Wednesday 17 April 2013

“အတာအိုး နှင့်  မြန်မာရိုးရာ ”


Photo: http://www.facebook.com/buddhagonyipage?ref=hl
“အတာအိုး နှင့်  မြန်မာရိုးရာ ”
http://buddhagonyi.blogspot.com/

တနှစ်တစ်ခါ နွေအကူး အတာကူးတဲ့ တန်ခူးလ ၊ နှစ်ဟောင်းကုန်လိုနှစ်သစ်လောင်း ရွက်ဟောင်းညှာကြွေနွေလမှာ ပြောင်းလဲခြင်းသင်္ကန္တ နှစ်သစ်ကိုကြို နှစ်အိုကိုနုတ်ဆက် သိကြားမင်း ကောင်းကင်ထက်က ဆင်းသက်ကြွလာ ကြိုသူမှာအတာအိုး ၊ ထိုးခဲ့ကြပါ ဆိုသလို ။ အတာပန်းတွေက ၊ နေ့ခုနေဖြစ်တဲ့ ဇီး ၊တမာ ၊အုန်းညွန့် ၊မြေဇာရွက်ကယ်နှင့်(၇)ရက်စုံလင်မှသာလို့၊ ရှေးဘိုးဘလက်ထက်ကတိုင်း ၊ အညာအရပ် အညာဒေသလဲ အတာအိုးထိုးခဲ့ကြတယ် ၊ ဘာရယ်လို့တကယ်မသိ ။ သိကြားမင်း ဘာကိုကိုင်ဆင်းတယ်မသိပေမဲ့ ၊ စီးလာတာ ကိုင်လာတာ ၊ လူလောကအတွက် နမိတ်လက္ခဏာ အဖြစ် ၊ ကြောက်ကြလန့်ကြသလို သင်္ကြန်တွင်းမကောင်းတာလုပ်ရင် ခွေးသရေ ပုရပိုက် နှင့် မှတ်တာခံရပြီး သေပြီးတဲ့နောက်ဘ၀ စာအရှိတိုင်းခံရမှာဆိုလို့ ကြောက်လန့်ကာလိမ္မာခြင်ရောင် ဆောင်ခဲ့ကြရတယ် ။မိအိုဘအို ခြေသဲလက်သဲညှပ် ၊ အိမ်သာတွေရေနဲ့ဆေး ၊ ကုသိုလ်ရေးတွေလုပ်ရင် ရွှေပေလွှာ ပုရပိုက် နဲ့မှတ် ပေး ထားတဲအခါ သေရင်နတ်ပြည်ရောက်တတ်ရတယ်ဆိုလို့ ကောင်းတာတွေ လုပ်ဖြစ်ခဲ့ဘူးတယ် ။ ကြီးလာတဲ့ခုထိ တိတိပပ ၊ တိတိကြကြ မသိရပေမဲ့ ၀ိပဿနာညဏ်ပညာ နှင့် ယှဉ်လာပြန်တော့စွဲ လမ်းမှု ဥပဒါန် အတိတ်ကံ နှင့် ပစ္စုပ္ပန်ကံ ညဏ်ကူပြန်တော့ ၊ အရင်လိုအယူမရှိ ဗေဒင်ပညာကိုပဲ ကလေးအသိလို့ သုံးသပ်ဖြစ်ခဲ့ပါတယ် ။အကြိုနေကပုံရိုက်မတင်ပဲ နှစ်ဆန်းတစ်ရက်နေ့ကြမှမမြဲတဲ့သဘော    စောကြောမိလိုသတိရရန်စိတ်ရည်သန်တင်ဖြစ်ပါတယ် ။ မြန်မာပြည်နဲ့မြန်မာရိုးရာ ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှု ထဲကလိုလို ။ အစွဲအလမ်းနဲ့ လောကကို အကဲစမ်း အရိယာလမ်းမှာ ဒါတွေနဲ့မဆိုင် ညာဏ်ပိုင်သူတစ်ယောက်ဖြစ်ဖို့ အတာအိုးနဲ့မြန်မာ့ ရိုးရာ ရင်ထဲ့မှာတော့ ဟာ တာတာပေါ့ ။

အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email address ; ashinaggadhamma.bdgy@gmail.com
Skype address ; aggadhamma73790698
တနှစ်တစ်ခါ နွေအကူး အတာကူးတဲ့ တန်ခူးလ ၊ နှစ်ဟောင်း ကုန်လိုနှစ်သစ်လောင်း ရွက်ဟောင်းညှာကြွေနွေလ မှာ ပြောင်း လဲခြင်း သင်္ကန္တ နှစ်သစ်ကိုကြို နှစ်အိုကိုနုတ်ဆက် သိကြားမင်း   ကောင်းကင်ထက်က ဆင်းသက်ကြွလာ ကြိုသူမှာအတာအိုး ၊ ထိုးခဲ့ကြပါ ဆိုသလို ။ အတာပန်းတွေက ၊ နေ့ခုနေဖြစ်တဲ့ ဇီး ၊တမာ ၊အုန်းညွန့် ၊မြေဇာရွက်ကယ်နှင့်(၇)ရက်စုံလင် မှသာလို့ ၊ ရှေးဘိုးဘလက်ထက်ကတိုင်း ၊ အညာအရပ် အညာဒေသလဲ အတာအိုးထိုးခဲ့ကြတယ် ၊ ဘာရယ်လို့တကယ်မသိ ။ သိကြားမင်း ဘာကိုကိုင်ဆင်းတယ်မသိပေမဲ့ ၊ စီးလာတာ ကိုင်လာတာ ၊ လူလောကအတွက် နမိတ်လက္ခဏာ အဖြစ် ၊ ကြောက်ကြ လန့်ကြသလို သင်္ကြန်တွင်းမကောင်းတာလုပ်ရင် ခွေးသရေ ပုရပိုက် နှင့် မှတ်တာခံရပြီး သေပြီးတဲ့နောက်ဘ၀ စာအရှိတိုင်း ခံရမှာ ဆိုလို့ ကြောက်လန့်ကာ လိမ္မာခြင်ရောင်   ဆောင်ခဲ့ကြရတယ်
။မိအိုဘအို ခြေသဲလက်သဲညှပ် ၊ အိမ်သာတွေရေနဲ့ဆေး ၊ ကုသိုလ်ရေးတွေလုပ်ရင် ရွှေပေလွှာ ပုရပိုက် နဲ့မှတ် ပေး ထားတဲအခါ သေရင်နတ်ပြည်ရောက်တတ်ရတယ်ဆိုလို့ ကောင်းတာတွေ လုပ်ဖြစ်ခဲ့ဘူးတယ် ။ ကြီးလာတဲ့ခုထိ တိတိပပ ၊ တိတိကြကြ မသိရပေမဲ့ ၀ိပဿနာညဏ်ပညာ နှင့် ယှဉ်လာပြန်တော့စွဲ လမ်းမှု ဥပဒါန် အတိတ်ကံ နှင့် ပစ္စုပ္ပန်ကံ ညဏ်ကူပြန်တော့ ၊ အရင်လိုအယူမရှိ ဗေဒင်ပညာကိုပဲ ကလေးအသိလို့ သုံးသပ်ဖြစ်ခဲ့ပါတယ် ။ 
အကြိုနေကပုံရိုက်မတင်ပဲ နှစ်ဆန်းတစ်ရက်နေ့ကြမှမမြဲတဲ့သဘော စောကြောမိလိုသတိရရန်စိတ်ရည်သန် တင်ဖြစ်ပါတယ် ။ မြန်မာပြည်နဲ့မြန်မာရိုးရာ ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှု ထဲကလိုလို ။ အစွဲအလမ်းနဲ့ လောက ကို အကဲစမ်း အရိယာလမ်းမှာ ဒါတွေနဲ့မဆိုင် ညာဏ်ပိုင်သူတစ်ယောက်ဖြစ်ဖို့ အတာအိုးနဲ့မြန်မာ့ ရိုးရာ ရင်ထဲ့မှာတော့ ဟာ တာတာပေါ့ ။

အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email address ; ashinaggadhamma.bdgy@gmail.com
Skype address ; aggadhamma73790698

http://www.facebook.com/buddhagonyipage?ref=hl

http://buddhagonyi.blogspot.com/

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်