Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Saturday, 19 July 2014

“ အာဇာနည်နေ့အထူးကုသိုလ်တော် ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ အာဇာနည်နေ့အထူးကုသိုလ်တော် ”
https://www.facebook.com/buddhagonyipage?ref=hl
၂၀၁၄ ဇူလိုင်လ ၁၉ ရက်နေ့ ဒီနေ့ စနေ့နေ့အာဇာနည်နေ့မှာ ထိုင်း နိုင်ငံ မှ ရွှေ့ပြောင်း အလုပ်သမားများ၏ အလှုတော်အဖြစ် အ၀တ် အထည် အလှုများကို အုတ်လုပ်ငန်း(၃)ခုမှ အုတ်လုပ်သားများအားလုံး ကိုလှုဒါန်း ဖြစ်ခဲ့ ပါတယ် ။ထိုင်းနိုင်ငံ မဟာချိုင်ရှိ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့၊ ဗုဒ္ဓဂုဏ်ရည် သာသနာစောင့်ရှောက်ရေး အဖွဲ့ ၀င်များ ၊ အမျိုးသား စိတ်ဓါတ် မြင့်တင်ရေအဖွဲ့များ၏ စုဆောင်းထားသော အ၀တ်အထည် များဖြစ်ကြပါတယ် ။ သီးခြား အလှုရှင်များဖြစ်ကြသော မစကိုင်း ၊ မမိုင် ၊ မသန်းညွန့်ခင် ၊ မလေးတို့ စုဆောင်းလှုဒါန်း လိုက်သော အထည်များ လည်း ပါဝင်ပါတယ် ။ ဂျလန်းကျွန်း သာသနာပြု အဖွဲ့များမှ ပိုလျှံလှုဒါန်းမှု့ အဖြစ် အထည်များ လည်းရှိလှုဒါန်းခြင်းဖြစ်ပါတယ်။ အထူးကုသိုလ်ရှင်များ အဖြစ် ဘုရားအလှုတော်များပြုလုပ်သော ကိုဝင်းလွင်+ မမိုးမိုး ၊ကိုတင်နိုင် +မဆုမိုရ် (ကိုယ်ကာယအလှသင်တန်း) ၊ မ၀င်းမိုရ် မိသားစုများမှ ယခင် လှုဒါန်းထား သောဘုရားများ ၊ ယခုပါလာသော ဘုရားဆင်းတုတော်များ ၊ အထည်များနှင့် ၊ခေါင်းစည်းများ လည်း ထည့်ဝင်လှုဒါန်းဖြစ်ခဲ့ကြပါတယ် ။
မီးဘေး ၊ ရေးဘေး ၊ မုန်တိုင်းဘေး စသော သဘာဝ ဘေးဒဏ် များနှင့် အရေးပေါ်လိုအပ်သော နေရာများသို့ လူဒါန်းနိုင်ပါရန် အ၀တ်အထည်းများ ဘုရားဆင်းတုတော်များ ထား ရှိ ပါတယ် ။ နောက်ပိုင်းတွင် အစားအစာ စားသောက် ဖွယ်ရာများ ကိုကြိုးစားစုဆောင်း အလှုခံထားပေးပါမည် ။ အလှုခံလိုသော ဓမ္မမိတ်ဆွေများအနေနှင့် ကိုဝင်းလွင် (၀၉၇၃၀၉၄၇၉၉ ၊ ၀၉၈၆၂၄၅၈၃) ၊ မမိုးမိုး(၀၉၅၀၀၆၃၄၉ ၊ ၀၉၇၃၀၄၀၃၁၉) ၊ကိုတင့်နိုင် + မဆုမိုရ် (၀၉၂၅၄၁၉၀၅၆၂) တို့ထံမှာယူအလှုခံနိုင်ပါသည် ။ အ၀တ်အထည်နှင့် အထောက်အပံများ လူဒါန်းလိုပါကလဲ ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့သို့၎င်း ၊ ထိုင်းနိုင်ငံ မဟာချိုင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သို့၎င်း ၊ ထိုင်းနိုင်ငံ စိုင်ဟ ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့သို့၎င်း ၊ မြန်မာနိုင်ငံရန်ကုန်မြို့ ရှိ ကိုဝင်းလွင် (၀၉၇၃၀၉၄၇၉၉ ၊ ၀၉၈၆၂၄၅၈၃) မမိုးမိုး (၀၉၅၀၀၆၃၄၉ ၊ ၀၉၇၃၀၄၀၃၁၉) ကိုတင့်နိုင် + မဆုမိုရ် (၀၉၂၅၄၁၉၀၅၆၂) များထံသို့လဲလာရောက်လှုဒါန်းနိုင်ပါသည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ ဆပ်သွားတောအုပ်စု မှော်ဘီမြို့ ။
ဖုံး-၊ ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
— with Kyaw Lin and 49 others. (4 photos)

Friday, 18 April 2014

``` ရေသိမ်လေးရဲ့ အမိုးအလှုရှင် ´´´

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
``` ရေသိမ်လေးရဲ့ အမိုးအလှုရှင် ´´´
https://www.facebook.com/buddhagonyipage?ref=hl

ဦးရွှေပုတို့ မိသားစုလိုက် ဒီနေ့ ဗုဒ္ဓဂုဏ်ရည်ရိပ်သာ ကိုရောက် လာကြ ပါတယ် ။ တန်ခူးနှစ်ဆန်း(၁)ရက်မှာ ကုသိုလ်ဆန်းတွေပြုသွားပါတယ် ။ ဦးခိုင်လွင်အောင် +ဒေါ်အေးမွန် တို့ရဲ့ စေတနာ အာရုံကြရာ ရေသိမ် မဟာကို သွားရောက်ကြည့်ရင်း အစီစဉ်တွေခြ့ပပါတယ် ။ ရဟန်း ၀ိနည်း အရ အပစ်မဖြစ်လို တာကြောင့် စေတနာအလိုရ စီစဉ် ပါ လို့ပဲ ပြောဖြစ် တဲ့ အခါ ဒီတစ်မိုးမစမှီ အပီးလှုမယ်ဘုရားလို့ ကုသိုလ်စကား အားရပါးရ ပြော သွားပါတော့တယ် ။ ``ရတနာဆွေ (မေ)´´ ကိတ်မုန့် ပေါင်မုန့် မျိုးစုံ ဖြန်ချီ ရေးလုပ်ငန်း ကို ၊ ကမ်းရိုးတန်းဒေသ အထူး ၀န်ဆောင်မှု့ဆိုပီး လုပ်ဆောင် ကြတာ၊ စီပွားရှာရာ မှာတောင် ပညာပါတာ ကိုတွေ့မြင်ရပါတယ် ။ မိတ်ရင်း ဆွေရင်းတွေပြန် တွေ့သလို ရှေးဟောင်း နှောင်းဖြစ်တွေ ပြောရင်းသူ့အလှုတွေ မှာ အမည်တောင် မရေး စစ်မှန်သော ကုသိုလ်ရေး တွေဟာ ဗုဒ္ဒဂုဏ်ရည် ဆရာတော် ရဲ့ မိတ်ဆွေတွေ ဆရာတော် တွေဖြစ်နေတော့ အံသြ ၀မ်းသာ ရှိလို့မလှု သိလို့ လှု ကြတဲ့ဒါနစစ်တွေ ကြားရမြင် ရ၀မ်းသာကြရပါတယ် ။ ညနေ(၄)နာရီ ကျော်မှ ပြန်သွားကြ ပါတယ် ။ ကျောင်းမှာလိုအပ်သမျှ သုံးနိုင်ကြဘို့ ဝေယာဝစ္စအလှုငွေ (တစ်သိန်း) လှုဒါန်းသွားကြပြန်ပါတယ် ။ ကုသိုလ်သံတွေဝေ အမျှ ဝေသံတွေစီညံလို့ နိဗ္ဗာန်နန်းတက်လှမ်းနိုင်ပါစေ လို့ ဆုတောင်းရင်း ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ ဆပ်သွားတောအုပ်စု မှော်ဘီမြို့ ။
ဖုံး-၊ ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

