Showing posts with label ဘာသာရေး သတင်းများ. Show all posts
Showing posts with label ဘာသာရေး သတင်းများ. Show all posts

Saturday, 26 April 2014

`` အိုင်အယ်(လ်)အို သို့အလယ်တစ်ခေါက် ရောက်ဖြစ်အောင်ရောက် ´´´


https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
`` အိုင်အယ်(လ်)အို သို့အလယ်တစ်ခေါက် ရောက်ဖြစ်အောင်ရောက် ´´´
https://www.facebook.com/buddhagonyipage?ref=hl

ထိုင်းနိုင်ငံမေဒေးနေ့ အထိမ်းအမှတ် ရွေ့ပြောင်းအလုပ်သမားများ စိတ်ဓါတ်မြင်တင်ရေး စာပေ ဟော ပြောပွဲများပြုလုပ်မည် ဖြစ် ရွှေပြောင်းအလုပ်သမားများအတွက်အထောက်အကူဖြစ်စေရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ နှင့် ချိတ်ဆက် ခဲ့ပါသည် ။
မြန်မာနိုင်ငံအိုင်းအယ်လ်အို ဆက်သွယ်ညှိနိုင်းရေး အရာရှိရုံး အိုင်းအယ်လ်အို ဆက်သွယ်ညှိနိုင်းရေး စတိ(ဖ်)မာရှယ်(လ်) နှင့်တွေ့ဆုံ ကာ တာဝန်ခံ ကိုပေါက်တို့နှင့်ဆွေးနွေးကာ ရွေပြောင်းအလုပ်သမားများ ဘ၀မြင့်တင်ရေး ကိစ္စများ အားရပါးရဆွေးနွေးဖြစ်ခဲ့ပါသည် ။ နောက်လိုအပ်သည်များလဲ အပြန်အလှန် ကူညီစောင့်ရှောက် ပေးနိုင်သည် များလဲ ဆွေးနွေးဖြစ်ခဲ့ပါသည် ။ အပြည်ပြည်ဆိုင်ရာအလုပ် သမားရေးရာ အဖွဲ့ကြီး၏ စေတနာများကို ကောင်းစွာသိကြွမ်း နားလည်ခဲ့ရသလို အမှတ်တရမှတ် တမ်းခွေလေးလဲမှတ်တမ်း တင်ဖြစ်ခဲ့ပါသည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ ဆပ်သွားတောအုပ်စု မှော်ဘီမြို့ ။
ဖုံး-၊ ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

Friday, 18 April 2014

``` အစကောင်းမှ အနှောင်းသေခြာ သိမ်တော်မင်္ဂလာ ´´´

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
``` အစကောင်းမှ အနှောင်းသေခြာ သိမ်တော်မင်္ဂလာ ´´´
https://www.facebook.com/buddhagonyipage?ref=hl
သိမ်နုတ် သိမ်သမုတ်ဟာ သာသနာတော်မှာသိပ်အရေးကြီးပါတယ် ။နှစ်ကူးနှစ်ဆန်းမာ အပြီးတိုင်သိမ်နုတ်ခြင်းကိစ္စဒီနေကျင်းပဖြစ်ပါတယ် (၁၈-၄-၂၀၁၄)၁၃၇၅ခု တန်ခူးလပြည်ကျော် (၄)ရက် နေမှာ အပီးတိုင်ပြုလုပ်ဖြစ်ခဲ့ပါတယ် ။ ၀ိနည်းတော်ဟာ သာသနာအသက်ဖြစ်သလို သိမ်တော်မဟာကလည်း သာသနာဆက်ရာ အကြောင်းဖြစ် လို့ သိမ်နုတ်ခြင်းကိုစနစ် တကြ နှစ်ကြိမ် ဆောင်ရွက်ပါတယ် ။ သူ့အကြိုးကိုတန်ဘိုးထားသကဲ့သို့ သူ့ ကျေးဇူးကို သိသော စိတ်ဖြင့် ၀ိနည်းတော်ဆရာတော်များဖြင့်နှစ်ကြိမ်တိုင်တိုင် သိမ်နုတ်ခြင်း မင်္ဂလာပြုကြပြန်ပါပြီ ။ သိမ်နုတ်သိမ် သမုတ်ရာတွင် ဆရာကိုင် အမျိုးမျိုးရှိကြသည် ။ တောင်လေးလုံးနည်း ၊ မဟာဂန္ဓာရုံနည်း ဖားအောက်နည်းစသည်ဖြင့် စာနှနှ့်ရင် နန့်သလို အမျိုးမျိုးရှိကြပေသည် ။ အကောင်းဆုံးဖြစ်ရန် ကြိုးစားကြသည်မို့ အစကောင်းမှ အနှောင်းသေခြာဆိုသလို သိမ်မည်မျှပင် သန့်အောင်သမုတ်စေကားမူ သိမ်နုတ်ခြင်း မတိကြ မအောင်မြင်လျှင် လူမသိသူမသိ အပူမိတဲ့ဝေဒနာလို့ သေရာပါအမှတ် သံသရာဇတ်ရထား အမှားစီးသွားသလိုဖြစ်ကြပေမည် ။ သဒ္ဓါစိတ်ဖြင့် တောင့်တ ကောင်းသထက်ကောင်းအောင် ဆောင်ရွက်ပေးတော် မှုကြပါပေပြီ ။ ဒီတစ်ခါတော့ မဟာဝိဟာရကျောင်းတော်မှ မဟာဝိဟာရ ဆရာတော်ဘုရားကြီးဦးဆောင် ကာ ဘုရားသားတော် သံဃာတော် အပါးတစ်ရာကျော်ဖြင့် သိမ်နုတ်ခြင်းမင်္ဂလာ ပြုလုပ်အောင်မြင်ကြပြန်ပြီ ။ ညနေ(၆)နာရီကျော်မှစ၍ နည်းအစုံ ဖြင့် သိမ်နုတ်တော်မူကြပါပေသည် ။
သာသနာတော်ကြီးအနှစ်များမြောင်တည့်တန့်ကြာအောင် ဆောင်ရွက်နိုင်ကြပါကုန်စေသတည်း ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ ဆပ်သွားတောအုပ်စု မှော်ဘီမြို့ ။
ဖုံး-၊ ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
Like ·

Sunday, 13 April 2014

“ခရိုင်သာသနာရေးမှုးကြီးဗုဒ္ဓဂုဏ်ရည်သို့အလယ်အပါတ်ရောက်လာ” ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ခရိုင်သာသနာရေးမှုးကြီးဗုဒ္ဓဂုဏ်ရည်သို့အလယ်အပါတ်ရောက်လာ” ”
https://www.facebook.com/buddhagonyipage?ref=hl

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့ဆီကို သာသာနာရေးဝန်ကြီဌာန ခရိုင်သာသနာရေးမှုးကြီး(လက်ထောက်သာသနာရေးညွန်မှုး) ဦသိန်းထွန်း သည် ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သာသနာရေး ဆောင်ရွက် ချက်များ ကို ကြားရသဖြင့် လာရောက်လေ့လာရင်း အလယ် လာခဲ့ပါတယ် ။ အမျိုးဘာသာ သာသနာဆိုင်ရာများကို ပြောကြား ကြရင်း ယခင်စနစ်ဟောင်းများနှင့်မတူပဲ အမှန်အကန် သာသနာပြု လုပ်ငန်း များကို လေ့လာ ဆောင်ရွက်ပေးခြင်းသာဖြစ်ပါကြောင်း ပြောကြားခဲ့ကြပါသည် ။ ဗုဒ္ဓဂုဏ်ရည်ဆရာတော်၏ အမျိုးဘာသာသာသနာစောင့်ရှောက်ခြင်းများကို လာရောက်လေ့လာရင် ခွေများကိုလေ့လာနိုင်ပါရန်ပေးအပ်လိုက်ပါသည် ။ တိုင်းသာသနာရေး မှုးကြီးအတွက်နှင့် ထပ်မံလိုအပ်ပါက သာသနာ တော် ထွန်းကားပြန်ပွားရေး ဦးစီဌာနသို့လဲမှာယူနိုင်ကြောင်းပြောကြားရင်း ည (၉)နာရီကြမှသာ ပြန်သွားဖြစ်ခဲ့ကြပါသည် ။ သာသနာတော်ကြီး အဓွန့်ရှည်စွာ တည်တန့်ပါစေဟုသာ ဆန္ဒပြုမိပါတော့သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ ၊ ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့ ။
ဖုန်း ၊- ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
— with မာ လု and 52 others.

