မနက်ဖြန်ခါ တို့အညာရဲ့ မကွေတိုင်း မင်းဘူးနယ်က မြတ်စွာဘုရားစက်တော်ရာ တန်ကူးလဆန်း တစ်ရက်နေ့ဆို ခြေတော်ရာပိတ်ပွဲ ကျင်းပ၍ အခန်းအနား ဖြင့်သိမ်းပါသည် ။ နှစ်စဉ်တပို့တွဲလဆန်း(၅) ရက်နေ့တွင် ရွှေစက်တော်ဖွင့်ပွဲကျင်းပ၍ ခြေတော်ရာဖွင့်ရာ နှစ်လ ကျော် သုံးလနီပါး (၀ါထပ်နှစ်များ) ကြာအောင် ရက်ရှည်ကျင်းပသော အညာ တောဘုရားပွဲအဖြစ် တစ်နိုင်ငံလုံး အနယ်နယ် အရပ်ရပ်မှ လာရောက်ဖူးမျော် ရေကစားပျော်ပါးကြသည် ။
မန်းချောင်းရေ နှင့် မန်းတောင်ရိပ် ပုန်းခိုချွေးသိပ် တရားရိပ်ပင်ဖြစ်ပါသည် ။ နှစ်စဉ် ပွဲတော်၏ အရပ်ရပ်လေ လံကျေး သိန်းထောင်ပေါင်းများစွာ ဘုရားက ရရှိပါသည် ။ ဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် လေလံ အမျိုးပေါင်း(၄၅)ခု မကရှိပြီး အောက်ခြေတော်ရာနားက နဂါစာရောင်းဝယ်ရေး လေလံကြေး ဒီနှစ် သိန်း(၅၀) ဖြစ်ခဲ့သည် ။
အခြားဘုရားတွေမှာ ငါးစာကြွေး ၊ လိပ်စာကျွေးသာရှိကြရာ တစ်နိုင်ငံလုံးမှာတစ်ခုထဲရှိသော နမ္မဒါနဂါးမင်း ၏ နဂါးစာကြွေးပွဲ လေလံကြေးက မနှစ်ကမှ သိန်း(၂၀)ကျော် ဒီနှစ် တော်တော်အီသွားသည် ။ ရှုံးတော့မရှုံး နိုင်ပါတဲ့ မိတ္ထီလာအရေးအခင်းကြောင့် နဲနဲ တော့  ပွဲတော်လူပါးခဲ့ ပါသည် ။ ပြောခြင်သည်မှာ တစ်ခုထဲသော နဂါးစာရောင်းခြရေးလေလံ ။ ကြည့်လိုက်ပြန်တော့ နှင်းဆီပန်း ပေါက်ပေါက်နှင့် နွားနို့ (နို့ဆီဘူးနှင့်ဖျော် ထားသည်ဟုပြော) ကျဲကျဲ ဒါကိုရောင်းချခွင့်လေး (၂) လနီးပါးကို သိန်း(၅၀)ပေးရသည်တဲ့ ။
အောက်ခြေတော်ရာနားက နဂါးရုံ စေတီ ရှေ့ကအလှုခံပုံး ထဲ လှုသမျှ လေလံ ဆွဲသူရသတဲ့ ။ အံလဲအံသြစရာ တို့ဗုဒ္ဓဘာသာဝင်တို၏ ယုံကြည်မှု့ ဗုဒ္ဓဘာသာဝင်တွေများလို့အမြင်မှားကြလေလားမသိ ။
လေလံပေးတဲသူကပေး ၊ ဆွဲတဲ့သူကလဲဆွဲ ၊ နဂါးစာ ကျွေးတဲ့သူကလဲကျွေး ၊ လှုတဲ့သူကလဲလှု ကိုက်လို့ ။ နမ္မဒါနဂါးကြီခင်မျှာ တနှစ်စာ ဒီတစ်ခါစာ စားရ ပွဲတော်ပီးရင်ဖြင့် ခက်ရချည်ရဲ့လို့သာ တွေးမိပါရဲ့။
တို့များရွှေစက်တော်မှာ ပြောစရာတွေအများကြီး ဘာသာတရား ကိုးကွယ်မှု့ သာသနာမှားနဲ့ ယုံကြည်မှု့ အစုံ ကြည့်ယုံလိုသာပြောလိုက်ခြင်ပါရဲ့ ။ ဗုဒ္ဓခြေတော်ရာအစစ် ဆိုတဲ့မြေမှာ အခြားမတော် တရော်တွေကျံ ပါသေးရဲ့ တေွးဆလို့သာကိုးကွယ် ပျော်ပါး ဗုဒ္ဓစကားလေးပဲနားထောင်စေခြင် “အပ္ပမာဒေန သမ္မာဒေထ” လို့သာ ။
အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email address ; ashinaggadhamma.bdgy@gmail.com
Skype address ; aggadhamma73790698
No comments:
Post a Comment