Monday, 24 March 2014

“ “ မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး နှင့် ပတ်သက်သော သာသနာရေးဆိုင်ရာ ရှင်းလင်ပွဲအတွက်ပင့်လျှောက်လွှာ ” ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ “ မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး နှင့် ပတ်သက်သော သာသနာရေးဆိုင်ရာ ရှင်းလင်ပွဲအတွက်ပင့်လျှောက်လွှာ ” ”
https://www.facebook.com/buddhagonyipage?ref=hl
သံဃာအားကောင်းရင်ပိုကောင်းပါတယ်ဟုဆရာတော်ဝီရသူ(မစိုးရိမ်)
က အရှင်ဘုရားရယ်၊ ဆရာတော် ရွှေည၀ါရယ် အတွက် နောက်သုံးပါး လောက် ပင့်ခဲ့ပါ ဘုရားဆိုပီး ဖိတ်စာငါးစောင်ပေးအပ် လိုက်ပါတယ် ။ အားလုံးသော ဆရာတော် သံဃာတော် များနှင့် ဒါယကာဒါယိကာမ အပေါင်းအား သာသနာမျက်နှာ ထောက်ထား ၍ လေးစားစွာဖိတ်ကြားအပ်ပါတယ် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
— with မာ လု and 56 others.

Thursday, 6 March 2014

“ စားကြဦးမလား မရမ်းသီးစိမ်းများ ”

http://buddhagonyi.blogspot.com/
“ စားကြဦးမလား မရမ်းသီးစိမ်းများ ”
https://www.facebook.com/ashin.aggadhamma.7
ဦဇင်းတို့ ဗုဒ္ဓဂုဏ်ကျောင်းထဲမှာ တောကျောင်းလေးဖြစ်သလို သစ်ပင်ဝါးပင် တွေ ပေါများလှ ပါတယ် ။အများကြီးမဟုတ်တောင်အေးချမ်းမှု့ပေးစွမ်း နိုင်တဲ့ အပင်လေး တွေစုံပါတယ် တောရိပ်တောင်ရိပ်အဖြစ်ဝါးပင်တွေပေါ့ပြီး လမ်းတွေကို လည်း ထီးရိုး ၀ါးပင်လေးတွေစိုက်ထားပါတယ် ။သရက်ခြံ လုပ်ခဲ့လေတော့ သရက် တောလို့လဲပြောမရပြန်ပါဘူး ပင်အိုတွေလိုကိုင်းတွေဖြတ်ထင်း ထုပ် ရောင်းခံ၇တော့ ပိုးဝင်နေတဲ့ သရက်ပင် (၁၅)ပင်လောက်တော့ရှိပါတယ် ။ အရင်က တော့များခဲ့ပေမယ် လမ်းရှင်း ကျောင်းမြေရှင်းနဲ့သိပ်မကြံတော့ တာပါပဲ ။ သိမ်မြေနေရာ အတွက်ရယ် မလွတ်တာရယ်နဲ့ (၄)ပင်လောက် ထင်းခွဲရတော့ တာပါပဲ ။ တောရိပ်လိုခြင်ပေမယ် ထန်းတပင် ရယ် မလွှပင်ကြီး(၃)ပင်ကတော့ ထီးထီးကြီးနဲ့နှစ် (၃၀) သက်တမ်းလောက် ရှိမယ်ထင်ပါတယ် ကနှစိုး(၃)ပင် လောက်ရယ် သီဟိုသရက် (ရ) ပင်လောက်ရယ် ရှိကြတယ် ။ အပေါဆုံးက ၀ါးနက် ၀ါး ရယ်ပါ ၊ ထီးရိုးဝါးရယ် ၊ ၀ါးယားရယ် ၊နဲ့ ၀ါးဘိုးဝါး သုံပင်လောက်တော့ ဦးဇင်းစိုက်ခဲ့ပါတယ် ။ ခုတော့တောနီပါးဖြစ်နေပါပီ ။ အခုပြောမယ့် မရမ်းပင် ညီနောင်ကတော့ ဗုဒ္ဓဂုဏ်ရည်ရဲ့ သန့်ရှင်းရေး ရေသိမ်လေး၇ဲ့ အနီးအနား ချောင်းဘေးနားမှာ ပေါက်တာပါ ။ အရင်နှစ်တွေကတော့ မသိမသာ လူတွေခူခံ နေ၇တော့ ကျောင်းပတ်ဝင်းကျင်မှာ ခြံတွေဖြစ်လာလူ မပြတ်တော့မှပဲ မရမ်းသီးစိမ်း တွေတွေ့ရတော့တာပါပဲ ။ အရင်နှစ်တွေက အသီးဝါ၀ါမြင် ကာမှ မရမ်းသီးမကြိုက်လေတော့ စိတ်မ၀င်စား ခဲ့ပါဘူး ။ ဒီနှစ်တော့ ကျောင်းနေ သီလှရှင် နှင့် ယောဂီတို့ကောင်းမှု့ကြောင့် မရမ်းသီးစိမ်းအကြွေလေး တွေ ငါးပိစိမ်းလေးနဲ ငရုတ်သီးစိမ်းလေး ရောပီးထောင်း ပုဇွန်ခြောက်ကောင်းလေး တွေပါတော့ ကောင်းမှကောင်း ပေါ့ ။ ရဟန်းဘ၀ရောက်မှ ကိုယ်ကြိုက်ခဲ့တာ ဒီမရမ်းသီးပင်ပါ့လား သိခဲ့ရတော့တယ် ။အပင်လေးငယ်ငယ် ဘာရယ်မဟုတ် အမှိုက်ရှင်း မီးရှိတဲ့ ကျောင်းသားတွေကြောင် တစ်ချမ်းမီးမြိုက်ခံလိုက် ရတဲ့ မရမ်းပင် အရမ်းခြင်တယ်ပြောလဲ တောထဲ သဘာဝ စားလို့လဲရ ကြည့်လို့လဲလှ ။ ဒီကနေ့ရောက်လာတဲ့ ကိုတမာ မိသားစုရယ် မင်းစနေရယ် ဖေ့စဘုတ်မိသား စုတွေ အမှတ်တရ ဝေလိုက်တာပါ့ ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