Thursday, 3 April 2014

“ “ရေသိုးဆရာတော်ဘုရားကြီးအားကျမ်မာရေးကုသိုလ်ဖြစ်အလှု” ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ “ရေသိုးဆရာတော်ဘုရားကြီးအားကျမ်မာရေးကုသိုလ်ဖြစ်အလှု” ”
https://www.facebook.com/buddhagonyipage?ref=hl
ဆပ်သွားတောအုပ်စု ကရင်ရေသိုးရွာတွင် ကျောင်းအဖြစ်လာရောက် နေထိုင်စဉ်ကတိုင်း မိမိအား စောင့်ရှောက်သော ဘိုးဒေါနကုန်းအုပ်စု စံပြရေသိုးရွာ မှ ရေသိုးဆရာတော်ဘုရားကြီးမှာ သက်တော်(၈၂)နှစ်ကျော်သော်လည်းကျမ်းမာလျှက်ရှိပါသည် ။ လိုအပ်သောအဟာရများအဖြစ် ဘယ်ကပြန်လာလာ မိဘရင်းသဖွယ်ပြုစုလှုဒါန်းရသည်ကို ကြည်နူးမိသည် ။ကျမ်းမာရေးဆေး လက်ဆောင် အချိုရည် အသစ်အဆန်များဖြင့် လှုဒါန်းရသည် ကိုကြေနပ်နေမိသည် ။ ဆရာတော်ဘုရားကြီးအသက်ရာကျော်ရှည်နိုင်ပါစေ ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
— with Flower May and 47 others.

Monday, 24 March 2014

“ “ မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး နှင့် ပတ်သက်သော သာသနာရေးဆိုင်ရာ ရှင်းလင်ပွဲအတွက်ပင့်လျှောက်လွှာ ” ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ “ မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး နှင့် ပတ်သက်သော သာသနာရေးဆိုင်ရာ ရှင်းလင်ပွဲအတွက်ပင့်လျှောက်လွှာ ” ”
https://www.facebook.com/buddhagonyipage?ref=hl
သံဃာအားကောင်းရင်ပိုကောင်းပါတယ်ဟုဆရာတော်ဝီရသူ(မစိုးရိမ်)
က အရှင်ဘုရားရယ်၊ ဆရာတော် ရွှေည၀ါရယ် အတွက် နောက်သုံးပါး လောက် ပင့်ခဲ့ပါ ဘုရားဆိုပီး ဖိတ်စာငါးစောင်ပေးအပ် လိုက်ပါတယ် ။ အားလုံးသော ဆရာတော် သံဃာတော် များနှင့် ဒါယကာဒါယိကာမ အပေါင်းအား သာသနာမျက်နှာ ထောက်ထား ၍ လေးစားစွာဖိတ်ကြားအပ်ပါတယ် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
— with မာ လု and 56 others.

“ “ ဆရာတော်ရွှေည၀ါ ၊ ဆရာတော် ဦးဝီရသူ(မစိုးရိမ်) နှင့် ဗုဒ္ဓဂုဏ်ရည်ဆရာတော် ” ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ “ ဆရာတော်ရွှေည၀ါ ၊ ဆရာတော် ဦးဝီရသူ(မစိုးရိမ်) နှင့် ဗုဒ္ဓဂုဏ်ရည်ဆရာတော် ” ”
https://www.facebook.com/buddhagonyipage?ref=hl
အမျိုးဘာသာ သာသနာရေးကိစ္စတွေ ဆောင်ရွက်ရာမှာ ဆရာဒကာ ညီညွတ်ရေး လိုအပ်သလို ဆရာဆရာခြင်း ညီညွတ်ရေးတွေဟာလဲ အထူးလိုအပ် လှပါတယ် ။
ေ-ွး ၀မ်းသာအောင် လေလည်ဆိုသလို ၊ အမျိုးဘာသာသာသနာပျက်ပြားစေသူ တွေက တော့ မပြေလည်လေ၀မ်းသာလေမို့ သတင်းမှား သတင်းကားတွေနဲ့ အခြင်းခြင်း ကွဲပြားအောင် ဆောင် ရွက်ခြင်ကြတာလဲ ဓမ္မတာပါပဲ ။
ရွှေည၀ါဆရာတော်က NLD ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဝီရသူကလဲ အခုအစိုးရကြိုက်လုပ်နေတာ စသည်ဖြင့် ဂျာနယ်တွေ စာစောင်တွေမှာ စောင်းမြောင်းလို တစ်မျိုး ချိုးဖဲ့လို့တစ်ဖုံ အစုံစုံတိုက်ပွဲ ၀င်နေကြလို့ အမျိုးသားရေး တိုးတက်မှု့ နှောင့်နှေးကာ ဘာသာရေးဖြစ်ထွန်းအောင်မြင့်မှု့ယုတ်လျှော့လာမှာ စိုးရိမ်ရပါတယ် ။
ဗုဒ္ဓဂုဏ်ရည်ဆရာတော်အရှင်အဂ္ဂဓမ္မ (နိက္ခမ) အနေနဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ကြသူခြင်း ညီညွတ်အောင်မြင် ချမ်းသာစေခြင်လို့အမြဲငြိမ်းချမ်းရေး နှစ်လုံး သား နှင့်ကြိုးစားနေမှာဖြစ်ပါတယ် ။ ရွှေည၀ါဆရာတော်ကို လေးစားချစ်ခင် သလို ၀ီရသူဆရာတော် ကို အထင်ကြီးမြတ်နိုးရတာပါပဲ ။ ဘေးစကားတွေနောက်ထား သွေးသားကစကားပြောလာရင် အားလုံးငြိမ်းချမ်းသွားမှာပါပဲ ဆိုသော စိတ်ထားနှင့် ဆရာတော်ဦးဝီရသူရှိရာ ဆရာတော် ခေတ္တ သီတင်းသုံးရာ မြောက်ဒဂုံရှိ အိမ်မှာ အလယ်သွား ရောက်တွေ့ဆုံဖြစ်ပါတယ် ။
မဟာသန္တိသူခကျောင်းတော်ကြီး ၏ဘာသာရေး ဆိုင်ရာရှင်းလင်းပွဲ ပင့် လျှောက်လွှာ လေးပေးပြီးလာဖြစ်အောင်လာနော် သံဃာများမှ ကောင်းမှာဆိုပြီး အထူးဖိတ်ကြား လိုက်ပါတယ် ။ ကိုယ်တော်နှင့် တခါမှ လူခြင်း မတွေ့ မကြုံရသေးဘူး နော် ဆိုပီး ဖိတ်ကြားလာပါတယ် ။ မောင်းတီးဆရာတော် ၊ကိုမင်းစနေ ၊သခင်ခက်ထန် ၊ကိုတမာ တိုနှင့်အတူ နိုင်ငံခြားသတင်းထောက် ဘရူနို(ပြင်သစ်) ၊ ဘာသာပြန်ဆရာတစ်ဦး လဲပါဝင် ကြကာ တွေဆုံဖြစ်ခဲ့ပါတယ် ။
မောင်းတီးဆရာတော်တို့ပြန်သွားတော့ ရွှေည၀ါနှင့်ဆရာတော်တို့ ကြားမှာ ကြား နေရတာတွေ လို့ဆိုလိုက်တာနဲ့ဖိတ်စာလေးဖိတ်ပေးပါ လို့တာဝန်ပေး အပ် လိုက်ပါတယ် ။
ဆပ်ကပ်ပါသည် ရွေည၀ါဆရာတော် ၊မှ တပည့် ၀ီရသူ(မစိုးရိမ်)လို့ တွေ့လိုက်ရတဲ့အခါ ပီတိဖျာမိပါတယ် ။ နူးညံသောနှလုံးသား ရိုးသားသော ဗုဒ္ဓ စိတ်ဓါတ် တန်ဘိုးထားအပ်သော ရဟန်းဘ၀ နှင့် မြင့်မြတ်သောစိတ်ထားတို့ ကို ခံစားနားလယ်လိုက်ရပါတော့တယ် ။ အပြန်မှာ ကိုတမာက ကားကိုမောင်း ရင်းရွှေည ၀ါ ဆရာတော်ဆီ ဖုန်းဆက်တော့ မနက်က သွားတာ ဦးအဂ္ဂ ရေ မိုးညင်းရောက်နေပြီလို့ပြော တော့တာပဲ အခြေနေတွေရှင်းပြ အများသံသယ ငြိမ်းစေဘို့ အရှင်ဘုရားတို့နှစ်ပါးတွေ့ဆုံ မှတ်တမ်းတင်လေး လုပ်မလားလို့ ဆိုတော့ ဖြစ်တယ်လေ ကောင်းသားပဲ ကျုပ်က (၃)ရက် နေ့လောက်မှ ပြန်ရောက်မှာလို့ လက်ခံစကားဆိုလာပါတယ် ။တပည်တော်လဲ မှတ်တမ်းတင်အပ်သော ဘ၀သမိုင်းအဖြစ် ဆရာတော် ဦးဝီရသူနဲ့လဲချိန်ထားတယ် ဘုရား ဆိုတော့ ကောင်းတယ်ကောင်းတယ် နဲ့ ၀မ်းသာစွာ အားပေးရှာပါတယ် ။ ဘာပဲဖြစ်ြ့ဖစ် သာသနာကိုချစ်ကြသူတွေ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးကိုချစ်ကြသူတွေ ညီညွတ်ကြရမယ်လို့ ပဲတွေးရင်း ဆက်လက်ချီတက် ကြရပေဦးမည်ဟု၍သာ ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
— with မာ လု and 49 others.

