Thursday 9 May 2013

“ညာဏ် နှင့်  ယှဉ်၍ သိစေခြင် ”

http://www.facebook.com/buddhagonyipage?ref=hl
“ညာဏ် နှင့်  ယှဉ်၍ သိစေခြင် ”
http://www.facebook.com/agga.dhamma.1

အို...မြန်မာနိုင်ငံမှာ ရှိကြကုန်သောဘာသာဝင်အပေါင်းတို့
ခံစားမှုလေးတစ်ခုကို မျှဝေလိုက်ပါရစေ...
သဘာဝဘေးအန္တရာယ်တွေ ကြုံခဲ့ကြတာ တွေကို တို့လူသားတွေ အားလုံး
ခံစားခဲ့ကြရတွေ အများကြီးပါ။
အဲဒီအချိန်မှာ အသင်တို့အားကိုးနေကြတဲ့ ဘယ်ဘုရားကမှ လာမကယ်ပါဘူး
ဒီအချိန်မှာ လူတစ်ယောက်ချင်းစီရဲ့ အသိစိတ်တွေနဲ့ တစ်ယောက်ကို တစ်ယောက်
ကူညီခဲ့ကြတာပဲ မဟုတ်လား?... ကိုယ့်နိုင်ငံ ၊ ကိုယ့်လူမျိုး၊ အချင်းချင်းဆိုတာ မမေ့သင့်
ပါဘူး။ မြန်မာပဲဖြစ်ဖြစ်၊ ကုလားပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ မွတ်စလင်ပဲဖြစ်ဖြစ်၊ ခရစ်ယာန်ပဲဖြစ်ဖြစ် အားလုံးဝိုင်းကူညီကြရမှာပါ...
အဲဒီလိုပါပဲ ကိုယ်နေတဲ့ နိုင်ငံကို လာလုရင် ဗုဒ္ဓဘာသာ ဆိုပြီး ထိုင်ကြည့်ပြီး အားပေးနေလို့
မရပါဘူး။ မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ ဘာသာဝင်တွေအားလုံးတိုက်ပွဲ ၀င်ကြရမှာပါ။
ဒီလိုပဲ လာတိုက်တဲ့ ရန်သူက မွတ်စလင်ဖြစ်ဖြစ်၊ ခရာစ်ယာန်ဖြစ်ဖြစ်၊ ဟိန္ဓူဖြစ်ဖြစ်
ဒီနိုင်ငံမှာ ရှိတဲ့ နိုင်ငံသားတွေအားလုံး တိုက်ပွဲဝင်ကြရမှာပါ။...
အဒီလိုမတွေးပဲ ဟိုဘက်ကရန်သူက ဒို့ဘာသာဝင်တွေ လို့တွေးပြီး ရန်သူဖက်ကိုမပါမိအောင်
ဘာသာဝင်တွေ အားလုံး သတိရှိသင့်တယ်လို့ ယူဆမိပါတယ်.. အတွေးလေးတစ်ခုကို မျှဝေခြင်းသာ ဖြစ်ပါတယ်... မြန်မာနိုင်ငံသား ခံယူထားသူ အချင်းချင်း ကိုယ်နေတဲ့ နိုင်ငံကို Home လို့နားလည်နိုင်ကြပါစေ...... နိုင်ငံခြားကို ကျနော်တို့ ရောက်သွားလို့ ကိုယ့် နိုင်ငံပြန်တော့မယ် ဆိုရင် I will go home next week. လို့ပြောကြရတယ်လေ..
ဒါကြောင့် ကိုယ်နေတဲ့ အိမ်ကို မီးရှို့မယ်ဆို ရင် ကျန်တဲ့ မိသားစုဝင်တွေ က အဖေ ဖြစ်ပါစေ.. ဖမ်းပြီး သက်ဆိုင်ရာ ပို့ရင်ပို့ မပို့ရင် အရူးထောင်ဖြစ်ဖြစ် ပို့ရမှာပဲ.....
ဆက်လက်တွေးတော နိုင်ကြပါစေလို့ ဘာသာဝင်အပေါင်း တို့အား ဆုတောင်းလိုက်ပါတယ်...

ကိုအောင်(ATG)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
http://buddhagonyi.blogspot.com/
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
Email address ; koaungatg@gmail.com

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်