Wednesday, 5 March 2014

“ မ.ဘ.သ (ရွာမ)ဆရာတော်ဘုရားကြီး ထံ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည်ညို ဘယ်လိုဖြစ်လာမလဲ ”

http://buddhagonyi.blogspot.com/
“ မ.ဘ.သ (ရွာမ)ဆရာတော်ဘုရားကြီး ထံ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည်ညို ဘယ်လိုဖြစ်လာမလဲ ”
https://www.facebook.com/ashin.aggadhamma.7
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ရွာမ ဆရာတော် ဘုရားကြီး၏ (၇၅)နှစ်ပြည့် စိန်ရတု ၀ိဇာတမွေးနေ့မင်္ဂာအခမ်းနားကို ပြည်သူ့ လွတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လာရောက်တဲ့အတွက် အလွန်ဝမ်းသာစရာ ကောင်းပါတယ် ။ ဒါပေမယ့် တကယ့်ဒါယိကာမကြီးစိတ်နဲ့လား တာဝန်ကျေလား ၊ (၂၀၁၅) ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လား ၊ အမျိုးဘာသာသာသနာ စောင့်ရှောက် ဖို့လား။ ဆရာတော်ဘုရားကြီးရဲ့ အမျိုးဘာသာသာသနာ ပေါ် ထားတဲ့စိတ်ကောင်းစေတနာကို တကယ်မြင်နေပီလား ၊ ဟန်ဆောင်လား ။ ဆရာတော်ဘုရားကြီး ကိုဘယ်လိုအာမခံချက်တွေနဲ့ ချဉ်ကပ်ခဲ့လဲ ။ ၀မ်းသာ စရာတွေထဲက ကောင်းသောအကြောင်း အရာများကို ဖြစ်စေလိုတာ ဗုဒ္ဓဘာသာ အဖွဲ့ ၀င်တွေအားလုံး ဘာသာဝင်တွေအားလုံး မျှော် လင့်နေတာလဲ အဓီက ယုံကြည်ချက် ပါပဲ ။ ဘယ်လိုဖြစ်ဖြစ် စနစ်တကျ ပြောင်းလဲကြမယ်ဆိုရင် တို့တိုင်းပြည် တို့ နိုင်ငံအတွက် ဒါယိကာမကြီးကိုချစ်ခဲ့တဲ့သူတွေ ၀မ်းသာနေတာ အမှန်ပါပဲ ၊ ဘာသာခြားတွေကြောင့် ၊ မသေခြာ မရေရာတွေကြောင့် ဝေးနေကြရပေမယ့် နီးလေတန်ဘိုးရှိလေ ၊ အားလုံးပြောင်းလဲနိုင်ပါစေ တို့နိုင်ငံအတွက် အသင့်ဖြစ် လောကကြီးကို မေတ္တာစစ် နဲ့ ချစ်နိုင်ပါစေလို့သာ မျှော်လင်မိပါတော့သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
— with Hane Latt Htun and 54 others.

Wednesday, 26 February 2014

“ ဓမ္မဂါးဒင်းဆရာတော်၏ ဗုဒ္ဓဂုဏ်ရည် အလယ်အပါတ် နှင့် လေ့လာရေး ”

http://buddhagonyi.blogspot.com/
“ ဓမ္မဂါးဒင်းဆရာတော်၏ ဗုဒ္ဓဂုဏ်ရည် အလယ်အပါတ် နှင့် လေ့လာရေး ”
https://www.facebook.com/ashin.aggadhamma.7
ဗုဒ္ဓဂုဏ်ရည်ဆရာတော်ကို ဂျပန်နိုင်ငံက ကိုဝိမုတ္တိသုခ တို့နှင့် စတင်ဖုန်းဆက် ကာ ဗုဒ္ဓဂုဏ်ရည် သာသနာစောင့်ရှောက်ရေးအတွက် ဆက်လက်ကြိုးစားနိုင်ပါရန် ငွေသား (၁၀)သိန်းတစ်ဦးတည်းအလှုရှင်အဖြစ် စတင်အားပေးထောက်ပံခဲ့သော ဓမ္မဂါးဒင်းဆရာတော် ဒေါက်တာအရှင်ဣိန္ဒက ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက် ရေး အဖွဲ့ရှိရာ ကရင်ရေသိုးကျေးရွာ ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာကို ရောက် ရှိလာပါတယ် ။ ဆရာတော်အရှင်ဥတ္တမနှင့်အတူ ကျောင်းသိမ်ဆောက်ရန်မြေနေ ရာသိမ်မြေနုတ်ရာ မြေနေရာနှင့်ကျောင်းတွင်း ရေသိမ်ရှိ ရာတို့ကိုလာရောက် လေ့လာ အမှတ်တရစကားများပြောကြားဖြစ်ခဲ့ကြပါတယ် ။ ဗုဒ္ဓဂုဏ်ရည်သာသနာ စောင့်ရှောက်ရေးအတွက် နောက်လိုအပ်တဲ့ ဗွီဒီယို ကင်မရာ တစ်လုံး လှုပေးဖို့လဲ နှတ်ဆက်ထားပြီး အမျိုးဘာသာ သာသနာအတွက် ရတက် မအေးစွာ စေတနာတရားလွန်စွာကြီးမားသူ သံဃာတော်ပညာရှိတပါးပဲဖြစ်ပါတယ် ။ ဆရာတော်လာရောက် လေ့လာအားပေးခြင်းကြောင့် ဗုဒ္ဓဂုဏ်ရည်အဖွဲ့ သားများ အားလုံးလဲဝမ်းသာ အပြုံးများနှင့်ကြိုဆိုကြကာ တောကျောင်းဆွမ်းလေး ကို အားရ ပါးရဘုန်းပေးသုံးဆောင်သွားခဲ့ပါတယ် ။ ဆရာတော်ကျမ်းမာချမ်းသာ သာသနာ ပြုနိုင်ပါစေ လို့ ဆုတောင်ရင်း ဓမ္မဒူတခရီးဆက်ခဲ့ပြန်ပါတယ် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

Wednesday, 19 February 2014

“ ဗုဒ္ဓဂုဏ်ရည် ဆရာတော်သက်တော်(၅၀)ပြည့် အမှတ်တရ သိမ်နုတ် မင်္ဂလာ ”

http://buddhagonyi.blogspot.com/
“ ဗုဒ္ဓဂုဏ်ရည် ဆရာတော်သက်တော်(၅၀)ပြည့် အမှတ်တရ သိမ်နုတ် မင်္ဂလာ ”
https://www.facebook.com/ashin.aggadhamma.7
၂ -၂- ၁၉၆၄ မှာမွေးဖွားသန့်စင်ခဲ့သော အရှင်အဂ္ဂဓမ္မဟာ မြန်မာသက္ကရဇ် ၁၃၂၅ ခု တပို့တွဲ လပြည်ကျော် (၅)ရက်နေမှာ ဖွားမြင်ခဲ့သူပဲဖြစ်ပါတယ် ။ ၁၃ရ၅ ခု တပို့ တွဲ လပြည့်ကျော်(၅)ရက် ဒီနေ့ဟာ သက်တော်(၅၀)ပြည့် မွေးနေ့ အမှတ် တရ သိမ်နုတ်ခြင်းမင်္ဂလာပြုပြီး သံဃာတော် အပါး(၆၀) ကျော်နှင့် သိမ်နုတ်ခြင်း ကုသိုလ် တော် ပြုခွင့် လှုဒါန်းဘွယ်ရာ အဖြာဖြာလှုဒါန်းခွင်ရခဲ့ပါတယ် ။ မင်္ဂလာရှိ သော သိမ်နုတ်ခြင်း ကုသိုလ်တော် နှင့်မင်္ဂလာရှိသော မွေးနေ့ကိုဖြတ်သန်းခြင်းပါပဲ ။

ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

Tuesday, 18 February 2014

“ ဗုဒ္ဓဂုဏ်ရည် သိမ်မြေနုတ်ရာ ဒေါက်တာကိုကိုနိုင် အလယ်ရောက်လာ ”

http://buddhagonyi.blogspot.com/
“ ဗုဒ္ဓဂုဏ်ရည် သိမ်မြေနုတ်ရာ ဒေါက်တာကိုကိုနိုင် အလယ်ရောက်လာ ”
https://www.facebook.com/ashin.aggadhamma.7
ကျမ်းမာရေးဆေးစစ်ရင်း တောင်ကြီးကနေ ရောက်နေတဲ့ ဒေါက်တာကိုကိုနိုင် ( တခါက )ဓမ္မာစရိယ ဘိက္ခု အရှင်သေ၀က ဟာ ခရစ်ယာန်အသင်းအဖွဲ့တွေ အကူညီမပါပဲ ဆီးကျိတ်ခွဲခြင်း ၊ဆီးကျောက်ချေခြင်း ၊စတဲ့ကျမ်းမားရေး စစ်ဆေးကုသမှု့တွေဗဟိုဆေးရုံကြီးမှာကုသ ခံယူခဲ့တာ တစ်လကျော်ခဲပါပြီ ။
ဓမ္မမိတ်ဆွေလဲဖြစ် သံယောဇဉ်လဲရှိလို့ မှတ်မှတ်ရရ ဗုဒ္ဓဂုဏ်ရည်ကျောင်းကို အလယ်လာဖြစ်ရင်း သိနုတ်မြေနေရာသန့်ရှင်းရေးလုပ်တာကို ရောက်လာခဲ့ပါတယ် ။ သိမ်မြေနုတ်ဖို့ တာဝန်ယူဆောင်ရွက်ပေးမယ် သာသနာဝန်ဆောင် ကျောင်းက တိုက်အုပ်ဆရာတော်ဦးဝါယမိန္ဒ လဲရောက်ရှိလာတာနဲ့ကြုံလို့ ဓမ္မရေးရာဆွေးနွေးဖြစ်ကြပါသေးတယ် ။
ဒေါက်တာကိုကိုနိုင်ကြီး အသက်ရာကျော်ရှည်ပါစေလို့သာဆုတောင်းရင် ည နေ (၆)နာရီကျော်မှပြန်သွားဖြစ်ပါတော့တယ်။
ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

Sunday, 16 February 2014

“နေကောင်းရက်သာ သိမ် အလှုမင်္ဂလာ အတွက် ပေးလှု လိုပါသည် ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“နေကောင်းရက်သာ သိမ် အလှုမင်္ဂလာ အတွက် ပေးလှု လိုပါသည် ”
https://www.facebook.com/buddhagonyipage?ref=hl

ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာကျောင်းအနီးက ဗုဒ္ဓဘာသာမိသားစုများဖြစ်ကြတဲ့ ကရင် ရေသိုး ကျေးရွာနေ ဈေးဆိုင်ပိုင်ရှင် ဦးတင်စိုး (နဒီတိုးဆေးသုတ်လုပ်ငန်း) +ဒေါ်ကြည် ကြည်စိုး မိသား စု တို့က ဒီကနေ့ ၂၀၁၄ခု ဖေဖေါ်ဝါရီလ ၁၅ ရက် တနင်္ဂနွေနေ့မှာ နိုင်ငံခြားမှာရှိ နေတဲ့ သားကြီး ကိုအောင်ကိုကိုထူး နှင့် သမီးကြီး မခိုင်ရည်မွန် ၊ သမီးလတ် မသက်မြတ်စံ သမီးငယ် မရွှေရီဝင်း မိသားစုများ၏ ကုသိုလ်အဖြစ် မိဘကောင်းများပီသစွာ မဟာသိမ် ဒါန အလှုမှာလာရောက် ပါဝင်လှုဒါန်း ကြပါတယ် ။ လူကိုယ်တိုင်ပါဝင်ကြမှာဖြစ်သလိုသိမ်အတွက် လိုရာ အသုံးပြုနိုင်ပါရန် သိမ်နုတ် သိမ်သမုတ် အတွက် သိတဲ့နေ့ကစလို့ လာရောက် ကူညီ ပေး နေကြသူများလဲဖြစ်ကြပါတယ် ။ သားသမီးများ၏ဒါနမိဘများက သိမ်အလှုတော်ငွေကျပ် တစ်သိန်းအဖြစ်ထည့်ဝင်လှုဒါန်းခဲ့ကြပြန်ပါတယ် ။ မြဲသောဒါန နိဗ္ဗာန်ရရန် အထောက်အပံ့ ကောင်း သည် စင်စစ် မသွေဖြစ်ပါစေ လို့ဆုတောင်းပေးလိုက်ရပါ တော့တယ် ။

ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတောအုပ်စု ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
— with မာ လု and 48 others.

Saturday, 21 December 2013

“ မျိုးချစ်မြန်မာဆရာတော်နှင့် တွေ့ဆုံခြင်း သာသနာပြုခရီးလမ်းခွေ ”

http://www.facebook.com/buddhagonyipage?ref=hl
“ မျိုးချစ်မြန်မာဆရာတော်နှင့် တွေ့ဆုံခြင်း သာသနာပြုခရီးလမ်းခွေ ”

ဗုဒ္ဓဂုဏ်ရည်ဆရာတော်အရှင်အဂ္ဂဓမ္မ(နိက္ခမ) နှင့်ရွှေပါရမီ ပညာဒါန မျိုးချစ်မြန်မာဆရာတော် အရှင်ညာဏသီဟ တို့တွေဆုံ၍ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ ဘ၀မြင့်မားတိုးတက်ရေး သာသနာပြုဘ၀နှင့်အခက်အခဲများတင်ပြဆွေးနွေးခြင်ဒီဗွီဒီခွေ ထွက်ပါပီ လေ့လာလိုသူများ မျိုးချစ်မြန်မာဆရာတော်ထံတွင် ၄င်း ဗုဒ္ဓဂုဏ်ရည် ဆရာတော် ထံတွင်၎င်း ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့တွင်လာရောက်အလှုခံနိုင်ပါပြီ ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

