွေး ဘာသာမရွေး အခက်အခဲများ ကင်းစင်ရေး လက်ချောင်းလေးများ၏ ခွန်အားများ စုပေါင်း အားဖြင့် ဖေးမ၍ ၀ိုင်းဝန်းကူညီကြမည့် ဖြူစင်သောနှလုံးသားတို့၏ ငိုညည်းသံ ကမ္ဘာတခွင် မိုးလုံးညံလို့ မြန်ပြည်တခွင် စေတနာရေစီးသံတို့ဖြင့် ပြည့်လျှံ စေရပေတော့မည် ။
ကမ္ဘာနိုင်ငံအသီးသီးမှ မေတ္တာစေတနာရှင်များ၏လှုဒါန်းမှု့ အစုစုကို ကန်တစ်ခုလိုစု လိုရာကို သယ်ယူပြုစုနိုင်ရန် ဗုဒ္ဓဂုဏ်ရည်ဆရာတော် အရှင်အဂ္ဂဓမ္မ (နိက္ခမ) နှင့် နိုင်ငံကျော် အဆိုတော် တေးသံရှင်သရုပ်ဆောင်ရွှေရည်သိန်းတန်တို့ နှစ်ဦးအမည်ဖြင့် အလုံမြို့နယ် ကမ္ဘောဇဘဏ်လီမီတက်တွင် ဘဏ်စာရင်း အကောင့် တစ်ခုဖွင့်လှစ်ခဲ့ပြီဖြစ်ပါသည် ။ အကောင့်အမှတ် ၀၆၂၁၂၂၀၀၀၆၇၁၁(ကမ္ဘောဇဘဏ်ခွဲ-အလုံ)ဖြင့် ဖွင့်လှစ်ထားခဲ့ပါသည် ။
Accont No. 0621220006711 {Kanbawza Bank Ltd.,(Ahlone)} Joint - 2Persons will sign. ဖြင့်ကမ္ဘာနိုင်ငံ အသီးသီးမှ လူမျိုးမရွေး ဘာသာမရွေး အလှုရှင်များ လှုဒါန်းနိုင်ကြပြီ ဖြစ်ပါသည် ။ ဖွဲ့စည်းပုံစည်းမျဉ်းပါ ဦးဆောင်သူများ လှုဒါန်းလိုရာသို့ ဗုဒ္ဓဂုဏ်ရည်ဆရာတော် နှင့် အတူ ဒါရိုက်တာကောင်းသန့် ၊ အဆိုကျော်မရွှေရည်သိန်းတန် နှင့် အဖွဲ့ဝင်များမှ သွားရောက်စစ်ဆေး လှုဒါန်းပေးကြမည်ဖြစ်ပါသည် ။“ ဘာသာမရွေးလူမျိုးမရွေး လှုဒါန်းရေး အမိမြေ၏ နွေးထွေးလက်များ သွေးစည်းပေး ” ဟူသောမူဖြင့်စတင် ပျံသန်းခြင်း၏ ပထမခြေလှမ်းများသာ ဖြစ်ပါပေတော့သည် ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ဘုရားအဆူ (၇၀)ရုပ်ထုတော် အလှုပွဲတော် ”
https://www.facebook.com/buddhagonyipage?ref=hl
ဘုရားအလှုတော်များအကြိမ်ကြိမ်လာရောက်လှုဒါန်းမြဲမိသားစုများဖြစ်သည့် ကိုဝင်းလွင်+မမိုး တို့က သူတို့ကားနှင့် ဒီကနေ့(၃-၁၁-၂၀၁၃)နံနက် ၉ နာရီမှာလာရောက်လှုဒါန်းကြပြန် ပါ သည် ။ ဘုရားအဆူ (၇၀) ရုပ်ထုတော် အလှုပွဲတော် ကိုဒေါ်စန်းစန်း ဒေါ်စန်းစန်းဌေး သူငယ်ခြင်း နှစ်ယောက်မှအဆူ(၅၀)ကျော် အများဆုံးလှုဒါန်းကြခြင်းဖြစ်ပီး ကိုတင့်နိုင် + မဆုမိုရ် ( Fab Favourite Fitness Centre) ကာယအလှ ပြုပြင်ရေးဆိုင် ၊ လည်းတန်း မိသားစုတို့ ၏မိတ်ဆွေရင်း များလဲဖြစ်ကြပေသည် ။ အားလုံးသောအလှုရှင်တို့၏စေတနာ ကြောင့် အလှုခံပဂ္ဂိုလ်များမှာ ပျော်မဆုံးတစ်ပြုံးပြုံးဖြင့် ဘုရားများပင့်ကြရင်း နိဗ္ဗာန်လမ်း ပွင့်ခဲ့ကြရပါတော့သည် ။ အလှု့ရှင်အားလုံးကိုယ်စိတ်နှစ်ဖြာချမ်းသာ၍ကျမ်းမာအောင် မြင်ကြပါစေဟုအလှုခံဓမ္မမိတ်ဆွေများကိုယ်စား ဗုဒ္ဓဂုဏ်ရည်သာသနာစောင့် ရှောက်ရေးအဖွဲ့ မှဆုတောင်မေတ္တာပို့သအပ်ပါတော့သည် ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
— with မာ လု and 55 others.

“ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာစာကြည့်တိုက်အတွက်စာအုပ် အလှုတော် ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာစာကြည့်တိုက်အတွက်စာအုပ် အလှုတော် ”
https://www.facebook.com/buddhagonyipage?ref=hl
ကိုတင်နိုင် + မဆုမိုရ်( Fab Favourite Fitness Centre) ၊ မ၀င်းမိုရ် မိသားစုတို့မှ ဖခင်ကြီး လေ့လာဖတ်ရှု့ခဲ့သော စာအုပ် များအား ဖခင်ကြီးအတွက်ရည်စူးအမျှဝေ၍ ဓမ္မဒါနတရား အလှုတော်ပြုလုပ်သွားကြပါသည် ။(၃-၁၁-၂၀၁၃) နေ့နံနက်ပိုင်း ဘုရားအဆူ(၇၀) လာ ရောက် လှုဒါန်း ကြရင်း စာအုပ်များ အ၀တ်အစားများနှင့် ဆွမ်း ၊ ဆွမ်းဟင်းများ ဖြင့် ပျော်ပျော် ပါးပါးလာရောက်လှုသွားကြပါသည် ။အလှု့ရှင်မိသားစုတို့ အေးချမ်းငြိမ်းချမ်း နိဗ္ဗာန်နန်းသို့ လွယ်ကူစွာတက်လှမ်းနိုင်ကြပါစေဟု ဆုတောင်မေတ္တာပိုသ အပ်ပါပေတော့သည် ။.
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
— with Autumn Mtz and 48 others.

“လှတောဆရာတော်ဟောကြားခဲ့သောဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာကထိန်အလှုတော် ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“လှတောဆရာတော်ဟောကြားခဲ့သောဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာကထိန်အလှုတော် ”
https://www.facebook.com/buddhagonyipage?ref=hl

