Showing posts with label လောကီပညာရပ်များ. Show all posts
Showing posts with label လောကီပညာရပ်များ. Show all posts

Monday, 21 October 2013

“ ဗုဒ္ဓ၏ ဘုရားစေတီ နှင့် ကယ်တင်တင်ရှင်များ ”

http://www.facebook.com/buddhagonyipage?ref=hl
“ ဗုဒ္ဓ၏ ဘုရားစေတီ နှင့် ကယ်တင်တင်ရှင်များ ”
http://buddhagonyi.blogspot.com/
ရှမ်းပြည်တောင်ပိုင်း ၊ တောင်ကြီးမြို့မှာ ရက်ကမ်းစင်တောင် ဆရာတော်ဘုရားကြီး တည်ခဲ့ တယ်ဆိုသော ဘုရားတစ်ဆူကို ဖူးတွေခဲ့ရ ပါတယ် ။ တောင်ကြီးတစ်မြို့လုံးကို လွှမ်းခြုံ ကြည်လို့ရတဲ့ တောင်အမြင့်ဆုံးပေါ်မှာတည်ထားတဲ့ ရွှေဘုန်းပွင့်ဘုရားကြီးပေါ်မှာ စိတ်ပျက် ဖွယ်ရာ အလှုရှင်များအလှုဒါယကာ ဒါယိကာမများကိုတွေ့ခဲ့ရပါတယ် ။ အံသြစရာ ရူးကြောင်ကြောင် အလှုရှင်များ ဘယ်လို စုစည်းမိသွားလဲ မသိပါပေ ။ ဒါမျိုးကို ဗုဒ္ဓဘာသာများ လို့ခေါ်ကြရမည်လား ။ဘုရားခြေတော်ရာနှင့် နဂါးရေကန်တော် ရဲ့ကုသိုလ်ရှင်များတဲ့ ကဲဖတ်သာကြည့် ။ဘုန်းပွင့်ခြင်တဲ့သူတွေရဲ့ ဘုရား ၊ ပသီကုလားရော ၊ နတ်နဂါး ဘီလူး အကောင်တော်တော်စုံတယ် ဘယ်လိုဖြစ်တယ်ဆိုတာ လေ့လာကြပါ ။ ဗုဒ္ဓသာသနာ အတွက် ရန်သူတွေများလှချဉ့်လားကွယ်တို့ရေ မင်းတို့ ကယ်မှပျက်ရမဲ့ ကိန်းဆိုက်နေပီလို့ သာမြင်မိ ပေတော့သည် ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

Monday, 2 September 2013

“ မတွေ့ဘူးသေးသောအလှုခံပုံး (မုဆိုးမနှင့် မိဘမဲ့အတွက်တဲ့) ”

“ မတွေ့ဘူးသေးသောအလှုခံပုံး (မုဆိုးမနှင့် မိဘမဲ့အတွက်တဲ့) ”

ညီအကိုများအသင်းတော် ဆရာကြီးဒေါက်တာဦးတင်မောင်ထွန်း၏ရုံးခန်းထဲမှာဖြစ်သည် ။ ဆရာကြီးဒေါက်တာဦးတင်မောင်ထွန်း၏စားပွဲဘေးမှာ သပ်သပ်တင်ထားသည် ။ ခရစ်တော် အမှတ်တံဆိပ်ကလေး နှင့် မုဆိုးမနှင့် မိဘမဲ့အတွက်အလှုခံပုံး ဟုရေးထားသည် ။ ဒေါက်တာ ကြီး အား တော့မမေးဖြစ်ခဲ့ လူသားဆန်သော မေတ္တာ ဗုဒ္ဓဘာသာတွင်တွေ့ရခဲသော လုပ်ရပ် အံသြစရာကောင်းသော စကားများဖြင့် ဖွဲစည်းထားသော ခရစ်ယာန်တရားတော် ။ လောကကို ပုံဖေါ်ထုဆစ် လူ ဖြစ်တဲ့ဘ၀မှာ ၊ ဘိုင်ဘယ်(သမ္မာကျမ်းစာ)ပါအတိုင်း ဘုရား(ဖန်ဆင်းရှင်) ကိုချစ် လူကိုချစ် လို့ဆိုထားတယ်မဟုတ်ပါပေလား ။ ခရစ်ယာန် တရားတော်နဲ့ အညီ ကောင်းလှပါပေသည်ဟူ၍ သာဓုခေါ်မိပါတော့သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