http://www.facebook.com/buddhagonyipage?ref=hl “ ဗုဒ္ဓဘာသာသို့ အကြွင်းမဲ့ယုံကြည်လာသူတစ်ယောက်အကြောင်း ” http://buddhagonyi.blogspot.com/ ဗုဒ္ဓဂုဏ်ရည်ဆရာတော်ချင်းပြည်နယ်တစ်ခွင်(ကန်ပက်လက် ၊မင်းတပ်၊တီးတိန်၊ဖလမ်း၊ဟာခါး) ခရီးစဉ်တွင် မှတ်တမ်းတင်ဖြစ်သော လက်ထောက်လူပုဂ္ဂိုလ်သာသနာပြု(ငြိမ်း) တစ်ဦးဖြစ်သူ ကိုအောင်ဖြိုးဝေ (ဆရာဖြိုး) တာဝန်ယူစဉ်က ဟားခါးရှိ အစ္စလာမ်ဘာသာဝင် မောင်နေလင်း ထွန်း ၏ ဘ၀ဖြစ်စဉ်နှင့် ဘာသာပြောင်းခြင်သူ သားကိုအစာမကြွေးရေမပေးပဲ ၊ရက်စက်စွာ (၅)ရက်ခန့်ဖမ်းချုပ်ကြိုးတုတ်ခဲ့သော်လဲ ၊အသက်ကို ပဓာန မထားပဲ လောကအမှန်တရား ကိုရှာဖွေ နေသူတစ်ဦး၏ ဖြစ်ရပ်မှန်မှု့ခင်းဖေါ်ထုပ်မှုဇာတ်လမ်း တွေဆုံမေးမြန်း သံသရာလမ်း ဗီဒီယိုခွေ လာရောက်အလှုခံနိုင်ပါပြီ ။ ထိုင်းနိုင်ငံတွင်ဗုဒ္ဓဂုဏ်ရည်ဆရာတော် ထံလာရောက်အလှုခံနိုင်သကဲ့သို့ အင်တာနက် ယူကျုတင်ပေးနိုင်သူများ ဖုံး ၀၈၉၆၇၀၄၃၅၉ ကိုညီညီ ၀၈၇၇၆၈၃၄၆ ၊ ကိုလိုဆို-၀၈၀၅၈၀၅၆၂၈ သို့ကြိုတင်ဆက်သွယ်ထားနိုင်ပါသည် ။ ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။ စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။ ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅ Photo: http://www.facebook.com/buddhagonyipage?ref=hl “ ဗုဒ္ဓဘာသာသို့ အကြွင်းမဲ့ယုံကြည်လာသူတစ်ယောက်အကြောင်း ” http://buddhagonyi.blogspot.com/ ဗုဒ္ဓဂုဏ်ရည်ဆရာတော်ချင်းပြည်နယ်တစ်ခွင်(ကန်ပက်လက် ၊မင်းတပ်၊တီးတိန်၊ဖလမ်း၊ဟာခါး) ခရီးစဉ်တွင် မှတ်တမ်းတင်ဖြစ်သော လက်ထောက်လူပုဂ္ဂိုလ်သာသနာပြု(ငြိမ်း) တစ်ဦးဖြစ်သူ ကိုအောင်ဖြိုးဝေ (ဆရာဖြိုး) တာဝန်ယူစဉ်က ဟားခါးရှိ အစ္စလာမ်ဘာသာဝင် မောင်နေလင်း ထွန်း ၏ ဘ၀ဖြစ်စဉ်နှင့် ဘာသာပြောင်းခြင်သူ သားကိုအစာမကြွေးရေမပေးပဲ ၊ရက်စက်စွာ (၅)ရက်ခန့်ဖမ်းချုပ်ကြိုးတုတ်ခဲ့သော်လဲ ၊အသက်ကို ပဓာန မထားပဲ လောကအမှန်တရား ကိုရှာဖွေ နေသူတစ်ဦး၏ ဖြစ်ရပ်မှန်မှု့ခင်းဖေါ်ထုပ်မှုဇာတ်လမ်း တွေဆုံမေးမြန်း သံသရာလမ်း ဗီဒီယိုခွေ လာရောက်အလှုခံနိုင်ပါပြီ ။ ထိုင်းနိုင်ငံတွင်ဗုဒ္ဓဂုဏ်ရည်ဆရာတော် ထံလာရောက်အလှုခံနိုင်သကဲ့သို့ အင်တာနက် ယူကျုတင်ပေးနိုင်သူများ ဖုံး ၀၈၉၆၇၀၄၃၅၉ ကိုညီညီ ၀၈၇၇၆၈၃၄၆ ၊ ကိုလိုဆို-၀၈၀၅၈၀၅၆၂၈ သို့ကြိုတင်ဆက်သွယ်ထားနိုင်ပါသည် ။ ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။ စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။ ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

http://www.facebook.com/buddhagonyipage?ref=hl
“ ဗုဒ္ဓဘာသာသို့ အကြွင်းမဲ့ယုံကြည်လာသူတစ်ယောက်အကြောင်း ”
 http://buddhagonyi.blogspot.com/

ဗုဒ္ဓဂုဏ်ရည်ဆရာတော်ချင်းပြည်နယ်တစ်ခွင်(ကန်ပက်လက် ၊မင်းတပ်၊တီးတိန်၊ဖလမ်း၊ဟာခါး)
ခရီးစဉ်တွင် မှတ်တမ်းတင်ဖြစ်သော လက်ထောက်လူပုဂ္ဂိုလ်သာသနာပြု(ငြိမ်း) တစ်ဦးဖြစ်သူ ကိုအောင်ဖြိုးဝေ (ဆရာဖြိုး) တာဝန်ယူစဉ်က ဟားခါးရှိ အစ္စလာမ်ဘာသာဝင် မောင်နေလင်း ထွန်း ၏ ဘ၀ဖြစ်စဉ်နှင့် ဘာသာပြောင်းခြင်သူ သားကိုအစာမကြွေးရေမပေးပဲ ၊ရက်စက်စွာ (၅)ရက်ခန့်ဖမ်းချုပ်ကြိုးတုတ်ခဲ့သော်လဲ ၊အသက်ကို ပဓာန မထားပဲ လောကအမှန်တရား ကိုရှာဖွေ နေသူတစ်ဦး၏ ဖြစ်ရပ်မှန်မှု့ခင်းဖေါ်ထုပ်မှုဇာတ်လမ်း တွေဆုံမေးမြန်း သံသရာလမ်း ဗီဒီယိုခွေ လာရောက်အလှုခံနိုင်ပါပြီ ။ ထိုင်းနိုင်ငံတွင်ဗုဒ္ဓဂုဏ်ရည်ဆရာတော် ထံလာရောက်အလှုခံနိုင်သကဲ့သို့ အင်တာနက် ယူကျုတင်ပေးနိုင်သူများ ဖုံး ၀၈၉၆၇၀၄၃၅၉
ကိုညီညီ ၀၈၇၇၆၈၃၄၆ ၊ ကိုလိုဆို-၀၈၀၅၈၀၅၆၂၈ သို့ကြိုတင်ဆက်သွယ်ထားနိုင်ပါသည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
 http://buddhagonyi.blogspot.com/