လှတောဆရာတော်ဒေါက်တာ ချီးမြေက်ဟောကြားခဲ့သော ဗုဒ္ဓဂုဏ်ရည် ၀ိပဿနာရိပ်သာ ကထိန်အလှုတော်ကို အလှု့ရှင်တွေကတော့ တနသာင်္ရီတိုင်း ၊ ထားဝယ်မြို့ ၊ ရေဖြူမြို့နယ် ၊ ကန်ပေါက်အုပ်စု ၊ ကောင်းမှု့ ကျေးရွာ ကွယ်လွန်သူမိဘနှစ်ပါးဖြစ်သော ဖခင်ကြီးဦးထွန်းလှ မိခင်ကြီး ဒေါ်သန်းကြည် တို့၏ကျန်ရစ်သူမိသားစု မောင်နှစ်မ သားခြင်းများ ကရှင် ပြုကထိန် လှုဒါန်းကြခြင်းဖြစ်ကြငပါသည် ။ မိခင်ကြီးမှာ ဒါယိကာမရင်းဖြစ်ပီး မနှစ်က ၁၃ရ၄ ခု သီတင်းကျွတ်လဆုပ် ၁၂ ရက်နေ့ မှာ တရားနဲ့ အတူ ကွယ်လွန်ခဲ့ပါတယ် ။ ကျန်ရစ်သူမိသားစုဖြစ်တဲ့ အကိုတွေ မောင်တွေနဲ့ မခင်ယုလွင်က မေ့မေ့ တနှစ်ပြည့်နဲ့ အချိန် ကိုက် ရဟန်းခံ ရှင်ပြု နှင့် ကထိန် အလှုတော်ကျင်းပလှုဒါ့န်း ခဲ့ကြပါသည် ။ လှတောဆရာတော်ဒေါက်တာ ၏ရေစက်ချတရားနာသည် တရားတိုတိုနှင့်ထိထိမိမိဟောကြားချီးမြောက်ခဲ့ပါသဖြင့် ကျေးဇူးတင်စွာ ခြေတော်ဦးခိုက်ကန်တော့လိုက်ရင်မှတ်တမ်းတင်တင်ပြအပ်ပါပေတော့သည် ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
— with Autumn Mtz and 49 others.

Saturday, 14 September 2013

“ စေတနာမှန် သောမေတ္တာ (၂)”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ စေတနာမှန် သောမေတ္တာ (၂)”
https://www.facebook.com/buddhagonyipage?ref=hl

ဗုဒ္ဓဂုဏ်ရည်ဆရာတော် ၀ါတွင်းကာလ၀ါပန်ပြီးခရီးထွက်ရင်း ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာကိုကူးပြောင်းခဲ့သူ ခရစ်ယာန်လောကမှာလဲထင်ပေါ်အောင်ဆောင်ရွက်ခဲ့ပြီး
ဗုဒ္ဓဘာသာ ဘ၀မှာလဲ ငြိမ်းချမ်းအောင် အတိုက်အခိုက်လောကဓံကိုကြံကြံခံ ၀ိပဿနာညာဏ်ဖြင့် ဖြေရှင်းနေထိုင်သော သီလှရှင် ဆရာလေးဒေါ်ခေမာထံကို ဗုဒ္ဓဂုဏ်ရည်ဆရာတော်မှ န၀ကမ္မ ၀တ္ထုငွေ ၃၀၀၀၀/ိ သုံးသောင်းကျပ် ၊ ကိုထွန်းထွန်းသော် +မကေကေခိုင် (မှော်ဘီ၊မြိုင်သာယာ) တို့မှ ၂၀၀၀၀/ိနှစ်သောင်းကျပ် စုစုပေါင်း န၀ကမ္မအလှုငွေ ကျပ်ငါးသောင်းအား ကပ္ပိယကိုပု(ကိုကျော်ကျော်အောင်)ချစ်ကိုကိုပု မှဆက်ကပ်လှုဒါန်းခဲ့ ပါသည် ၊ ဆရာလေးနေထိုင်ရာ တောင်ငူမြို့ ဆက်သွယ်ရေးဝင်း အတွင်းသွားရောက် တွေဆုံလှုဒါန်းဖြစ်ခဲ့ပါတယ် ။ဆရာလေးဒေါ်ခေမာလဲ လျှင်မြန်စွာ ကျမ်းမာပျော်ရွင်၍ငြိမ်းချမ်းသော နိဗ္ဗာန် နှင့် အေးချမ်းသောဘ၀ ထာဝရပိုင်ဆိုင်နိုင်ပါစေလို့မေတ္တာပို့သပြန်ခဲ့ကြပါတယ် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

“ စေတနာမှန် သောမေတ္တာ (၁)”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ စေတနာမှန် သောမေတ္တာ (၁)”
https://www.facebook.com/buddhagonyipage?ref=hl

ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာကိုကူးပြောင်းခဲ့သူ ခရစ်စတင်းမခင်ပန်းလို့ခေါ်ပြီး ခရစ်ယာန်လောကမှာလဲထင်ပေါ်အောင်ဆောင်ရွက်ခဲ့ပြီးဗုဒ္ဓဘာသာ ဘ၀မှာလဲ ငြိမ်းချမ်းအောင် အတိုက်အခိုက် လောကဓံကိုကြံကြံခံ ၀ိပဿနာညာဏ်ဖြင့် ဖြေရှင်းနေထိုင်သော သီလှရှင် ဆရာလေးဒေါ်ခေမာ ထံကို ဗုဒ္ဓဂုဏ်ရည်ဆရာတော် ၀ါတွင်းကာလ၀ါပန်ပြီးခရီးထွက်ရင်း တွေဆုံလှုဒါန်းဖြစ်ခဲ့ပါတယ် ။
မာဃဒေ၀မိသားစုဖြစ်တဲ့ မဟာသုဒဿန သင်္ကန်းတိုက်ပိုင်ရှင် ဦအ၀ှီး + ဒေါ်မာလာဝင်းတို့ ဆက်ကပ်ပေးလှုလိုက်သော သီလှရှင်ဝတ်စုံအညို တစ်စုံနှင့် အတူ ဗုဒ္ဓဂုဏ်ရည်ဆရာတော်မှ န၀ကမ္မ၀တ္ထုငွေ ၃၀၀၀၀/ိ သုံးသောင်းကျပ် ၊ကိုထွန်းထွန်းသော် +မကေကေခိုင် (မြိုင်သာယာ) တို့မှ ၂၀၀၀၀/ိနှစ်သောင်းကျပ်တို့ကို မကျမ်းမာလို့ဆရာလေးနေထိုင်ရာ တောင်ငူမြို့ ဆက်သွယ်ရေးဝင်း အတွင်းသွားရောက်လှုဒါန်းဖြစ်ခဲ့ပါတယ် ။ သူဘ၀သူ့ဇာတ်လမ်းကိုလဲ မေတ္တာရှင်ဆရာတော်ထံ ခွင့်ပန်ပြီးရင် တင်ပြဆွေးနွေးကြဖို့ ညှိနိုင်းဖြစ်ခဲ့ကြပါတယ် ။ ဆရာလေးဒေါ်ခေမာလဲ လျှင်မြန်စွာ ကျမ်းမာပျော်ရွင်၍ ငြိမ်းချမ်းသောနိဗ္ဗာန် နှင့် အေးချမ်းသောဘ၀ ထာဝရပိုင်ဆိုင်နိုင်ပါစေ ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

Friday, 13 September 2013

“ ဖေဖေ့ကို အမျှဝေ ညီမလေးကိုလေ အမှတ်တစ်ရ ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ ဖေဖေ့ကို အမျှဝေ ညီမလေးကိုလေ အမှတ်တစ်ရ ”
https://www.facebook.com/buddhagonyipage?ref=hl