Wednesday, 19 February 2014

“ ဗုဒ္ဓဂုဏ်ရည် သိမ်နုတ်ခြင်းအောင်ပွဲ”

http://buddhagonyi.blogspot.com/
“ ဗုဒ္ဓဂုဏ်ရည် သိမ်နုတ်ခြင်းအောင်ပွဲ”
https://www.facebook.com/ashin.aggadhamma.7
သာသနာ့ဝန်ဆောင်ဆရာတော် အရှင်စန္ဒာသိရီ ဦဆောင်၍ သံဃာတော် အပါး (၆၀)ကျော်ဖြင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဆပ်သွားတောအုပ်စု ကရင်ရေသိုးကျေးရွာ ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ အတွင်း တည်ဆောက်ရန် သိမ်တော်မဟာအတွက် သိမ်နုတ်ခြင်းအမှု့ပြုလုပ်ခွင့်ရရှိခဲ့ကြပေသည် ။ သိမ်နှတ်ခြင်းနည်းအဖြာဖြာထဲမှ အသင့်ဆုံး နှင့် အကောင်းဆုံးကို ကြိုးစားပြီ ရင်ဆိုင် နုတ်ခြင်း ပျားဆွဲနုတ်ခြင်းစသည်ဖြင့် ၀ိနည်းတော်နှင့်အညီ ကျိုးစား စွမ်းဆောင် ခဲ့ကြပါတယ် ။ ၀ိနည်းတော် ဂရုဓမ္မ အဓီကထားပီး နိုင်ငံတော်သြ၀ါဒ ဆရာတော် ကြီး များမိန်ကြားချက်နှင့်အညီ သိမ်နုတ်မင်္ဂလာပြုခဲ့ကြပါတယ် ။ သိမ်သမုတ်ခြင်းနှင့်အောင်မြင့်ဘို့ သိမ်နုတ်ခြင်းအကြိမ်ကြိမ်ကျင်းပနိုင်လေ ပိုမို သန့်စင်လေ လို့ မိန့်ကြားခြက် များနှင့် အညီ သိမ်သမုတ်ခြင်းကို နိုင်ငံတော် သံဃာ့ မဟာနာယကကြီးများ ၏ အားလပ်သော အချိန် ခွင့်ပြုသောအချိန်ကို စောင့်စားရင်း သာသနာတော် အတွက် ၀ိနည်းတော်နှင့်လျှော်ညီစွာ သိမ်ကောင်း သိမ်သန့် သိမ်အောင်ဖြစ်အောင် သံဃာအများစွမ်းဆောင်ကြရပါတယ် ။ မြို့နယ် သံဃာ့ နာယကဆရာတော်ကြီးများ၏ စောင့်ရှောက်မှု့ တို့ဖြင့် မကြာမှီ ဗုဒ္ဓ ဂုဏ် ရည် မဟာသိမ်တော်ကြီးအောင်မြင်စွာတည်ဆောက်နိုင်တော့မည်ဖြစ်ပါသည် ။

ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
(4 photos)

Monday, 17 February 2014

“ ပူဇော်ရန်ဘုရား ပင့်သွားခွင့်ပြုပါ ”

http://buddhagonyi.blogspot.com/
“ ပူဇော်ရန်ဘုရား ပင့်သွားခွင့်ပြုပါ ”
https://www.facebook.com/ashin.aggadhamma.7
အနေကဇာတင်ပီးသားဘုရားတွေ မနေကပဲ ကိုဝင်းလွင် +မမိုးမိုးအေး တို့လှုခဲ့ တာ သိမ် ကျောင်းကုသိုလ်လာယူတဲ့ ခ.မ.ရ(၇၀၂)က ဗိုလ်ကောင်းသန့်ဇင် ဘုရားတွေ မြင်တော့ ပူဇော်ခြင်သတဲ့ ။ အိမ်ထောင်ဦးဘုရားလေးလဲဖြစ် သပ္ပါယ် လို့တစ်ဆူပူဇော်ခွင့်ပြုပါဘုရားလို့ ခွင့်တောင်းလာပါတယ်။ လှုဘို့ လှုခြင်လို့ ရောက်လာတာ ကုသိုလ်ပြုခွင့်ရလို့ ၀မ်းသာစွာ နှင့် လှုဒါန်းခွင့်ရလိုက်ပြန်ပါတယ် ။
ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

