Wednesday 20 February 2013

မြန်မာပြည် ဆင်းရဲ့ရခြင်းအကြောင်းတရားများ (၄)


ရွှေကျောင်းပြောင်ပြောင် ၀မ်းဟောင်ဟောင် ၊အမောင် တောင်မှန်းမြောက်မှန်းမသိ ၊ သတိရှိဘို့လိုပါတယ်
အသိပညာ အတွေးအခေါ်ဟာ အားကောင်းလာရင် တိုင်းပြည်ချမ်းသာစေသလို အသိပညာခေါင်းပါး အားနည်းခြင်းဟာ တိုင်းပြည်ကိုဆင်းရဲစေမှာပါပဲ ။ ဗုဒ္ဓ တရားတော်တွေကို တလွဲမြင် တလွဲအသုံးချနေ ကြတာနဲ့ တိုင်းပြည်ဆင်းရဲတာ ဟာ ဆက်စပ်မှု့ရှိနေပါတယ် ။ ဗုဒ္ဓစာပေမှာ ပါတဲ့ စကားကို နားလည်သလို ရှင်းပြရရင် ချစ်သားဝက္ကလိ ငါဘုရားရဲ့ အပုတ်ကောင်ကြီးဟာ သင့်အတွက် ဘာအကြိုးထူး ရှိမည်နည်း ဆိုသလိုဘုရားရှင် ရဲ့ကြည်ညိုဘွယ်ယာ အဆင်းရူပကာယ အပေါ်မှာ တပ်မက်စွဲလမ်းတဲ့တဏှာနဲ့ တဏှာသိမ်းရာ ကိလေသာငြိမ်းရာ ဒေသနာနဲ့ကွဲပြားခြားနား ပုံကို အာရုံပြုရင်း လွတ်မြောက်ခြင်းရဲ့ ရသ နိဗ္ဗာန်နဓါတ်သာအဓိက လို့ဗုဒ္ဓရဲ့ဆိုလိုရင်းပါလို့ နားလယ်မိပါတယ် ။
ဒီလိုဆိုရင် လွန်ကဲစွာကြည်ညိုမှု့ အမှားတွေဟာတိုင်းပြည်ရဲ့ ခွန်အားတွေ စွမ်းပါကားတွေကို တလွဲအသုံးချ သလိုဖြစ်နေတယ်လိုမြင်ရောင်ရပါတယ် ။ ဘုရားအဆင်းတော်ကိုအာရုံရရန်ပူဇော်ရမှာ ၊ လက်နာပြောက်ခြင် ရင် ဘုရာရုပ်ထုလက်တော် ရွှေသကန်းကပ် ၊ ခြေနာရင်ခြေဖ၀ါးတော်ကပ် ၊ ညာဏ်ကောင်းခြင်ရင် နှစ်ဘူးတော်(မွှေ့ရှင်တော်ပေါ်ကပ်) ၊ရာထူးရာခံ ကောင်းခြင်ရင် ဦးခေါင်းတော်ရွှေ သကန်းကပ်နဲ့ ၊ဘယ်ဘုရားဆင်တုကပ်ကပ်ရနိုင်တာတောင် ၊ တန်ခိုးကြီးဘုရားရွေးကပ်ကြ ၊ နဲ့ဘုရား ရုပ်ထုတော်ခင်မျှာ ဘီးလူးရုပ်သာသာ ဖြစ်သွားတယ် ၊ နှစ်ဘူးတော်မှာ ဂျိုပေါက်သလို ၊ ရက်စက်လိုက် ကြတာ ၊ ဗေဒင်ဆရာစကား ၊ နတ်ကတော်စကား ၊ ဘိုးတော်မယ်တော်စကား ၊ ပြောက်စေဆရာစကား အားကိုးပြီးဘုရားရုပ်တော်ခင်မျှာ ရွှေတုံးလုံးကြီးပမာ ၊ ကြောက်စရာလိုလို ဖြစ်ကုန်ရပါတော့တယ် ။