ဗုဒ္ဓဂုဏ်ရည်ဆရာတော်မကွေးခရီးစဉ်မှာနေပြည်တော်ကတဆင့် မိခင်ဘခင်ကျေးဇူးဆပ်ပွဲလို ပြန်ခဲရတာပါ ။ မိဘတွေ အသက်အရွယ်တွေ (ရ၀) ကျော် (၈၀) ၀န်းကျင်ဖြစ်လာတဲ့အခါ သားသမီးဆိုတာ မိဘတွေဘယ်လိုပင်သားသမီးတွေနဲ့ဝေးခဲ့ဝေးခဲ့ အရေးကြီးရင်သွေးနီးရမယ့် အချိန်မှာ အသင့်ရှိနေရမယ်ဆိုတဲ့မေတ္တာ ပါပဲ ။ ညီအကိုသုံးရောက်ပဲရှိခဲ့ ကျန်ခဲ့တဲ့ မိသားစုမှာ သူတလှု ငါတမင်း ရန်စောင်ကာ တင်းနေရင်လဲ မကောင်းနိုင်ပါဘူး ၊ခေါင်းဆောင်ကောင်း တို့ရဲ့ထုံးစံအတိုင်း အားလုံးဟာခေါင်းဆောင်စိတ်နဲ့ ညီညွတ်စွာ ဘ၀ကို ပေးဆပ်သွားရမှာပါပဲ ။ ဒါကြောင့်မှို့ အကိုအကြီးဆုံးက အရာရှိကြီးဖြစ်သော်လဲ ညီငယ်တွေနဲ့ ညီညီညာညာ အကိုလတ်ကလဲစီးပွားရေးသမားကြီးဖြစ်သော်လဲ မိသားစုနဲ့စီးစီးလုံးလုံး အငယ်ဆုံးညီကလဲ ရဟန်းတစ်ပါးဖြစ်သွားတဲ့ အခါ အရာရာကို ဒေသနာနဲ့ အညီ တိုင်တိုင်ပင်ပင် ကွယ်လွန်သွားတဲ့ ဖခင်ကြီးကိုလဲ အမျှဝေသလို ညီမငယ်ကိုလဲသတိရ ကျန်ရစ်တဲ့မိခင်ကြီးစိတ်ချမ်းသာဖို့ အားလုံးကြိုးစားဖို့အဓိဌာန် လောကမှာလူမှန်ရင် လောကလဲမယွင်းနဲ့ ဓမ္မလဲမကျွင်းနဲ့လို့သာ ဖခင်အုတ်ဂူကို ဦးချ သစ္စာပြုခဲ့ကြတာပါ ။


ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

Monday, 2 September 2013

“ နှစ်ထပ်သင်္ကန်း နိဗ္ဗာန် နန်း ”

“ နှစ်ထပ်သင်္ကန်း နိဗ္ဗာန် နန်း ”