Sunday, 16 February 2014

“သိမ်နယ်နမိတ်သိမ်းကျောက်တိုင်များနှင့် သိမ်ပနက်စဉ် များရောက်ပါပြီ ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“သိမ်နယ်နမိတ်သိမ်းကျောက်တိုင်များနှင့် သိမ်ပနက်စဉ် များရောက်ပါပြီ ”
https://www.facebook.com/buddhagonyipage?ref=hl
ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ သိမ်တော်မဟာ အတွက် ရန်ကုန်မြို့ထဲရှိ ကားပိုင်ရှင် ကိုဝင်းလွင်+မမိုးတို့ကို ဗုဒ္ဓဂုဏ်ရည်ဆရာတော် အပူကပ်ရ ပြန်ပါသည် ။ သိမ်နှင့်ပါတ်သက် သော သိမ်ကျောက်တိုင် ၊ပနက်စဉ်တိုင်လေးများနှင့် ရာဇမတ်ကွက်လုပ်ရန် လိုအပ်သည်များ ကို စည်း စနစ်ကြီးသော တိကြသော ဒါယကာ၊ ဒယိကာမအရင်း ဖြစ်သောမမိုးကို ဖုန်းဆက်ရ ပါတော့ သည် ။ ကိုဝင်းလွင်လဲမနေသာ ဆိုင်ပေါင်းစုံ ဘာကရာချိုင့် ၊ ဂျပန်လမ်း အစုံသွားလေ့ လာဖုန်းဆက် အဆင်ချောမှကြေနပ်ကြသည့် မိသားစုများပင် ။ “ဘုရားအဆူ(၈၀)လှုရန် လဲ ရပါပြီ ဘုရား ယခုလာမည့် တနင်္ဂနွေ (၁၅ -၂ -၂၀၁၄) နေ့မှလာပါမည်ဘုရား နောက်ပြီး ဒါတွေအားလုံးတပည့်တော်တို့အဖွဲပဲလှုတော့မှာ နော်ဘုရား”ဟု တာဝန်ယူစေတနာသံနှင့် ဆိုလာ ပြန်တော့ သာသနာတော်ကိုချစ်မြတ်နိုးကြသော့အဖွဲ့ကို မညင်းသာအောင် အပိတ် စကားအလှုပွားကြပါတော့သည် ။
သိမ်တိုင်+ ပနက်စဉ် ၂၉၀၀၀၀ိ/ ရာဇမတ်ကွက်(နေကာ) ၅၂၀၀၀ိ/ ထုံး(၅)အိတ် ၄၀၀၀ိ/
ကုန်ကြစရိတ် ၃၄၆၀၀၀ိ/နှင့် စုစုပေါင်း လှုဒါန်းကြသောငွေစုပေါင်း ၆၃၅၀၀၀ိ/ လက်ကျန်
အလှုငွေပေါင်း၂၈၉၀၀၀ိ/ကိုလာရောက်လှုဒါန်းရင်း ဆွမ်းခဲဘွယ် ချိုခြင်အရသာအချိုပွဲ တို့နှင့်
(ရောက်တိုင်းလှုတတ်သော)နေ့ဆွမ်းအလှုပါထုံးစံအတိုင်း ပျော်ပျော်ပါးပါးလှုဒါန်း သွားကြ ပေတော့သည် ။ နတ်လူသာဓုခေါ်စေသော် အားလုံးအမျှ အမျှ အမျှ ယူတော်မှုကြပါ ။

ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတောအုပ်စု ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
— with Flower May and 22 others. (4 photos)

Monday, 10 February 2014

“ ဗုဒ္ဓဂုဏ်ရည် မဟာသိမ်တော် သိမ်နှုတ်သိမ်သမုဒ်ဘို့ မြေသန့်ရှင်းလင်းနေပါသည် ”

http://www.facebook.com/buddhagonyipage?ref=hl
“ ဗုဒ္ဓဂုဏ်ရည် မဟာသိမ်တော် သိမ်နှုတ်သိမ်သမုဒ်ဘို့ မြေသန့်ရှင်းလင်းနေပါသည် ” http://buddhagonyi.blogspot.com/
ဗုဒ္ဓဂုဏ်ရည်ဆရာတော်ထိုင်းနိုင်ငံကအပြန် အပျင်းဖျားနှာစေးချောင်းဆိုးနေပါသော်လည်း ဗုဒ္ဓဂုဏ်ရည်သိမ်တော်မဟာအတွက်ထိုင်းနိုင်ငံရွှေ့ပြောင်းအလုပ်သမား လူငယ်များမှစုပေါင်း
အားဖြင့် သိမ်ဆောက်လုပ်လှုဒါန်းလိုပါသဖြင့် အမြန်စီစဉ်ပါရန်တောင်းပန်ခဲ့ကြပါပေသည် ။ မြန်မာနိုင်ငံမှအလှုရှင် ဒကာဒကာမများကလဲတာဝန်ယူလိုကြပေသည် ။ သိမ်တိုင်များပနက်စဉ်များ ရာဇမတ်ကွက်များကို လည်း ကိုဝင်းလှိုင်မမိုးတို့အဖွဲ့မှ တာဝန်ယူမည်ဟုလည်းဆိုလာပြန်ပေသည် ။ သိမ်ဆောက်လုပ်လျှင်လည်းအလှုငွေတွေထည့်ကြမည့်ဟု သဒ္ဓါထက်သန်ကြကုန်ပေပြီ ။ နေမကောင်းသောဗုဒ္ဓဂုဏ်ရည်ဆရာတော်ပြေးရလွှားရ သာသနာတာဝန်တစ်ခု ထမ်းဆောင် ရပေပြန်ပြီ ။မြေရှင်း ထုံးကွက် ရိုက် အမြန်စီစဉ်နေရသော်လဲ အခြေနေက တဖြေးဖြေးဖြင့် အောင်မြင်ခြင်းဆီသို့ တက်လှမ်းနေပေမည် ။ ၀ိနိယဂုရုဓမ္မ သိမ်ဖြစ်လိုသော ကြောင့် အဓီကစီစဉ်ရသည်အခါ အမှားမခံ အများသဘောထက် ၀ိနိယ ဆရာတော်ဘုရားကြီးများ အလို့ပြည့် မှန်ကန်အောင်စနစ်တကြစီစဉ်နေရပါပေသည် ။ ကောင်းဘို့ထက် မှန်ဘို့လိုပေသည် ။ မြန်ဘို့ထက် ၀ိနည်းတကျဖြစ်မှသာ တော်ကာကြပေမည် ။ သိမ်ပျက် သိမ်ညံ မဖြစ်လိုပေ ရေသိမ်ရှိသော်လည်းသံဃာအားကောင်းသောအခါ အခက်ကြုံ လာနိုင်သဖြင့်သာ မဖြစ်မနေစီမံနေရပေတော့သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