 ဒါကိုပဲ ရုပ်ထုကိုးကွယ်တဲ့ဘာသာဆိုပြီး ၊ အခြားဘာသာတွေက ၊ နိမ့်ချပြောကြားဘို့ စကားနာထိုးဘို့ အကြောင်းတရားတစ်ခုလို ဖြစ်လာရပါတယ် ။ ဆိုလိုတာက ဘုရားစကားနား မထောင်ကြပဲ ၊ ဘုရားကို အကြောင်းပြလုပ်စား သူတို့ရဲ့ဖျက်ဆီးစကား ပျက်စေသောတာရား များက ပိုပီး တန်ခိုးထွားသ လို ဖြစ်တဲ့ အခါ သာသနာ ကွယ်တယ်ဆိုတာ စစ်မှန်တဲ့ ရုပ်ထုတော် ဥဒိဿ စေတီတော်တွေပြောက်ကွယ်ရ တာက သက်သေလိုဖြစ် နေပါတယ် ။ “ရွှေကျောင်းပြောင်ပြောင် ၀မ်းဟောင်ဟောင် ” ဖြစ်လာရတာပါပဲ ၊ နိုင်ငံခြားသားတချို့ ကလဲ ဗုဒ္ဓတရားတော်ကို တလွှဲ အသုံးခြနေတာကို အံသြကြပါတယ် ။

သာသနာတော်နဲ့ ဆိုင်ရာနေရာတွေ သာယာလှပ စိတ်ချမ်းမြေ့အောင် စီစဉ်လှုဒါန်းလို့ရ သလို   လောကကောင်းကြိုး ဓမ္မကောင်းကြိုး လုပ်သင့်တဲ့ လှုသင့်တဲ့နေရာတွေအများကြီ ရှိနေတယ်လို့မြင် မိပါတယ် ။ ဘုရားအကြိုက် ဒါန ဗုဒ္ဓ အကြိုက် သီလတို့နဲ့ ညီမျှ ကြမယ်ဆို ချမ်းသာအောင်မြင် ငြိမ်းချမ်း မယ်ထင်မိလို တင်ပြမိတယ် ဆိုပါစို့။ ဗုဒ္ဓဘာသာ အမည်ခံပြီး ချမ်းသာတဲ့ တိုင်းပြည်အဖြစ် ထိုင်းနိုင်ငံ ၊ ဂျပန်နိုင်ငံ တွေလက်ညိုးထိုးပြရတော့မှာပြရတော့မှာ ပါပဲ ။

တရုပ်ပြည်ဟာလဲ ဗုဒ္ဓဘာသာထဲကပဲမဟုတ်ခဲ့ဘူးလား မဟာယန ထေရ၀ါဒ ကိုမပြောလိုသော်လဲ အဲဒီနိုင်ငံတွေ မှာလဲ လွဲမှားတဲ စံတွေ ရှိနေပါသေးတယ် ။ ကိုးကွယ်မှု့ အမှား ယုံကြည်မှု့ တစ်လွှဲ ဆံပင်ကောင်း မှုတွေ ဟာတိုင်းပြည် မြန်မာပြည် ဆင်းရဲ့ရခြင်းအကြောင်းတရားများထဲက တစ်ခုလို ထင်မြင် မိပါတယ် ။ ဦးဇင်းတင်ပြတာတွေကို မှန်တယ်ထင်လို့ ထောက်ခံပေးတာထက် မှားတာ ကို ထောက်ပြပေးတာကိုလဲ ဆရာသခင်တစ်ယောက်လို ကြိုဆိုပါတယ်လို့လဲ ဖိတ်ခေါ်အပ်ပါတယ် ။

အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
http://buddhagonyi.blogspot.com/
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email address ; aggadhamma.bdgy@gmail.com
Skype address ; aggadhamma73790698

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်