မဟာသုဒဿန သင်္ကန်းတိုက်က ထုတ်တဲ့ သင်္ကန်းကို ဗုဒ္ဓဂုဏ်ရည်ဆရာတော် ရဟန်းဖြစ်စက တိုင်း ၀တ်ရုံ လို့အဆင်ပြေခဲ့တာပါ ။ ဖားအောက်တောရ မော်လမြိုင် မှာ ခေတ္တ သတင်း သုံးစဉ် ကတိုင်း ၀ိနည်းတော် နဲ့အညီချုပ်တာဖြစ်သလို ဆိုဒ်ကိုက်တာ ၊ ဆွမ်းခံတော့ချွေး ခြောက် မြန်တာ မထူမပါးမို့အပ်စပ်နေလို့လိုက်ရှာနေ ခဲ့တာကြာပါပီ ။ အခြားသင်္ကန်းတွေလိုဒေါင့်တွေမှာလိပ်စာရေးထားတဲ့တံဆိပ်လေးတွေလဲ ၀ိနည်းနဲ့အညီ မကပ်ရလို့လား မသိ (၅)၀ါ ရခါ မှ ဖုံးနံပါတ်လေး ရခဲ့ပါတယ် ။ မော်လမြိုင်မှာလိုလို ရန်ကုန်မှာလိုလိုနဲ့ကြာခဲ့ပြီလေ ။ ကိုသော်သော်ထွန်း+ မကေကေခိုင် တို့က၀ါဆိုသင်္ကန်းနဲ့တိုက်တက်တရားနာမှာ ဘုန်းဘုန်းနဲ့သင့်တော်ရာညွှန်ပါ ဘုရားဆိုလို့ ၊ ဖုန်းနံပါတ် -၀၁ ၂၂၀၃၄၂ ကိုပေးဖြစ်ပါတယ် ။ ၀နေတဲ့ဆရာတော်အတွက်ဆိုဒ်ကြီးအထူးမှာ သော်လည်း ဖားအောက်ဆရာတော် ဘုရားကြီး အမိန့် အတိုင်း အကြိုးအမြတ်အများကြီး မယူပဲ ချုပ်ပေးကြောင်းနဲ့ ဗုဒ္ဓဂုဏ်ရည်သာသနာ စောင့်ရှောက်ရေး ၏ ဆောင်ရွက်မှု့ ဒီဗွီဒီ ခွေလေးတွေလဲလှုဒါန်းဖြစ်ခဲ့ပါတယ် ။ မာဃဒေ၀မိသားစု မဟာသုဒဿနသင်္ကန်းတိုက်က ဖုံးဆက်လာပါတယ် ၁-၉-၂၀၁၂နေ့ မှာ မဟာဝိဟာရကျောင်းကို သင်္ကန်း ကပ်သူများကဖိတ်လို့လာရင်းဘုန်းဘုန်းကျောင်းဝင်ခဲ့မယ် ဘုရားဆိုပြီးဖုံဆက် အချိန်ယူထားကြပါတယ် ။ ဒီနေမှာတော့ မာဃဒေ၀မိသားစုတို့ ရောက်လာပီ သင်္ကန်းနှစ်မျိုး ၊ သစ်ခေါက်ဆိုးအရောင်နှင့် နီညိုရောင်နှစ်စုံနှင့်အတူ ၊ နှစ်ထပ် သင်္ကန်းကြီးပါ အပါ(၃) မျိုး ၊ ဘုန်းဘုန်းအတွက်ဆိုက်ကြီးဆိုပြီး အထူးအော်ဒါချုပ်ပြီးလာ လှုရှာ တော့ပါတယ် ။ ကုသိုလ်ယူတတ်လိုက်ကြတာ နှစ်ထပ် သင်္ကန်းဆိုတာ လူတိုင်းသတိရနိုင်တာ မဟုတ်ဘူး မဟုတ်လား ။ သင်္ကန်းလာလှုရင်း ဘုရားဆင်းတုအလှုရှင်တွေနဲ့တွေ့ပြန်တော့ နောက်တစ် ခေါက်စာအတွက် ဘုရား(၁၀)ဆူ လှုလိုလို့ အလှုစီစဉ်ပေးတဲ့ ကိုဝင်းလွင် မမိုးတို့ကိုပေးအပ်လှုဒါန်းပြန်ပါလေရော ။ အပျော်တွေစီး အလှုကြီးပေးတတ်သူ မဟာသုဒသန သင်္ကန်းတိုက်ပိုင်ရှင် မာဃဒေ၀ မိသားစု ချမ်းမြေ့ပျော်ရွင် နိဗ္ဗာဝင်နိုင်ပါစေလိုသာ ဆုတောင်းအပ်ပါပေတော့သည် ။ လိပ်စာသိလိုသူများအတွက် မဟာသုဒဿနသင်္ကန်းတိုက် မာဃဒေ၀မိသားစု အမှတ်(၁၂၈) ၊ ၁၄-လမ်းလမ်းမတော် မြို့နယ် ၊ရန်ကုန်တိုင်းဒေသကြီး ။ဖုန်း-၀၉၅၁၇၇၉၂၀ ၊ ၀၁၂၂၀၃၄၂ ဆိုရင်ပြည့်စုံပြီ ထင်ပါတယ် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

“ ဘုရားဖူးရင်း လိပ်ဥတူး သလို လား”

“ ဘုရားဖူးရင်း လိပ်ဥတူး သလို လား”