ဗုဒ္ဓဂုဏ်ရည်ဆရာတော်ချင်းပြည်နယ်တစ်ခွင်(ကန်ပက်လက် ၊မင်းတပ်၊တီးတိန်၊ဖလမ်း၊ဟာခါး)
ခရီးစဉ်တွင် မှတ်တမ်းတင်ဖြစ်သော လက်ထောက်လူပုဂ္ဂိုလ်သာသနာပြု(ငြိမ်း) တစ်ဦးဖြစ်သူ ကိုအောင်ဖြိုးဝေ (ဆရာဖြိုး) တာဝန်ယူစဉ်က ဟားခါးရှိ အစ္စလာမ်ဘာသာဝင် မောင်နေလင်း ထွန်း ၏ ဘ၀ဖြစ်စဉ်နှင့် ဘာသာပြောင်းခြင်သူ သားကိုအစာမကြွေးရေမပေးပဲ ၊ရက်စက်စွာ (၅)ရက်ခန့်ဖမ်းချုပ်ကြိုးတုတ်ခဲ့သော်လဲ ၊အသက်ကို ပဓာန မထားပဲ လောကအမှန်တရား ကိုရှာဖွေ နေသူတစ်ဦး၏ ဖြစ်ရပ်မှန်မှု့ခင်းဖေါ်ထုပ်မှုဇာတ်လမ်း တွေဆုံမေးမြန်း သံသရာလမ်း ဗီဒီယိုခွေ လာရောက်အလှုခံနိုင်ပါပြီ ။ ထိုင်းနိုင်ငံတွင်ဗုဒ္ဓဂုဏ်ရည်ဆရာတော် ထံလာရောက်အလှုခံနိုင်သကဲ့သို့ အင်တာနက် ယူကျုတင်ပေးနိုင်သူများ ဖုံး ၀၈၉၆၇၀၄၃၅၉
ကိုညီညီ ၀၈၇၇၆၈၃၄၆ ၊ ကိုလိုဆို-၀၈၀၅၈၀၅၆၂၈ သို့ကြိုတင်ဆက်သွယ်ထားနိုင်ပါသည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

Thursday, 12 December 2013

“ အင်တာနက်မိတ်ဆွေများတွေ့ကြသည် ”

https://www.facebook.com/ashin.aggadhamma.7
“ အင်တာနက်မိတ်ဆွေများတွေ့ကြသည် ”
http://buddhagonyi.blogspot.com/

ဓမ္မမိတ်ဆွေလဲဖြစ် အင်တာနက်သူငယ်ခြင်းလဲဖြစ်ကြသူများ က အမိမြေကိုနွေးထွေးလက်များကိုကူညီရန်တွေဆုံရင်း ဗုဒ္ဓဂုဏ်ရည်ရိပ်သာတွင် ဆရာတော်အရှင်အဂ္ဂဓမ္မ (နိက္ခမ) အခုမှတွေ့ဘူးဆုံဘူးကြပေသည် ။ ငယ်သူငယ်ချင်းများသဖွယ် ဆရာဒကာရင်းများသဖွယ် ပျော်ရွင်စွာကျောင်းမှာအုန်းထမင်းစား ပျော်ရွင်စွာတနေကုန်နေသွားကြရင်း ပြောမဆုံးပေါင် တောသုံထောင် ညနေမှောင်မှပြန်သွားကြပေတော့သည် ။ အားလုံးချမ်းမြေ့ ပျော်ရွင်မွေ့ခဲ့ကြပါပေတာ့သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့ ။
— with Autumn Mtz and 49 others.

Tuesday, 5 November 2013

“သွေးအေးလို့ဖက်ရ တဲ့ နွေးထွေးသော လက်ကလေးများ ၏ ဘဏ့်အကောင့် ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“သွေးအေးလို့ဖက်ရ တဲ့ နွေးထွေးသော လက်ကလေးများ ၏ ဘဏ့်အကောင့် ”
https://www.facebook.com/buddhagonyipage?ref=hl
အမိမြန်မာနိုင်ငံတော်ကြီးကို အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာခဲ့ရပီး ဝေးတမြေမှာ နေကြရပေမယ့် အဆွေးပင်လယ်ဝေစွာ ချစ်ခဲ့ရတဲ့ အမိမြေ ။ အမိနိုင်ငံသား တိုင်းရင်းသား ပေါင်းစုံတို့ရဲ့ ချွေးဖြင့်ရှာ၍ ရထားသော သွေးတို့စီးဆင်းဖို့ အမိမြေကို နွေးထွေးစေမည့် လက်များ ရှင်သန်လာပြီ ဖြစ်ပါတယ် ။ မေတ္တာတရားတို့လွမ်းခြုံလျှက် လူမျိုးမရွေး ဘာသာမရွေး အခက်အခဲများ ကင်းစင်ရေး လက်ချောင်းလေးများ၏ ခွန်အားများ စုပေါင်း အားဖြင့် ဖေးမ၍ ၀ိုင်းဝန်းကူညီကြမည့် ဖြူစင်သောနှလုံးသားတို့၏ ငိုညည်းသံ ကမ္ဘာတခွင် မိုးလုံးညံလို့ မြန်ပြည်တခွင် စေတနာရေစီးသံတို့ဖြင့် ပြည့်လျှံ စေရပေတော့မည် ။
ကမ္ဘာနိုင်ငံအသီးသီးမှ မေတ္တာစေတနာရှင်များ၏လှုဒါန်းမှု့ အစုစုကို ကန်တစ်ခုလိုစု လိုရာကို သယ်ယူပြုစုနိုင်ရန် ဗုဒ္ဓဂုဏ်ရည်ဆရာတော် အရှင်အဂ္ဂဓမ္မ (နိက္ခမ) နှင့် နိုင်ငံကျော် အဆိုတော် တေးသံရှင်သရုပ်ဆောင်ရွှေရည်သိန်းတန်တို့ နှစ်ဦးအမည်ဖြင့် အလုံမြို့နယ် ကမ္ဘောဇဘဏ်လီမီတက်တွင် ဘဏ်စာရင်း အကောင့် တစ်ခုဖွင့်လှစ်ခဲ့ပြီဖြစ်ပါသည် ။ အကောင့်အမှတ် ၀၆၂၁၂၂၀၀၀၆၇၁၁(ကမ္ဘောဇဘဏ်ခွဲ-အလုံ)ဖြင့် ဖွင့်လှစ်ထားခဲ့ပါသည် ။
Accont No. 0621220006711 {Kanbawza Bank Ltd.,(Ahlone)} Joint - 2Persons will sign. ဖြင့်ကမ္ဘာနိုင်ငံ အသီးသီးမှ လူမျိုးမရွေး ဘာသာမရွေး အလှုရှင်များ လှုဒါန်းနိုင်ကြပြီ ဖြစ်ပါသည် ။ ဖွဲ့စည်းပုံစည်းမျဉ်းပါ ဦးဆောင်သူများ လှုဒါန်းလိုရာသို့ ဗုဒ္ဓဂုဏ်ရည်ဆရာတော် နှင့် အတူ ဒါရိုက်တာကောင်းသန့် ၊ အဆိုကျော်မရွှေရည်သိန်းတန် နှင့် အဖွဲ့ဝင်များမှ သွားရောက်စစ်ဆေး လှုဒါန်းပေးကြမည်ဖြစ်ပါသည် ။“ ဘာသာမရွေးလူမျိုးမရွေး လှုဒါန်းရေး အမိမြေ၏ နွေးထွေးလက်များ သွေးစည်းပေး ” ဟူသောမူဖြင့်စတင် ပျံသန်းခြင်း၏ ပထမခြေလှမ်းများသာ ဖြစ်ပါပေတော့သည် ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