“ နတ်တို့နှင့်နားလယ်မှု့ယူထားသော ဗုဒ္ဓဂုဏ်ရည်ဆရာတော် ”

“ နတ်တို့နှင့်နားလယ်မှု့ယူထားသော ဗုဒ္ဓဂုဏ်ရည်ဆရာတော် ”

ဦးဇင်းတို့ဆွမ်းခံကြွတဲ့ဂေါစဂံ ရွာထဲမှာ နန်းကရိုင်းမယ်တော် ကိုးကွယ်တာများကြပါတယ်။ အိမ်တိုင်းမှာလဲ နတ်စဉ်တွေရှိတတ်ပါသည် ၊ရဟန်းတွေကိုဆွမ်းလောင်း တာကိုပင်ကျေးဇူးတင်ရမလိုပင် ကုသိုလ်ကိုပင်ကုသိုလ်လို့မြင်တာကို ကျေးဇူးတင်မိပါရဲ့ ။ နားလယ်အောင်ရှင်းပြရတာလဲရဟန်းအလုပ်ပဲမဟုတ်လား ။ အမုန်းပွားလို့မဟုတ်ပါဘူး နှလုံးသားမှာ ဘုရားတည်ယုံပါ ။ အခုမြင်တွေ့ရတာကတော့ ၊ဒါယကာရင်း ဒါယိကာမရင်းဖြစ်သွားတဲ့ အိမ်ကပေါ့ ။ ဆွမ်းခံကြွကာစ အချိန်ကတိုင်း စေတနာထား ရှင်းပြဆုံးမပေးခဲ့ဘူတယ် ။ ဘာသာတရားရဲ့ ယုံကြည်မှု့ကိုးကွယ်မှု့ပူဇော်မှု့ တို့ကိုပိုင်းခြားနားလယ်စေခဲ့တယ် ၊ နောက်ပိုင်းဆွမ်းတောင်ထွက်မလောင်းဖြစ်တော့ အောင် ပြောင်းလည်းနေခဲ့ ကြတယ် ၊ စိတ်မကောင်းဖြစ်ယုံ ဥပက္ခာပြုယုံမှတပါး တခြားမရှိသလိုဖြစ်နေခဲ့ရတယ် ၊ နောက်ကြမှ သူတို့အိမ်ထဲမှာနတ်စဉ်အစုံရှိတာရယ် ၊ နတ်နဲ့ တောင်မင်္ဂလာဆောင်ထား လို့ အိမ်ထောင်သယ်နဲ့တောင်အတူမအိပ်ပဲ နေဖြစ်ကြတာရယ် ၊ထူးထူးဆန်းဆန်း ရဟန်းတစ်ပါး ဘ၀မှာ ကြားသိခဲ့ရတယ် ။(၂) နှစ်လောက်ကြာမှဆွမ်း ပြန်လောင်းလာတယ် အိမ်ခန်းပြောင်းတာလဲပါတယ် ။ အခင်မပျက်ရပေမယ့် အမြင်အတွက် မငြ င်းလိုတော့ပါ ။ အမှန်သိဖို့ဆိုတာအခက်သားလား သစ္စာဆိုတာ ဝေးရော လောက ထဲမှာ လေ ။ ရဟန်းဘ၀ဆွမ်းခံကြွရာမှာ ရပ်ဆွမ်းပဲမို့ ဘယ်ဆွမ်းခံအိမ်ထဲကို ၀င်မကြွဖြစ်ဘူး ။ တနေ့ကတော့ ထူးထူးဆန်းဆန်း “ လာမယ့်စနေနေ့မှာ အိမ်ကနတ်စဉ် ဖြုတ်ပေးပါဘုရား ၊ မေမေကဘုန်းဘုန်းက စီစဉ်ပေးတတ်တယ်လို့ ပြောပါတယ်ဘုရား အဆင်ပြေမလားဘုရားနဲ့”