ဘုရားဖူးရင်း လိပ်ဥတူးသလို လား အကုသိုလ် မပွား ကုသိုလ်များအောင် သတိဆောင်လို့ ကိုတင့်နိုင်+မဆုမိုရ်(Fab Favourite Fitness Centre )ကာယအလှပြုပြင်ရေးဆိုင် ၊ လည်း တန်း မိသားစုတို့က ဘုရားအဆူ(၁၀၀)ကို ဗုဒ္ဓဂုဏ်ရည်ရိပ်သာကိုလာရောက်လှုဒါန်းရင်း ဗုဒ္ဓဂုဏ်ရည် ဇီဝိတဒါန အခမဲ့ဆေးခန်းလေးကိုအလှုတော်ငွေ (၅၀၀၀၀/ိ)ငါးသောင်းကျပ်တိတိ လှုဒါန်းဖြစ်ခဲ့ကြပါတယ် ။ ကိုတင်နိုင်+မဆုမိုရ်(သမီး)မဆုလာဘ်ဝေမိသားစုက (၃၀၀၀၀/ိ) သုံးသောင်း ၊ ဒေါ်ခင်မျိုးဇင် က(၁၀၀၀၀/ိ)တစ်သောင်းကျပ် ၊ ဒေါ်ဝင်းမိုရ်က (၁၀၀၀၀/ိ) တစ်သောင်းကျပ် ကုသိုလ် စုစုပေါင်း (ငါးသောင်းကျပ်) မေတ္တာမျှဝေ လှုဒါန်းပါလေတယ် ။ ဘုရားလဲလှု ကုသိုလ်လဲယူ ဘယ်သူပြိုင်လို့လှပါတော့နိုင် ဆိုသလို အကောင်းပေါ် အကြောင်း ဆင့် နိဗ္ဗာန်ဖြင့် သာမကပဲ လောကမှာလဲ ကျမ်းမာချမ်းသာ အောင်မြင်ပါစေလို့ ထပ်လောင်းမေတ္တာပို့သအပ်ပါကြောင်း သတင်းကောင်းပါး အပ်ပါပေတယ် ။ လိပ်ဥတူး တာမဟုတ်တဲ့ ဘုရားလှုရင်း ကုသိုလ်ထူးများ ထုပ်ယူ သွားတယ်လို့သာမြင်မိပါတော့တယ် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

Sunday, 25 August 2013

“သွားစိုက်ကရိယာစက် မြင့်မြတ်အလှုတော် ”

“သွားစိုက်ကရိယာစက် မြင့်မြတ်အလှုတော် ”

ဗုဒ္ဓဂုဏ်ရည်သာသနာရိပ်သာတွင်ဖွင့်လှစ်ထားသော ဇီဝိတဒါန အခမဲ့ ဆေးပေးခန်းလေးသို့ ကွယ်လွန်သွားရှာပြီဖြစ်သော ဒုတိယဗိုလ်မှုးကြီးခင်မောင်ကြီး(သွားအထူးကု)၏ မိသားစုများ ဖြစ်သော ဆရာလေး ဒေါ် ပညာဝတီ မှ မိမိအမျိုးသားဖြစ်သူ၏ သုံးစွဲခဲ့သော သွားစိုက်ကရိယာ စက်ကို လာရောက်လူဒါန်းသွားပါတယ် ။ အမှန်တကယ် လိုအပ်လျှက်သော ဒေသလေးနှင့် ဆေးခန်းလေးသို့ စေတနာထား လှုဒါန်းသွားသော အလှုသည် လွန်စွာမွန်မြတ် ၍ တန်ဘိုး ရှိလှ ပါပေသည် ။ အလှုရှင်များနှင့် တစ်ကွ ကွယ်လွန် သွားရှာပြီဖြစ်သော ဒုတိယ ဗိုလ်မှုးကြီးခင်မောင်ကြီး(သွားအထူးကု) သည်လည်း ငြီမ်းချမ်လွှတ်မြောက် နိဗ္ဗာန် ရောက်ပါ စေ ကျန်ရစ်သူ မိသားစုတို့သည်လည်း အေးချမ်းအောင်မြင်နိဗ္ဗာဝင်ပါစေ ဟု ဇီဝိတဒါန အခမဲ့ ဆေးပေးခန်းကျမ်းမာရေးအကျိုးတော် ဆောင်အဖွဲ့မှဆုတောင်းမေတ္တာပို့သအပ်ပါသည် ။

ဇီဝိတဒါနအခမဲ့ဆေးပေးခန်းကျမ်းမာရေးအကျိုးတော်ဆောင်အဖွဲ့ ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်