Saturday, 21 December 2013

http://www.facebook.com/buddhagonyipage?ref=hl “ ဗုဒ္ဓဘာသာသို့ အကြွင်းမဲ့ယုံကြည်လာသူတစ်ယောက်အကြောင်း ” http://buddhagonyi.blogspot.com/ ဗုဒ္ဓဂုဏ်ရည်ဆရာတော်ချင်းပြည်နယ်တစ်ခွင်(ကန်ပက်လက် ၊မင်းတပ်၊တီးတိန်၊ဖလမ်း၊ဟာခါး) ခရီးစဉ်တွင် မှတ်တမ်းတင်ဖြစ်သော လက်ထောက်လူပုဂ္ဂိုလ်သာသနာပြု(ငြိမ်း) တစ်ဦးဖြစ်သူ ကိုအောင်ဖြိုးဝေ (ဆရာဖြိုး) တာဝန်ယူစဉ်က ဟားခါးရှိ အစ္စလာမ်ဘာသာဝင် မောင်နေလင်း ထွန်း ၏ ဘ၀ဖြစ်စဉ်နှင့် ဘာသာပြောင်းခြင်သူ သားကိုအစာမကြွေးရေမပေးပဲ ၊ရက်စက်စွာ (၅)ရက်ခန့်ဖမ်းချုပ်ကြိုးတုတ်ခဲ့သော်လဲ ၊အသက်ကို ပဓာန မထားပဲ လောကအမှန်တရား ကိုရှာဖွေ နေသူတစ်ဦး၏ ဖြစ်ရပ်မှန်မှု့ခင်းဖေါ်ထုပ်မှုဇာတ်လမ်း တွေဆုံမေးမြန်း သံသရာလမ်း ဗီဒီယိုခွေ လာရောက်အလှုခံနိုင်ပါပြီ ။ ထိုင်းနိုင်ငံတွင်ဗုဒ္ဓဂုဏ်ရည်ဆရာတော် ထံလာရောက်အလှုခံနိုင်သကဲ့သို့ အင်တာနက် ယူကျုတင်ပေးနိုင်သူများ ဖုံး ၀၈၉၆၇၀၄၃၅၉ ကိုညီညီ ၀၈၇၇၆၈၃၄၆ ၊ ကိုလိုဆို-၀၈၀၅၈၀၅၆၂၈ သို့ကြိုတင်ဆက်သွယ်ထားနိုင်ပါသည် ။ ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။ စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။ ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅ Photo: http://www.facebook.com/buddhagonyipage?ref=hl “ ဗုဒ္ဓဘာသာသို့ အကြွင်းမဲ့ယုံကြည်လာသူတစ်ယောက်အကြောင်း ” http://buddhagonyi.blogspot.com/ ဗုဒ္ဓဂုဏ်ရည်ဆရာတော်ချင်းပြည်နယ်တစ်ခွင်(ကန်ပက်လက် ၊မင်းတပ်၊တီးတိန်၊ဖလမ်း၊ဟာခါး) ခရီးစဉ်တွင် မှတ်တမ်းတင်ဖြစ်သော လက်ထောက်လူပုဂ္ဂိုလ်သာသနာပြု(ငြိမ်း) တစ်ဦးဖြစ်သူ ကိုအောင်ဖြိုးဝေ (ဆရာဖြိုး) တာဝန်ယူစဉ်က ဟားခါးရှိ အစ္စလာမ်ဘာသာဝင် မောင်နေလင်း ထွန်း ၏ ဘ၀ဖြစ်စဉ်နှင့် ဘာသာပြောင်းခြင်သူ သားကိုအစာမကြွေးရေမပေးပဲ ၊ရက်စက်စွာ (၅)ရက်ခန့်ဖမ်းချုပ်ကြိုးတုတ်ခဲ့သော်လဲ ၊အသက်ကို ပဓာန မထားပဲ လောကအမှန်တရား ကိုရှာဖွေ နေသူတစ်ဦး၏ ဖြစ်ရပ်မှန်မှု့ခင်းဖေါ်ထုပ်မှုဇာတ်လမ်း တွေဆုံမေးမြန်း သံသရာလမ်း ဗီဒီယိုခွေ လာရောက်အလှုခံနိုင်ပါပြီ ။ ထိုင်းနိုင်ငံတွင်ဗုဒ္ဓဂုဏ်ရည်ဆရာတော် ထံလာရောက်အလှုခံနိုင်သကဲ့သို့ အင်တာနက် ယူကျုတင်ပေးနိုင်သူများ ဖုံး ၀၈၉၆၇၀၄၃၅၉ ကိုညီညီ ၀၈၇၇၆၈၃၄၆ ၊ ကိုလိုဆို-၀၈၀၅၈၀၅၆၂၈ သို့ကြိုတင်ဆက်သွယ်ထားနိုင်ပါသည် ။ ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။ စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။ ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅


http://www.facebook.com/buddhagonyipage?ref=hl
“ ဗုဒ္ဓဘာသာသို့ အကြွင်းမဲ့ယုံကြည်လာသူတစ်ယောက်အကြောင်း ”
 http://buddhagonyi.blogspot.com/

ဗုဒ္ဓဂုဏ်ရည်ဆရာတော်ချင်းပြည်နယ်တစ်ခွင်(ကန်ပက်လက် ၊မင်းတပ်၊တီးတိန်၊ဖလမ်း၊ဟာခါး)
ခရီးစဉ်တွင် မှတ်တမ်းတင်ဖြစ်သော လက်ထောက်လူပုဂ္ဂိုလ်သာသနာပြု(ငြိမ်း) တစ်ဦးဖြစ်သူ ကိုအောင်ဖြိုးဝေ (ဆရာဖြိုး) တာဝန်ယူစဉ်က ဟားခါးရှိ အစ္စလာမ်ဘာသာဝင် မောင်နေလင်း ထွန်း ၏ ဘ၀ဖြစ်စဉ်နှင့် ဘာသာပြောင်းခြင်သူ သားကိုအစာမကြွေးရေမပေးပဲ ၊ရက်စက်စွာ (၅)ရက်ခန့်ဖမ်းချုပ်ကြိုးတုတ်ခဲ့သော်လဲ ၊အသက်ကို ပဓာန မထားပဲ လောကအမှန်တရား ကိုရှာဖွေ နေသူတစ်ဦး၏ ဖြစ်ရပ်မှန်မှု့ခင်းဖေါ်ထုပ်မှုဇာတ်လမ်း တွေဆုံမေးမြန်း သံသရာလမ်း ဗီဒီယိုခွေ လာရောက်အလှုခံနိုင်ပါပြီ ။ ထိုင်းနိုင်ငံတွင်ဗုဒ္ဓဂုဏ်ရည်ဆရာတော် ထံလာရောက်အလှုခံနိုင်သကဲ့သို့ အင်တာနက် ယူကျုတင်ပေးနိုင်သူများ ဖုံး ၀၈၉၆၇၀၄၃၅၉
ကိုညီညီ ၀၈၇၇၆၈၃၄၆ ၊ ကိုလိုဆို-၀၈၀၅၈၀၅၆၂၈ သို့ကြိုတင်ဆက်သွယ်ထားနိုင်ပါသည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
 http://buddhagonyi.blogspot.com/

ဗုဒ္ဓဂုဏ်ရည်ဆရာတော်ချင်းပြည်နယ်တစ်ခွင်(ကန်ပက်လက် ၊မင်းတပ်၊တီးတိန်၊ဖလမ်း၊ဟာခါး)
ခရီးစဉ်တွင် မှတ်တမ်းတင်ဖြစ်သော လက်ထောက်လူပုဂ္ဂိုလ်သာသနာပြု(ငြိမ်း) တစ်ဦးဖြစ်သူ ကိုအောင်ဖြိုးဝေ (ဆရာဖြိုး) တာဝန်ယူစဉ်က ဟားခါးရှိ အစ္စလာမ်ဘာသာဝင် မောင်နေလင်း ထွန်း ၏ ဘ၀ဖြစ်စဉ်နှင့် ဘာသာပြောင်းခြင်သူ သားကိုအစာမကြွေးရေမပေးပဲ ၊ရက်စက်စွာ (၅)ရက်ခန့်ဖမ်းချုပ်ကြိုးတုတ်ခဲ့သော်လဲ ၊အသက်ကို ပဓာန မထားပဲ လောကအမှန်တရား ကိုရှာဖွေ နေသူတစ်ဦး၏ ဖြစ်ရပ်မှန်မှု့ခင်းဖေါ်ထုပ်မှုဇာတ်လမ်း တွေဆုံမေးမြန်း သံသရာလမ်း ဗီဒီယိုခွေ လာရောက်အလှုခံနိုင်ပါပြီ ။ ထိုင်းနိုင်ငံတွင်ဗုဒ္ဓဂုဏ်ရည်ဆရာတော် ထံလာရောက်အလှုခံနိုင်သကဲ့သို့ အင်တာနက် ယူကျုတင်ပေးနိုင်သူများ ဖုံး ၀၈၉၆၇၀၄၃၅၉
ကိုညီညီ ၀၈၇၇၆၈၃၄၆ ၊ ကိုလိုဆို-၀၈၀၅၈၀၅၆၂၈ သို့ကြိုတင်ဆက်သွယ်ထားနိုင်ပါသည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

