Saturday 2 February 2013

ဝိပဿနာပျက်စေသောအကြောင်းတရားများ

၂/၂/၂၀၁၂

ဝိပဿနာကိုလိုက်စား အားထုတ်ကြသော သူတော်ကောင်း များဝိပဿနာ၏ လမ်းဆုံးသို့ မရောက်မီ တွေ့ကြုံတက်သော ၀ိပဿနာပျက်စီးရာ အကြောင်း(၁၀)ပါး တွင်တ၀ဲလည်လည် ဖြစ်ပြီး
လမ်းဆုံးသို့ မရောက်မီ ခုလတ်မှာပင် တရားရသွားပြီဟု ထင်သူကထင် သို့မဟုတ် (နိယတမိစ္ဆာဒိဋ္ဌိ)ဖြစ်၍ လမ်းလွဲတက် သည်ကို ကျပ်ကျပ် သတိပြုအားထုတ်သင့်ပါသည်။
ထိုဝိပဿနာပျက်စီးရာအကြောင်းတို့မှာ.....
၁။ သြကာသ- အလင်းရောင် ပေါ်လာခြင်းကို မဂ်၊ ဖို ဟုအထင်လွဲ တက်ခြင်း၊
၂။ ပီတိ- အာရုံ၌ နှစ်သက်သော ပီတိ(၅)မျိုး ဖြစ်ပေါ်လာတက်၏ ၊
၃။ ပဿဒ္ဓိ - အလွန်အေးငြိမ်း ချမ်းသာသော စိတ်ပေါ်လာတက်၏ ၊ မဂ်၊ ဖို ဟုအထင်လွဲတက်ခြင်း ၊
၎။ အဓိမောက္ခ - အထူးယုံကြည်သော သဒ္ဓါတရား ဖြစ်ပေါ်လာတက်၏ ထိုသဒ္ဓါကို မဂ်ဖြင့်ရသော သဒ္ဓါဟု အထင်လွဲတက်ခြင်း ၊
၅။ ပဂ္ဂဟ - ကမ္မဋ္ဌာန်း၌ မပြင်းမရိ လုံးလရှိခြင်း ဖြစ်လာတက်၏ ၎င်းဝိရိယကို သမ္မာဝါယမ မဂ္ဂင်ဟုအထင် လွဲတက်ခြင်း ၊
၆။ သုခ - ကိုယ်စိတ် နှစ်ဖြာချမ်းသာ ခြင်းဖြစ်ပေါ်လာတက်၏ ထိုသုခကို မဂ် ဖို ချမ်းသာဟု အထင်လွဲတက်ခြင်း ၊
၇။ ဥာဏ - အလွန်ထင်မြင်သော ဥာဏ်ပေါ်လာတက်၏ ထိုဥာဏ်ကို မဂ်ဥာဏ်၊ဖိုဥာဏ် ဟုအထင်လွဲ တက်ခြင်း ၊
၈။ ဥပဋ္ဌာန - ထင်မြင် မှတ်မိသော သတိဖြစ်ပေါ် လာတက်၏ ထိုသတိကို သမ္မာသတိ ဟုအထင်မှားတက်ခြင်း ၊
၉။ ဥပေက္ခာ - လျစ်လျူရှု နိင်သောစိတ် ဖြစ်ပေါ်လာတက်၏ ထိုစိတ်ကို သင်္ခါရုပေက္ခာဥာဏ် ဟုအထင်မှားတက်ခြင်း ၊
၁၀။ နိကန္တိ - အထက်ပါ(၉)ချက်ကို တွယ်တာမက်မောနေ တက်သော တဏှာဖြစ်ပေါ်လာတက်ခြင်း ထိုတဏှာသည် အလွန်သိမ်မွေ့သဖြင့်ဘာဝနာရတိ ဟုအထင်လွဲတက်ခြင်း ၊
အထက်ပါ အချက်များကို ကျပ်ကျပ်သတိပြု၍ အားထုတ်ရန် အလွန်အရေးကြီးပါသည် အချို့ရသေ့ ရဟန်းများ နှစ်ပေါင်းများ စွာကျင့်ကြံအားထုတ် သော်လည်း အဓိမာန ပေါ်တင်နေခြင်းကြောင့်
မဂ်၊ ဖို အစစ်ကိုမရရှိဘဲ တ၀ဲလည်လည် နှင့်လမ်းမှားပေါ် လျှောက်နေတက်ကြသည် ထိုဆရာမျိုးကတဆင့် ပြန်လည်သင်ကြား ပို့ချပါက တပည့်သည်လည်း လမ်းမှား ပေါ်ရောက်မှန်းမသိ ရောက်
သွားနိင်သည်ကို သူတော်ကောင်းများ သတိပြုမိကြစေရန် မေတ္တာရှေ့ထားတင်ပြအပ်ပါသည် ။

ဧဒင်ဥယျာဉ် မှ kowinhtoo ၏ ပိုစ့်အားပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်