သမီဒါယိကာမလေးက ဆွမ်းပြန်လောင်းတဲ့ တနစ်လောက်အကြာမှာ ပြောကြားလာတော့ အံသြ ၀မ်းသာ သာသနာပြုခွင့်ရရှာပြန်ပြီပေါ့ ၊ သမ္မာဒိဌိဖြစ်ဖို့အရေးဆွေးနွေးဖြစ်ခဲ့တာ စေတနာမှန်သော ကံတရား လမ်းပြသွားပြန်ပြီလို့သာ ။ အရင်ဆွမ်းခံကြွနေတော့ သတိတော့ထားဖြစ်ခဲ့ပါတယ် ။ နေ့စဉ်တရားသံလေးတွေကြားလာရတယ် ဆရာတော်အစုံ နာတာ ကြားရတော့ သာဓုခေါ်နေမိရာက အသိပြောင်းသတိကောင်းတာ ၀မ်းသာစရာပေါ့ ။
ဥပါဒန်အစွဲက စိတ်ထဲမှာ ပူလောင်စေတာမို့ စိတ်မပူရအောင်တာဝန်ယူပေး ဘုရားဆေးနှင့် ဖိတ်မန္တကပြု ၊ မေတ္တာပို့ ၊ ဘုရားအမိန့်၊ တရားအမိန့်၊ သံဃာအမိန့်တို့ဖြင့် မိန့်မြွက်ဟောကြား ၊ အမျှဝေအားတွေဖြင့် စိတ်ချမ်းသာ ကိုယ်အေး လိုလေသေးမရှိ ဆောင်ရွက်ပြီးသော အခါ နတ်စဉ်တွေ ဘိုးတော်စဉ်တွေ အကုန်ဖယ်ချ၍ ဘုရားစဉ်လေးသာ သန့်ရှင်းလုပ် ပန်းရေချမ်းဆွမ်းကပ်ပေးကြဖို့မှာကြားပြီးအောက်ပါအတိုင်း စီစဉ်ဖြစ်ခဲ့ပါတော့တယ် ။
အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
အဇ္ဇတဂ္ဂေ ပါဏုပေတံ ဓမ္မံ သရဏံ ဂစ္စာမိ
အဇ္ဇတဂ္ဂေ ပါဏုပေတံ သဃံ သရဏံ ဂစ္စာမိ
ဒုတိယမ္ပိ ၊ တတိယမ္ပိ . . . ( ၃ )- ကြိမ် ရွတ်ဆိုစေပါသည် ။
ကိုးဂါထာရွတ်ဆိုတိုင်ပေး ပြီး ၊ငါပါးသီလခံယူ စေခဲ့ပါသည် ။
ဗုဒ္ဓေါမေ သရဏံ အညံနတ္ထိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မေါမေ သရဏံ အညံနတ္ထိ ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃောမေ သရဏံ အညံနတ္ထိ သံဃံသရဏံ ဂစ္ဆာမိ
ရွတ်ဆိုစေကာ ဥပဒါန်ဖြုတ်ပေးဖြစ်ခဲ့ပါတော့သည် ။ နတ်တို့နှင်နားလယ်မှု့ယူကာ နတ်တို့ပေးသမျှ ဒုက္ခလုံးဝတာဝန်ယူခဲ့ရပါတော့သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

Thursday, 9 May 2013

“ ဟောဒီက မန်ကြည်းဖျောရည် ”