၂၀၁၅ ချင်းပြည်နယ် ခရစ်ယာန်ပြည်နယ် ဖြစ်ရေးမျော်မှန်းချက်

http://www.facebook.com/buddhagonyipage?ref=hl
“ ၂၀၁၅ ချင်းပြည်နယ် ခရစ်ယာန်ပြည်နယ် ဖြစ်ရေးမျော်မှန်းချက် ”
 http://buddhagonyi.blogspot.com/

ဒီမိုကရေစီနှင့် ခေတ်ပြောင်းစနစ်ပြောင်းကို အခွင့်ကောင်းအခါကောင်း ယူကာ ဘာသာခြားများက ကြိုးစားနေကြပါသည် ။ ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဘာသာအမတ်များ ခေါင်းဆောင်များ မှာ မိမိကောင်းစားရေး ရွေးချယ်ဆောင် ရွက်နေကြပါသည် ။ အမျိုးဘာသာ သာသနာ မျှော်လင်ချင်း ခံစားချက်များဖြင့် ပြောကြားလိုက်သော ရစ်ယာန် မိသားစုဘ၀မှ ဗုဒ္ဓဘာသာဝင်မိသားစုများ ၏ ဘာသာပြောင်းခံစားချက် နှင့် ၂၀၁၅ ချင်းပြည်နယ်ဖြစ်ရေးမျော်လင့်ချက် ချင်းပြည်နယ်လူမှုဘ၀တိုးတက်ရေး တိုဖြင့် ဘာသာတရားတို့အကြောင်းဆွေးနွေးထားသော ရသစုံ ခံစားချက် ဒီဗွီဒီခွေထွက်နေပါပြီ ။ ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့ ရှိရာသို့ လာရောက်အလှုခံနိုင်ပါသည် ။ ထိုင်းနိုင်ငံတွင်ဗုဒ္ဓဂုဏ်ရည်ဆရာတော် ထံလာရောက်အလှုခံနိုင်သကဲ့သို့ အင်တာနက် ယူကျုတင်ပေးနိုင်သူများ ဖုံး ၀၈၉၆၇၀၄၃၅၉ ကိုညီညီ ၀၈၇၇၆၈၃၄၆ ၊ ကိုလိုဆို-၀၈၀၅၈၀၅၆၂၈ သို့ကြိုတင်ဆက်သွယ်ထားနိုင်ပါသည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
6Like · ·

Wednesday, 11 December 2013

“အမျိုးသား နိုးကြားတိုးတက်ရေး စာပေဟောပြောပွဲ”

http://buddhagonyi.blogspot.com/
အမျိုးသား နိုးကြားတိုးတက်ရေး စာပေဟောပြောပွဲ
https://www.facebook.com/ashin.aggadhamma.7

လူငယ်စာရေးဆရာ လင်းသိုက်ညွန့်(မြန်မာမြေ)၏ နိုကြားသောအသိ ၊ ဗုဒ္ဓဂုဏ်ရည်ဆရာတော်၏ ရိုးသားသောဘ၀အမြင် တိုင်းတစ်ပါးမှာ အားငယ် နေရှာရသလိုမဖြစ်အောင် ဘ၀ကိုခြနင်း လောကကိုစစ်ခင်း
နေကြသောမြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အားဆေး တစ်ခွက် ဖြစ်စေရန် ရည်သန်ကျင်းပကြခြင်းဖြစ်ပါသည် ။
တောင့်တခြင်းကြောင့်ကြခြင်းကင်းစွာ စေတနာ တရား ဖြင့်အောင်မြင်ရန်
မြန်မာလူငယ်အဖွဲ့မှစီစဉ်ကျင်းပကြခြင်းဖြစ်ပေသည် ။ အောင်မြင် နိုးကြား ရိုးသားသောမြန်မာများ ကမ္ဘာ အနှံခြေဆန့်နိုင်ရန်
စေတနာရှေ့ထားဖိတ်ကြားအပ်ပါသည် ။

မြန်မာလူငယ်အဖွဲ
(မဟာချိုင်)ထိုင်းနိုင်ငံ ။
— with Autumn Mtz and 28 others.

