Wednesday 20 February 2013

မြန်မာပြည် ဆင်းရဲ့ရခြင်း အကြောင်းတရားများ (၅)

နွေဦးလဲပေါက် မီးလဲကြောက်ပါ ၊ နည်းစနစ် လွဲတာ ဘယ်လိုမှ ကယ်မရနိုင်ပါဘူး ။

တိုင်းပြည်တစ်ခုတိုးတက်ခြင်း ၊ ဆုတ်ရုတ်ခြင်းတွေ ထဲမှာ အရင်းအနီးတိုးတက်ခြင်း အရင်းအနှီဆုံး ရှံးခြင်းတွေ ကလဲ၊ တစ်ခုသောအခြေအနေ အဖြစ် ပါဝင်နေ မှာပါ ။ ငွေကြေးဥစ္စာအရင်းအနှီး ၊ လူသားအ ရင်းအမြစ်အရင်းအနှီး ၊ အသိညာဏ်ပညာ အရင်းအနှီး ၊ စသဖြင့်ရှိကြမဲ့အထဲမှာ ရန်သူငါးပါးထဲ က ကြောက် စရာအကောင်းဆုံးတခုဖြစ်တဲ့ မီး ကြောင့်ဆုံးရုံးရတဲ့ ဥစ္စာအရင်းအနှီးဆုံးရှံးရခြင်းပါ ။ ဦးဇင်း သိ သလောက် ပြောတာဟာ စေတနာ မေတ္တာသဘောပါပဲ ။
ပညာရှင်ဆန်ဆန် ဝေဖန် သုံးသပ် ပြီး စော်ကားတာလဲမဟုတ်သလို ၊ ဒီကနေ့ နိုင်ငံတော် တာဝန်တွေ လက်တွေ့ လုပ်ကိုင်နေရသူတွေ အတွက် အခက် အခဲတွေလဲ အများကြီးရှိနေမှာပါ ။ ဒါပေမဲ့ တစ်ဒေါင့် တစ်နေရာက အထောက်အပံ ဖြစ်စေလိုတာပါ ။အနှေက်အရှက်ဖြစ်စေလိုတာ မဟုတ်လို့   ပြောခြင်း   ရေးခြင်း မဟုတ်ပါဘူး ။ နိုင်ငံရေးလုပ်ခြင်ရင် ၊ နိုင်ငံရေးလောကထဲ ၀င်ရမှာပေါ့လို့ ပြောရမှာပါ ။

 အမျိုး ဘာသာ သာသနာ အတွက် ကိုယ့်အမြင်ဟာ လောကအတွက် တစ်ဒေါင့်တစ်နေရာက အထောက် အပံဖြစ်ရင် ကြေနပ်စရာပါ ။ မဖြစ်လဲ ကြေနပ်ပြီးသား စိတ်နဲ့နိုင်ငံသား ပြည်သူပြည်သား တစ်ယောက်မေတ္တာ ပါပဲ ။
မီးကြောင့်ဆုံးရှုံးရတဲ့အထဲမှာ သဘာဝမီဘေး ၊ ပေါ့ဆမီးဘေး ၊ တို့မီး ရှို့မီးဘေး တွေကိုအခြေခံကတော့ အမျိုးမျိုးရှိနိုင်ပေမဲ့ လောဘမီး ဒေါသမီး မောဟမီးတွေက တော့ အခြခံလို့သုံးသပ်ရမှာပါပဲ ။ အခြေခံကို ဗုဒ္ဓ တရာတော်နဲ့ ငြိမ်းသတ်မှ နိုင်နှိုင်မယ်လိုပြောရမလိုဖြစ်ပြီး ။ ဥစ္စာပစ္စည်းလောင်တဲ့ မီးကတော့ ဓါတ်ပုံမှာ လက်တွေ့ ဖေါ်ပြထားသလို ၊ မီးချိတ် ၊ မီးခပ် ၊ သဲထုပ် ၊ရေထုပ် လေးနဲ့တော့ ဒီကနေခေတ်ရဲ့ ဥစ္စာပစ္စည်းတွေကို ကာကွယ်လို့မရနိုင်ပါဘူး ။ ကျန်နေခဲ့တဲ့ နှစ်ပေါင်း (၅၀)လောက် က နည်းစနစ်တွေ   ဖြစ်နေလိုပါပဲ ။ ရေပုံး ၊ သဲပုံး ၊ မီးသတ်ရေကန် ၊ မီးချိတ် ၊ မီးခပ် ဆိုတာတွေဟာ တဲအိမ် ၊ ပျဉ်ထောင် အိမ် ခေတ်ကလုပ်ခဲ့တဲ့ နည်းစနစ်တွေ ။ ရေဖွင့် ၊ ရေပိတ် ၊ ရေပက်ရန်အသင့် ဆိုတဲ့ မီးသတ်နည်း ပညာ တွေလောက်နဲ့ မဖြစ်သင့်တော့ပါဘူး ။ အိမ်သုံးပစ္စည်းတွေကလဲ စလယ်ဝင်အိုး ၊ သောက်ရေ အိုးတွေ ခေတ် မဟုတ်တော့တာ သတိထားသင့်ပါပြီ ။ 

အီလက်တရောနစ်ပစ္စည်းတွေ ပလပ်စတစ်ပစ္စည်း ဖေါ်မီကာပစ္စည်းတွေ ၊ တိုက်တာအဆောက်အအုံ ၊ စက်ရုံတွေကို သင်္ကြရေပက်သလို လုပ်နေလို့ကတော့ ရီတာပေါ့ ရီတာပေါ့ ဆိုကာ မီးပုံပွဲကြီး က၍ နေ သလို ဖြစ်နေပါလိမ့်မည် ။ ရေနံဆီ မီးခွက်ကလေး ဖရောင်တိုင် သေးသေးလေးနဲ့ ခေတ်မဟုတ်တော့သလို ဒီဇယ် ၊ဓါတ်ဆီတွေနဲ့ စက်ရုံ အလုပ်ရုံ ခေတ် မှာ ခေတ်မှီ နည်းစနစ် ၊ နည်းပညာတွေနဲ့ ပြောင်းလဲ ကာ ကွယ်ကြမှသာ မြန်မာနိုင်ငံရဲ့ မီးဘေးကာကွယ်ရေး စနစ်က လုံခြုံနိုင်မှာ ပါ ။ အခုလိုအခြေနေတွေကို အပြောင်းအလဲမလုပ် မကာကွယ်ကြဘူးဆိုရင်ဖြင့် မြန်မာပြည် ဆင်းရဲ့ရခြင်း အကြောင်းတရားများထဲက တစ်ခုအနေနဲ့ ရှိနေကြလို့ ဆင်းရဲတွင်း နက်ကြပေလိမ့်ဦးမယ် လို့သာ သုံးသပ်မိပါတော့တယ် ။

အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
http://buddhagonyi.blogspot.com/
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email address ; aggadhamma.bdgy@gmail.com
Skype address ; aggadhamma73790698 

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်