မြန်မာတွေစီးပွားစစ် ၊ လက်ဖြစ်မန်ကြည်းဖျော်ရည် နွေအပူလေပူနဲ့ရော ၊ရေခဲလေးနှောထားတဲ့ မန်ကြည်းဖျော်ရည် လမ်းဆုံမှာကားမီးပွုင့်မိတုံး ကြွပ်ကြွပ်အိပ်လက်ထုံးလေးနဲ့ရောင်းနေတာတွေရတဲ့အခါ ၊ ဒါလေးလဲစီးပွားရေး ဆေးလဲဖြစ်ဈေးကွက်အသစ် ၊ စီးပွားဖြစ်ပါမလား စဉ်းစားရင်း နင်းပြားဘ၀က လွတ်မြောက်ရေး မဝေးတော့ဘူးထင်ပါရဲ့လို့သာ ။


Friday, 12 April 2013

“ထိုင်းနိုင်ငံကဗုဒ္ဓဘာသာယုံကြည်မှု့နှင်ပုံတော်”


http://www.facebook.com/buddhagonyipage?ref=hl
ထိုင်းနိုင်ငံကဗုဒ္ဓဘာသာယုံကြည်မှု့နှင်ပုံတော်
http://www.facebook.com/ashin.aggadhamma.7?sk=info&edit=eduwork

ထိုင်းနိုင်ငံကယုံကြည်မှု့များထဲက အံသြဖွယ်ရာတစ်ခုအဖြစ်တွေ့ခဲ့ရသည့် ဗုဒ္ဓဘုရားပုံတော်တွင် ခေါင်းရှစ်လုံးပါသော ဗုဒ္ဓရုပ်ထုကို ထုလုပ်ကိုးကွယ် ပူဇော်ကြပေသည် ။အိမ်တိုင်းတွင်လေးမျက်နာ နတ်ဘုရားရှိသကဲ့သို့ မြတ်စွာဘုရားအား ရှစ်မျက်နှာ ပွားခြင်းသည် မဟာဘာရတကျမ်းလာ ရာမယနဇတ်တော်ထဲမှ ဒဿဂီရိ ခေါင်းဆယ်လုံးဘီလူးမင်းကဲ့သို့ အဆန်းထွင်လေသလားဗုဒ္ဓဘုရားလည်ပင်းကြီးခဲ့ရပေပြီ ။
ကိုးကွယ်လို့ရသည်ဟု ဆိုလေတိုင်း ဗုဒ္ဓဘာသာမဟုတ်မှန်း သိစေလို၍ တင်ပြအပ်ပေသည် ။

အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုး...ကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email dress ; aggadhamma.bdgy@gmail.com
Skype address ; aggadhamma73790698
23

Friday, 22 March 2013

အဘပုဏ္ဏားပုံတော်ပွား

“ပီယသဒ္ဓိ ခေါ်မလား ၊ ကာမသဒ္ဓိအဆောင်“

သက်တမ်းအားဖြင့်(၁၀၀) ကျော်ပြီးဖြစ်သော ရှာပါး (ကိုးမား)

Photo: http://www.facebook.com/buddhagonyipage?ref=hl
ထိုင်းနိုင်ငံက အဆောင်လက်ဖွဲ့ယုံကြည်မှု့နှင် ဗုဒ္ဓဘာသာ(အပိုင်း-၁)
 သက်တမ်းအားဖြင့်(၁၀၀) ကျော်ပြီးဖြစ်သော ရှာပါး (ကိုးမား) 
http://www.facebook.com/lawka.thitsar.1?ref=tn_tnmn
http://buddhagonyi.blogspot.com/