Sunday, 27 October 2013

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ “လေ့လာအပ်သော ဘာသာပြောင်းခြင်း အကြောင်းတရားများ” ”
https://www.facebook.com/buddhagonyipage?ref=hl
ယခင်က တင်ပြသုတေသန ပြုလုပ်ခဲ့ဘူးသော ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာကြားမှ ဘာသာ ကူးပြောင်းခြင်း အကြောင်းတရားတို့ကို လေ့လာမိသော မိမိပါတ်ဝင်းကျင်မှ ဓမ္မ မိတ်ဆွေ တို့၏ ဘ၀ဖြစ်စဉ်များကို အဓိကတင်ပြခဲ့ကြသော်လည်း ကမ္ဘာ ဘာသာကြီးများ ဖြစ်သည့် ဟိန္ဒူ ၊ခရစ်ယာန် ၊ အစ္စလာမ် ၊ဗုဒ္ဓ ၊ ဂျူး စသည့် ဘာသာများအားလုံးတွင် ဗုဒ္ဓဂုဏ်ရည်မှ တင်ပြချက်များသည် ပြည့် စုံပါသည်ဟုသုံးသပ်ခဲ့ကြပါသည် ။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာအများစုနေထိုင်ပြီးကိုလိုနီသမိုင်းအမွေ ဆိုးဖြစ်သည် ခရစ်ယာန် အစ္စလာမ်ဘာသာများနှင့် ဟိန္ဒူဘာသာများသာရှိကြပေသည် ။ နတ်ကိုးကွယ်ခြင်း နှင့်ဘာသာမဲ့များလဲရှိပါသော်လဲ တင်ပြလေ့လာလောက်အောင်အထူး မရှိကြပါပေ ။ ထပ်မံတင်ပြအပ်သည့် အသိတရားညဏ်ပညာဖြင့် ပြောင်းလဲခြင်းများ အနိုင်အထက်ပြု ဘာသာဝင်စေသည့် စနစ် များနှင့် အားကိုးရှာ လွဲနေကြသောဘ၀များကို နားလည် သုံးသပ် နိုင်ပါရန် ထပ်မံ တင်ပြအပ်ပေတော့ သည် ။လူသားတို့သည်ကိုးကွယ်ရာရှာကြ ၊ ရှိတတ်ကြပေသည် ။ အကာကွယ်ပေးလုံခြုံရေးအတွက် ယခုလက်ရှိဘ၀ ၊ သေပြီးရမည်ဟုထင်သောနောက်ဘ၀ ၊ သံသရာလက်ခံသူများက သံသရာ ဘ၀ အဆက်ဆက် နှင့် ရှေးဘ၀ စသည်ဖြင့် ကာလ သုံးပါးဖြစ်သည့် အတိတ် အနာဂါတ် ပစ္စုပ္ပန်တိုတွင် ငါဟူသော အတ္တ နှင့် ငါ့ခန္တာ ၊ အသက် ၊ ၀ိညဉ် ၊လိပ်ပြာအသက်ကောင်ရှိသည်ဟူသောအစွဲယူ၊အယူ ရှိကြသကဲ့သို့ ဒီဘ၀ ယခုလက်ရှိ ဘ၀ပြီးလျှင်ပီးပြီ (သို့မဟုတ်)နောက် ဘ၀ပြီးရင်ပြီးပီဟု အပြတ်ယူဟူ၍ ယုံကြည်မှု့ အမျိုးမျိုး ဖြင့် ကိုးကွယ်ယုံကြည်မှု့အားကိုးမှု့အသီးသီးရှိကြပေသည် ။
အချို့က ငွေသာလျှင်အဓိက ၊ အချို့ကဖန်ဆင်းရှင်သာအဓိက ၊ အချို့တန်ခိုးရှင်သာ အဓိက ၊ အချို့က ကယ်တင်ရှင်သာအဓိက ၊ အချို့က၀ိညဉ်သည်သာအဓိက ၊အချို့က ဘုရားသာလျှင်အဓိက ၊ အချို့ကလူသာလျှင်အဓိက ၊ အချို့ကအကျင့် (တရား)သာလျှင် အဓိက ဟူ၍ မိမိ စိတ်သန်ရာမိမိလေ့လာရာ မိမိကျိုးစားအားထုပ်ရာမိမိယုံကြည်ရာကိုသာ ၊ ကိုးကွယ်လျှောက်လှမ်းအားထုပ်ကျင့်ကြံနေထိုင်ပြောဆိုလုပ်ကိုင်ကြပေသည် ။
တစ်ချိုကမိဘရိုးရာ မိရိုးဖလာယုံကြည်ကိုးကွယ်သကဲသို့၊ အချို့ကဆန်းစစ်လေ့လာ၏ ၊ အချို့မျက်စိမှိတ်ယုံကြည်၏ ။
ရှေးက တောစောင့်နတ်ကြီးများကိုကိုးကွယ်ခဲ့ကြ ၊ တောင်စောင့်နတ်ကြီးများကိုကိုးကွယ်ခဲ့ကြ ၊ မီးနတ်ကို ကိုးကွယ်ခဲ့ကြ ၊ ရုပ်ထုတွေ သစ်ပင်တွေ နတ်ဘုရားလို့ခေါ်သော ရုပ်ထုတွေ ကို ကိုးကွယ်ခဲ့ကြပေသည် ။ ချောင်းတွေမြစ်တွေကို ကိုးကွယ်ခဲ့ဘူးကြပါသည် ။အချို့ ကမပြောင်း မလဲ ယုံကြည်၏ ၊အချို့ ကပြောင်းလဲယုံကြည်ကြပေ၏ အမျိုးမျိုးသော လိုခြင် တောင့်တမှု့ လောဘ ၊လိုတာမရ ၊ရတာမလိုနိုင်သော ဒေါသ ၊ မသိမှု့မောဟ ဟူသော ကြောင်းတရားများ ထဲမှ ဗုဒ္ဓဂုဏ်ရည် သာသနာစောင့် ရှောက်ရေးအဖွဲ့မှ လေ့လာဆန်းစစ် အကဲခတ် သုံးသပ် မှု့ကိုတင်ပြလိုက်ရပါ၏ ။ လိုအပ်သည်ထင်က အကြံပေးနှိုင်သကဲ့သို့ အမှန်တရားကို ရှာဖွေ နှိုင်စေလို၍ တင်ပြအပ်ပါ ပေတော့သည် ။
ဘာသာပြောင်းရခြင်း၏အကြောင်းတရားများ
၁ ။ အုပ်ချုပ်တဲ့သူတွေကိုးကွယ်တဲ့ဘာသာဖြစ်၍( ကိုလိုနီခေတ်က )
၂ ။ တိုင်းတစ်ပါးဘာသာဖြစ်၍အထင်ကြီး၍( ကိုလိုနီခေတ်က )
၃ ။ အုပ်ချုပ်သူကိုးကွယ်တဲ့ဘာသာက ကာကွယ်မယ်ထင်၍
၎ ။ အလုပ်လိုချင်၍
၅ ။ အင်္ဂလိပ်ကျောင်းမှာနေမိ၍( ကိုလိုနီခေတ်က )
၆ ။ နိုင်ငံခြားတွင်အနေကြာ၍
၇ ။ ဘာသာတရားလွတ်လပ်မူ့၍
၈ ။ လွယ်လွယ်ကူကူကိုးကွယ်ယုံကြည်ရ၍
၉ ။ မိန်းမ၊ ယောက်င်္ကျားလိုချင်၍
၁၀ ။ သေတမ်းစာပြုလုပ်ခွင့်ရ၍
(ခရစ်ယာန်ဘာသာဝင်အုပ်ချုပ်သူတို့၏ဥပဒေဖြစ်ခဲ့၍)
၁၁ ။ ပတ်ဝန်းကျင်နှင့်မိသားစုကိုစိတ်နာ၍
၁၂ ။ ကန့်နဲ့လောင်သောဘုံ(ငရဲ )မှတစ်ကယ်ကယ်မယ်ထင်၍
၁၃ ။ အိမ်မက်ထဲမှာ(ခရစ်ယာန်) ဖန်ဆင်းရှင် ကယ်တင်ရှင် (ဘုရားတွေ့) ကယ်တယ်လို့အိမ်မက်ရလို.
၁၄ ။ ၃၇မင်းစသည့်နှင့် (နတ်စိမ်း/နတ်စားတာ)တူ၍
၁၅ ။ နေမကောင်းတဲ့အခါဆုတောင်းရင်းတိုက်ဆိုင်(အနာငြိမ်းခြင်းကြောင့်)၍
၁၆ ။ ယခင်ကိုးကွယ်သော မိမိဘာသာအရ အပြစ်ကျူးလွန်မိ၍
၁၇ ။ ကိုယ်ယူမိခဲ့တဲ့လင် /မယားကိုချစ်၍သနား၍
၁၈ ။ လေ့လာရင်းသဘောကျတယ်လို့ထင်၍
၁၉ ။ ယုံကြည်လိုက်ရင်ပြီးတာပဲ ( လိုခြင်တာရ)၍
၂၀ ။ သူတို့ဘာသာဝင်ဖြစ်ရင် စောင့်ရှောက်ပေးကမ်း၍
၂၁ ။ သူငယ်ချင်းတွေနဲ့ဘုရားကျောင်းလိုက်တတ်ရင်းပျော်၍
၂၂ ။ အနိုင်အထက်ပြုကျင့်ခံခဲ့ရ၍
၂၃ ။ အသိပညာဖြင့် လက်ခံယုံကြည်၍ စသဖြင့်ပြောင်းလဲခဲ့ကြရပေသည် ။