“ ဗောဓိရိပ်ငြိမ်ဆရာတော်အား ဆရာရင်း မှိ့နှစ်စဉ်ကန်တော့ဖြစ်ပါသည် ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ ဗောဓိရိပ်ငြိမ်ဆရာတော်အား ဆရာရင်း မှိ့နှစ်စဉ်ကန်တော့ဖြစ်ပါသည် ”
https://www.facebook.com/buddhagonyipage?ref=hl

ရဟန်းဖြစ်ရာကျောင်းတော်မဟာသို့ အနဲ့ဆုံးတစ် နှစ်တစ်ခါတော့ အနဲ့ဆုံးရောက်ပါ၏ ။ မိမိ၏ဘာသာရေး သာသနာရေး ဆောင်ရွက်မှု့များကိုတင်ပြရင်းဆုံးမနာယူ ခံယူရသည်ကိုပင် မင်္ဂလာအဖြစ်ပျော်ရွင်စွာ အမြဲကန်တော့ဖြစ်ပါသည် ။ ဗောဓိရိပ်ငြိမ်ဆရာတော်ဗုဒ္ဓေါရသ အရှင်ဣန္ဒာစရိယ သည် တရားတော်နှင့်အညီဝိနည်းကိုလွန်စွာလေးစားပြီး ဘုရားသသနာအား ဟော၍တစ်ဖုံ ကျင့်၍တစ်မျိုး ရေး၍မကုန် စသည် သာသနာစောင့်ရှောက်မှု့များအား သံဃာ အများ လေးစားကြည်ညိုအောင် ကိုစောင့်ရှောက်ပေးနှိင်သော ဆရာတော် တစ်ပါးပင် ဖြစ်ပါ သည် ။ လာရောက်လှုဒါန်ဆပ်ကပ် သောတပည့်အပေါ် နှစ်ထပ်သင်္ကန်း အကွက်စိတ် အကောင်းစားနှင့်ပင် ပြန်လည်ချီးမြောက်လိုက်ပါသေးသည် ။ ဆရာတော်ဘုရားရေးသား ထားသော တရားစာအုပ်၂အုပ်လဲထပ်မံလှုဒါန်းလိုက်ပြန်ပါသည် ။ ဆရာတော်သက်တော်ရှည်၍ သာသနာ့အကျိုးကိုဆထက်ထမ်းပိုးဆောင်ရွက်နှိင်ပါစေဆုတောင်ရင်းအမှတ်တရ မှတ်တမ်းတင်ဖြစ်ခဲ့ပါတော့သည် ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
— with Autumn Mtz and 49 others.

“ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာကထိန်အလှုတော် (၃၁-၁၀-၂၀၁၃)နေ့မှာ ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာကထိန်အလှုတော် (၃၁-၁၀-၂၀၁၃)နေ့မှာ ”
https://www.facebook.com/buddhagonyipage?ref=hl
ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာကထိန်အလှုတော် အတွက် တောရကျောင်းလေးဖြစ်လို့ တောရှင်း နေကြပါတယ် ။(၃၁-၁၀-၂၀၁၃) ၁၃ရ၅ ခု သီတင်းကျွတ်လဆုပ် ၁၂ ရက်နေ့ မှာ ကထိန်အလှုတော်ကျင်းပကြပါမယ် ။ အလှု့ရှင်တွေကတော့ ဗုဒ္ဓဂုဏ်ရည်ဆရာတော် ပထ၀ါမှာတရားဟောထွက်ခဲ့တဲ့ တနသာင်္ရီတိုင်း ၊ ထားဝယ်မြို့ ၊ ရေဖြူမြို့နယ် ၊ ကန်ပေါက်အုပ်စု ၊ ကောင်းမှု့ ကျေးရွာ ကဖြစ်ကြပါတယ် ။ ဒေါ်သန်းကြည် ကကောင်းမှု့ ရွာမှာတရားအားထုပ်ခဲ့တဲ့ ဒါယိကာမရင်းဖြစ်ပီး မနှစ်က ၁၃ရ၄ ခု သီတင်းကျွတ်လဆုပ် ၁၂ ရက်နေ့ မှာ တရားနဲ့ အတူ ကွယ်လွန်ခဲ့ပါတယ် ။ ကျန်ရစ်သူမိသားစုဖြစ်တဲ့ အကိုတွေ မောင်တွေနဲ့ မခင်ယုလွင်က မေ့မေ့ တနှစ်ပြည့်နဲ့ အချိန် ကိုက် ရဟန်းခံ ရှင်ပြု နှင့် ကထိန် အလှုတော်ကျင်းပဖို့စီစဉ် ခဲ့ကြခြင်းဖြစ်ပါတယ် ။ ဓမ္မမိတ်ဆွေ အင်တာနက် သူတော် ကောင်း တို့ကို လဲဖိတ်ကြားအပ်ပါတယ် ၊စိတ်ပါရင်လိပ်စာပေးလိုက်ပါတယ် ၊ကြွလှမ်းခဲ့ပါနော် ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
— with မာ လု and 55 others.

Sunday, 27 October 2013

Sunday, 20 October 2013

“ ဗုဒ္ဓဘာသာသို့ ပညာဖြင့်ကူးပြောင်းခဲ့သော မလေး(ဖားအံ) နှင့်သူ၏သား ”

http://www.facebook.com/buddhagonyipage?ref=hl
“ ဗုဒ္ဓဘာသာသို့ ပညာဖြင့်ကူးပြောင်းခဲ့သော မလေး(ဖားအံ) နှင့်သူ၏သား ” http://buddhagonyi.blogspot.com/
ထိုင်းနိုင်ငံတွင်ဘ၀ဒုက္ခများကို ကျော်လွှားရန်ကျိုးစားရင်း မွေးသည်မှစ ဝေးကွာနေရသည့် မလေး၏သားလေးမောင်ဝင်းထွန်း သည် ဗုဒ္ဓဂုဏ်ရည်ဆရာတော်၏ မလေးနှင့် တွေ့ဆုံခြင်းခွေကိုကြည့်ကာ မိခင်ကိုတမ်းတစိတ်ဖြင့် ဗုဒ္ဓဂုဏ်ရည်ဆရာတော်အား တွေလို့ပါသဖြင့် သွားရောက်တွေ့ဆုံခဲ့ရပေတော့သည် ။ မိခင် ၏အလှ ဘခင်၏ ဘ၀တို့ဖြင့် လောကမေတ္ထာတရားတို့သည် ဓမ္မ နှင့် အတူ ပွင့်လန်းနေမည် မလွဲပါပေ ။ စေတနာတို့ကို မေတ္တာဖြင့်ဂုဏ်ပြုလိုပါသဖြင့် အမှတ်တရ တင်ပြအပ်ပါပေတော့သည် ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

“ အစ္စလာမ်ဘာသာဝင်များ ဗုဒ္ဓဘာသာသို့အသိတရားဖြင့်ကူးပြောင်းပွဲ ”

http://www.facebook.com/buddhagonyipage?ref=hl
“ အစ္စလာမ်ဘာသာဝင်များ ဗုဒ္ဓဘာသာသို့အသိတရားဖြင့်ကူးပြောင်းပွဲ ” 
 http://buddhagonyi.blogspot.com/