ကျွန်ုပ်သည် ကိုးမား ခေါ်  နတ်ကလေး များနှင့်ပက်၍  ရေးသာတင်ပြသည်မှာ အပိုင်းအားဖြင့် (၃)ပိုင်းရှိခဲလေပြီး ကျွန်ုပ် ယခုတင်ပြသော  ကိုးမား  ခေါ် နတ်ကလေးမှာ  ရှာပါး၍  စွမ်း  ကြမ်းလေ၏  ကိုးမား  ခေါ် နတ်ကလေးများမှာ  ခေတ်ကာလ  ပြောင်းလာသည်နှင်အမျှ  ပြုလုပ် အသက်သွင်းဖန်တီးပုံမာလည်း  ပြောင်းလည်းလာသည်ဟု   ယခုမြင်ရသော  ကိုးမား  ပိုင်ရှင်ကပြောပြလေ၏  ရှေယခင်က  ကိုးမားများမှာ  ကိုယ်ဝန်ဆောင်ဇနီးအားသတ်၍  ဝမ်းအတွင်းမှ  ကလေးအား ကိုးမား  ခေါ်  နတ်ကလေးပြုလုပ်သည်ဟုသိရ၏  တရားဥပဒေစိုးမိုးလာချိန်တွင်  ကိုးမား  ခေါ် နတ်ကလေးအား  သေဆုံးသွာသော  ကလေးငယ်များ၏  အရိုးများဖြင့်  ပြုလုပ်ကြပြန်လေ၏  ယနေ့ခေတ်  ကိုးမား  ခေါ် နတ်ကလေးများမှာတော့   နာမည်ပဲကျန်တော့သည်ဟု  သိရလေ၏  ယခုကျွန်ုပ်   ဓါတ်ပုံနှင့်တကွတင်ပြရသော  ကိုးမား ခေါ် နတ်ကလေးသည် တန်ဖိုးအားဖြင့် ထိုင် (ဘတ်) ငွေ  (၁၀၀၀၀၀)ကျော်ဖြင့် နိုင်ငံခြားသာများ  လာရောက်တောင်းယူသော  ကိုးမား ခေါ်  နတ်ကလေးပင်ဖြစ်လေ၏  ပိုင်ရှင်၏  ပတ်ဝန်ကျင်အနီးတဝိုက်မှပြောပြချက်များလျှင်ပင်  ကျွန်ုပ်သည်  ကြက်သိန်းထမိလေ၏  ထိုကြောင့်  ကျွန်ုပ်သည်  ပိုင်ရှင်အားခွင့်တောင်း၍  စာကြည်သူများအား   ဗဟုသုတရစေရန်  စေတနာထား၍  ရေးသာတင်ပြလိုက်ရပါလေ၏ ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုး...ကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
http://www.facebook.com/lawka.thitsar.1?ref=tn_tnmn
Email address ; bdgyuniversaltruth@gmail.com
Skype address ; aggadhamma73790698 ကျွန်ုပ်သည် ကိုးမား ခေါ် နတ်ကလေး များနှင့်ပက်၍ ရေးသာတင်ပြသည်မှာ အပိုင်းအားဖြင့် (၃)ပိုင်းရှိ ခဲလေပြီး ကျွန်ုပ် ယခုတင်ပြသော ကိုးမား ခေါ် နတ်ကလေးမှာ ရှာပါး၍ စွမ်း ကြမ်းလေ၏ ကိုးမား ခေါ် နတ်ကလေးများမှာ ခေတ်ကာလ ပြောင်းလာသည်နှင်အမျှ ပြုလုပ် အသက်သွင်းဖန်တီးပုံ မှာလည်း   ပြောင်းလည်းလာသည်ဟု ယခုမြင်ရသော ကိုးမား ပိုင်ရှင်ကပြောပြလေ၏။

ထိုင်းနိုင်ငံက အဆောင်လက်ဖွဲ့ယုံကြည်မှု့နှင် ဗုဒ္ဓဘာသာ(အပိုင်း-၂)

ထိုင်းနိုင်ငံက အဆောင်လက်ဖွဲ့ယုံကြည်မှု့နှင် ဗုဒ္ဓဘာသာ(အပိုင်း-၁)

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်