ဘာသာဝင်တွေ ဘာသာပြောင်းတွေ တစ်ဘာသာမှ တစ်ဘာသာကူးပြောင်း ရကြသည်မှာ ဘာသာတရားတို့၏ စစ်မှန်သောအသိတရားကို မတွေ့ရှိမရရှိခြင်းသည်သာ အဓိက အချက် ဖြစ်ပေသည် ။ သို့ရာတွင် အတ္တကြီးမားသော ဘာသာများ၏ ဖန်ဆင်းရှင်အလိုကျဆိုကာ ပြောစကားများ ကျမ်းစာများအတိုင်း မယုံကြည်သူများအား သတ်ဖြတ်ခြင်း ရက်စက်မှု့ဖြင့် သိမ်းသွင်းခြင်း များလည်း ရှိနေခဲ့ပေသည် ။ ဗုဒ္ဓဘာသာမြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာမှ
အခြား ဘာသာဝင် လျှင် အခြားဘာသာမှ နေရာပေးမြှောက်စားမှု့ပြင်းထန်ခြင်း ၊ အားနည်း သောစိတ်ထား အခြေခံဖြင့်ပြောင်းလဲခြင်းတို့ဖြင့် (နေရာရလိုထင်ပေါ်လိုမှု့ပြင်းထန်သူတို့) သာလျှင်အများဆုံးကိုတွေ့ရှိရပေသည် ။ ယခုတင်ပြချက်တို့သည် မိတ်ဆွေရင်း ခရစ်ယာန် ဘာသာ ၀င်တို့၏ မိဘများနှင့်ကိုယ်တိုင်ခံစားဖြစ်ပေါ်ခဲ့သည်များကို စုဆောင်းလေ့လာ
ထားခြင်း သာဖြစ်ပါသည် ။ဟိန္ဒူဘာသာမှ ဗုဒ္ဓဘာသာပြောင်လဲကြသူအများစုသည် ဗုဒ္ဓဘာသာသည် ဟိန္ဒူ ၀ါဒကြားမှ ပေါက်ပွားလာခြင်း ဘာသာတရားနှစ်ခု၏ ယုံကြည်မှု့ အချိုသည့် ဒွေးရောရှက်တင်ဖြစ်နေသကဲ့သို့ရှိခြင်း (နိပေါ) လူမျိုးအများစုသည် ဗုဒ္ဓဘာသာကြားတွင်နေထိုင်မှု့ ကြာမြင့်လာခြင်း ဓမ္မတရားတို့ကို တူညီမှု့နှင့်ဆန်းစစ် လေ့လာ ရာတွင် လွယ်ကူစီးမျော နှိုင်ခြင်းတို့ကြောင်းပြောင်းလဲမှု့လဲ များလှပါပေသည် ။ ဗုဒ္ဓဘာသာမှ ဟိန္ဒူ ဘာသာသို့ ပြောင်းလဲခြင်းမှာ များစွာတွေရပေ ။ ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာသို့ပြောင်းလဲကြသူအများစုသည် အိမ်ထောင်ပြုခြင်းခံရ၍ ပြောင်းလဲရခြင်းသာ များလှပေသည် ။ အသက်အရွယ် (၁၄)နှစ် မိန်းကလေးများ ဘာသာရေးအသိအားနည်းသူများ နှလုံးသားရေးရာရှေ့တန်းတင်၍ အချစ်ဟုဆိုသော ကာမဂုဏ် အပူကြောင့်သာ အသိမဲ့စွာပြောင်းလဲရပေသည် ။ ဆင်းရဲခြင်းဒဏ် နှင့် ငွေကြေးချမ်းသာမှု့နောက်လိုက်ရင်း ဘ၀ပြောင်းဘာသာပြောင်းလဲ ရခြင်းများလဲရှိတတ် ပါပေသည် ။ထပ်မံတွေ့ရှိသည်များ လဲတင်ပြပေးမည်ဖြစ်ပါသည် ။ သိရှိပါကလဲ ရေးသားပေးပို့ နိုင်ကြပါသည် ။ မိရိုးဖလာခရစ်ယာန်ဘာသာ မှ ဗုဒ္ဓဘာသာသို့ ပြောင်းလဲသူ အများစုသည် နိမ့်ချသောစိတ်ထားဖြင့် ငြိမ်းချမ်းခြင်တရားကို ရင်ဝယ်ပိုက်၍ အေးချမ်းစွာနေထိုင် သွားကြ သည်ကို အများဆုံး တွေမြင်ရပေသည် ။ ခရစ်ယာန်ဘာသာရဲ့ အားနည်ချက် အမှားတွေ မရှိဘူးလားမတင်ပြချင်ဘူးလား လိုမေးရင် ရှက်လို့ပါ အရှင် ဘုရားရယ် သစ္စာ တရားကို သိသူတွေက မသိပဲမိုက်နေတာကိုနားလယ်ပေးလိုက်ရတာနဲ့တင် ကုသိုလ်ရနေသလိုပါပဲ ဘုရားလို့ ပြောကြပါတယ် ။ ဗုဒ္ဓဘာသာမှခရစ်ယာန်ဘာသာသို့ ပြောင်းလဲသူ အများစုသည် စိတ်မာန်တက်ကြွစွာ သာသနာ /ဘာသာပြကြသူ(hallucination) ဖြစ်ကြသည်ကို အများအားဖြင့် တွေ့ရပေသည် ။ အရှင်ဘုရားတို့သာ ဗုဒ္ဓဘာသာက ခရစ်ယာန်မပြောင်းဖြစ်အောင် ကြိုးစားပေးပါဘုရား တယ်ခရားကြီးလုပ်ပြီးမှ လိုက်ခရားလေး မလုပ်ခြင်တော့လို့ပါ ဟု ဗုဒ္ဓဘာသာမှ ဓမ္မာစရိယ လူထွက်ဘ၀မှ ခရစ်ယာန် အကြီးအကဲ ခရစ်ယာန်ဒေါက်တာကြီး တစ်ယောက် ဘ၀ထိအောင်ကြိုးစားခဲ့သော သူတစ်ဦး၏ တမ်းတ နောင်တ စကားများကိုလဲကြားသိခဲ့ရဘူးပါသည် ။ဗုဒ္ဓဘာသာတွင်လဲထိုကဲ့သို့ ပြင်ပ အကြောင်း အရာ မရှိဘဲ စိတ် တွင် ယောင်ယမ်းထင်မြင်ခြင်း ။ မျက်စိလှည့်စားခြင်း ။ သွေးလေ ချောက်ချား၍ ထင်မြင်ခြင်း။ (စိတ်တွင်ထင်ရောင်ထင်မှာဖြစ်ခြင်း) စိတ်မှပုံရိပ်ကို မျှော်လင့်သည့် အတိုင်းအရိပ်ကို အမှန် တကယ်ယုံကြည်ခြင်းစသည်ဖြင်သုံးသပ် တွေ့ရှိရပေသည် ။ အသက်ကြီး လာကြသည် အခါ လောကဓံတရား၊ အမှန်တရားတို့၏ ၊ တွေဆုံခြင်း ၊ ဘ၀ အတွေ့ အကြုံရင်ကျက် လာသော အခါ ၊ဘာသာတွေကအတူတူပါပဲ ၊ကောင်းတာ လုပ်ဖို့ပဲလိုပါတယ် ၊ ဆုတောင်း တယ် ၊မေတ္တာပို့တယ် ၊ ပုတီးစိတ်တယ် (ငြိမ်သက်ခြင်းရှိအောင် ကြိုးစားနေ ထိုင်တယ်) ၊ တို့လဲ အစကဗုဒ္ဓဘာသာပဲ ၊ ဗုဒ္ဓဘာသာ နှလုံးသားကရှိပီးသားပါ ။ ငယ်ငယ်က ခရစ်ရန်ဘာသာ ပြုရေး တွေအားစိုက်ခွန်စိုက် လုပ်ခဲ့ ပေမဲ့ ၊ အခုမှ အမှန်တရားကို ပိုတွေ့ပိုသိလာတယ် လို့အစွယ်ကြိုး မာန်လျှော့ ခံစား ဖြစ်ပေါ် လာရတယ်လို့သုံးသပ်ဝေဖန် ပေးကြတာကို တွေ့ရပါတယ် ။ ဘာသာပြောင်းရခြင်း၏ အကြောင်း တရားများကို လေ့လာတင်ပြ သုံးသပ် ပေးထား ပါတယ် ။ ပုတ်ခတ်စော်ကား ခြင်းမျိုး မဟုတ်ပဲ၊ဘာသာအားလုံးတို့အား လေ့လာသူများ အတွက် အကြိုးများစေခြင်လို့သာတင်ပြလိုရင်းဖြစ်ပါသည် ။ ဦးဇင်းဆီလူကိုတိုင်ရော စာဖြင့်ရော ဖေ့စ်ဘုတ် မှတဆင့်ရောတောင်းထားသော နှစ်ဘာသာမက ဘာသာစုံ ဓမ္မမိတ်ဆွေများ အတွက် အကြုံးဝင်မယ်လို့ 
  ယူဆ၍ ပြန်လည်တင်ပြ လိုက်ရတာပါပဲ ။

အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
 
 
6Like · ·

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်