ဗုဒ္ဓဂုဏ်ရည်ဆရာတော်အရှင်အဂ္ဂဓမ္မ (နိက္ခမ) အမျိုးသားရေးတရား ပွဲများဟောပြောသွားစဉ် တရားသဘောအားထုပ်ခဲ့သော အစ္စလာမ်ဘာသာဝင်များ ဘ၀မှ မိသားစုများအလိုက် (၅)မိသားစု လူဦးရေ ၂၀ခန့်အား ဘာသာကူးပြောင်းပွဲလေးအဖြစ် မကျင်းမကြယ် ကျင်းပဖြစ်ခဲ့ပါသည် ။မြန်မာနိုင်ငံတွင် အများဆုံးတစ်ကြိမ်ထဲပြောင်းခြင်းအဖြစ်လဲသုံးသပ်ကြပါသည် ။ ဗုဒ္ဓဘာသာသို့အသိတရားဖြင့်ကူးပြောင်းပွဲ တွင်ဝိပဿနာသဘော သမထသဘောများဖြင့် စမ်းသတ်ပျော်ရွင်ခဲ့ကာ စစ်မှန်သော အသိဖြင့် ၀င်ရောက်မှု့ကို အေးသာယာမြို့ နောင်အင်းကျောင်းဆရာတော် ဘဒ္ဒန္တဗုဒ္ဓဃောသမှ ကြေးဘုရား (၅)ဆူ ပူဇော်လှုဒန်းခဲ့ကြပါသည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

Friday, 27 September 2013

“ဗုဒ္ဓဂုဏ်ရည်ဆရာတော် မကြည့်ဖြစ်ပါသော်လည်းဖြစ်တတ်ပါသည် ။ ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ဗုဒ္ဓဂုဏ်ရည်ဆရာတော် မကြည့်ဖြစ်ပါသော်လည်းဖြစ်တတ်ပါသည် ။ ”
https://www.facebook.com/buddhagonyipage?ref=hl

ဗုဒ္ဓဂုဏ်ရည်ဆရာတော် အရှင်အဂ္ဂဓမ္မက မြန်မာ့နိုင်ငံရေးနှင့် ဘာသာရေးအမြင် သမိုင်း ကို ထင်ဟပ် တာတွေ ရေးတယ်တင်တယ် အချို့ကိုဆွေးနွေးမှတ်တမ်းတင်ပါတယ် ။ သဘော မတူသူတွေ အမြင်မတူတဲ့သူတွေ က မုန်းကောင်း မုန်းနိုင်သလို ကျေနပ်တဲ့သူတွေကလဲ ခင် ကောင်း ခင်နိုင်ပါတယ် ။ ဒါကြောင့်ဗိုင်းရပ် တွေထည့်ကောင်းထည့်နိုင်ပါတယ် ။ သိုသော် ဗုဒ္ဓ ဂုဏ် ရည်ဆရာတော် အရှင်အဂ္ဂဓမ္မ ရဲ ဓမ္မသဘောကတော့ မပြောင်းလဲနိုင်ပါဘူး ။ တက်ကြိုး ရင် လက်ထိုးလှော်မယ် အရုံးမပေးသလို အနိုင်မယူပါဘူး အမှန်ဘက်ကတော့ ရပ်တည်ပါမယ် ။ အများအမှန်ကို မပြောလိုပါ ဘုရားအမှန်ဖြစ်အောင် ကြိုးစားလုပ်ဆောင်နေမှာပါ ။ ကြိုက်လို့ လုပ်နေတာမဟုတ်သလို ကြောက်လို့ရပ်သွားမယ့်သူထဲမှာ မပါပါဘူး ။
ဒီကနေအဖြစ်က စိတ်မကောင်းစရာပါ ။ ပို့တစ်ခုတင်အပြီးမှာ ကျောင်းနားက ဗမာရေ သိုး ရွာက တိုက်အုပ်ဆရာတော် အင်တာနက် လိုင်းမကောင်းလို့ ဆိုပြီး ရောက်လာကာ သူ ဖုန်း တပ်ပြီး ခဏသုံးပါတယ် ။ ဒကာမရင်းတစ်ယောက်က ကျောင်းကိုအလယ် ရောက်ခြင်လို့ အလယ်ခဏလာရင်း လောကရဲ့သောကတွေ မျှဝေခံစား ပေးနေတုံး ဆရာတော်ဘာတွေ သုံး သွားတယ် ဘာတွေ ကြည့်သွားတယ် သတိမထားမိပါဘူး ။ အော်စီက ကိုတေဇာအောင် က ဘုန်းဘုန်းထဲ ဗိုင်းရပ်ဝင် နိုင်တယ်ဆိုပီး စေတနာနဲ့ ဆိုလာပါတယ် ။
ဆက်ဆီ (Sexxy) ဆိုက် တစ်ခုကိုလင့် ချိတ်ခံရတယ် ဆိုပီးသတိပေးတော့ ။ မလုပ် ကြောင်း မသိကြောင်း စေတနာနဲ့ စိတ်ပူတာကို ရှင်းပြရင်း ဒါမျိုးက ပြန်ရှင်းတာ ကောင်းပါ တယ် ဘုရားဆိုလို့ပါ ။ ပေါ်လာတာကြည့်ဖြစ်လိုက်တယ်ဆိုသော်လည်း ၊
အမှတ်တမဲ့ ဆိုပေမယ့် ရဟန်းတွေနဲ့ မအပ်စပ်တာမလုပ်သင့်ပါ ။ ဒါပေမယ့် ဖြစ်တတ် ပါ သည် ။ ကိုယ့် တာဝန် ကိုယ်ယူတဲ့ စိတ်နဲ့တင်ပြအပ်ပါသည် ။ ကိုတေဇာအောင် ပြောလို့ ပြန်ဖျက်ခွင့် ကလေးရလိုက်ပါသည် ။ အများအမြင် ရှင်းစေရန် နှင် ကိုတေဇာအောင်ကြီး ကို လည်း အထူးကျေးဇူးတင်သလို လိုအပ်သလိုကူညီစောင့်ရှောက်တတ်သော ဓမ္မမိတ်ဆွေများ ကို မျှော်လင့်မိပါသည် ။ တစ်ကောင်ထဲ ခြင်္သေ့စိတ်နဲ့ ရုန်းကန်နေရ ပါသည် ။ တောထဲ နေပေ မယ့် အမျိုးဘာသာ သာသနာအတွက် ကမ္ဘာ ပါတ်သင့်ပါတ်ရမည် ဖြစ်ပါသည် ။ ခန္ဓာ သစ္စာ ဓမ္မ အတွက်တော့ တစ်ရက်ကလေးတောင် အသက်ပေးရှင်ဘို့ရန် ဆန္ဒ မရှိလိုပါပါ ။ သတ္တ၀ါမှန် သရွေ့ တရားတွေ ငြိမ်းချမ်းကြပါစေ ။

ဗုဒ္ဓဂုဏ်ရည်ဆရာတော်အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်