Thursday 9 May 2013

မလိခရွာ မှာ သားသတ်ရုံ လာဆောက်တဲ့ ပြဿနာ

http://www.facebook.com/buddhagonyipage?ref=hl
“ မလိခရွာ မှာ သားသတ်ရုံ လာဆောက်တဲ့ ပြဿနာ ”
http://www.facebook.com/agga.dhamma.1

မြစ်ကြီးနားဘူတာအရှေ့ဘက် ၄ ဘူတာအကွာခန့်မှာရှိတဲမလိခရွာလေးမှာ ဘာသာခြားတို့က

သားသတ်ရုံလာဆောက်ကြပါတယ် ။ အမျိုးသားရေးနိုးကြားတဲ့ အသိရှိ လာကြတဲ့ရွာသူရွာသားအများစုဟာ အခုတစ်လော

ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကြားက မရောထွေး စေခြင်ခဲ့ကြပါဘူး ။ အမျိုးသားရေးအသိပေးခွေတွေ စာရွက်စာအုပ်တွေ

အိမ်ခြေ ၁၂၀ခန့်ရှိတဲ့ရွာမှာ အစုံ ၅၀ လောက်ရပီး ပိုမိုနားလည်လာကြလို့ ရွာရှိလူငယ် လူကြီးတွေ ပေါင်းစုပီး

ဆရာတော်သံဃာတော်တိုထံ တင်ပြလျှောက်ထားကြပါတယ် ။ ရပ်ရွာလူကြီးတွေက ခေါ်ယူဆွေးနွေးတဲ့ အခါ စည်ပင်

(အစိုးရ)ကချထားပေးတဲ့ သားသတ်လိုင်စင်ရှိ၍ ဘယ်သူကိုမှ ဂရုစိုက်စရာမလိုဘူးဟု အသံကြားသိရပါသည် ။ မလိခရပ်ရွာ

အနီးနားတွင် သားသတ်သံတွေ သွေးညှီနံတွေဖြင့် မဖြစ်စေခြင်သောကြောင့် ဘာသာခြားတို့၏ သားသတ်လိုင်စင်အား

တောင်းယူကြည်ရှု့ရာမြစ်ကြီနားမြို့ မြောက်ဖက် (၁၀) မိုင် ကျေးရွာ တွင် ခြထားပေးသော သားသတ်လိုင်စင်ဖြစ်ပြီး

ထိုနေရာတွင် မြို့ရွာတိုးချဲ့လာ၍ ပြောင်းရွှေ့လာရောက်ဆောက်လုပ်သည်ကို အမိန်ရ ပုံစံဖြင့် လာရောက်ဆောက်လုပ်

လုပ်ကိုင်ကြခြင်းဖြစ်ပါသည် ။ ရပ်ရွာလူငယ်များ သံဃာတော်များက လက်မခံ၍ ဖျက်ပေးရသော်လည်း မလိခရွာအတွက်

သားသတ်လိုင်စင်ရအောင်လုပ်၍ မဖြစ်ဖြစ်အောင် ဆောက်လုပ်ပြမည်ဖြစ်ကြောင်း ကြုံးဝါးစိမ်ခေါ်သွားကြပါသည် ။

ထိုကဲ့သို့ဘာသာရေးမငြိမ်သက်နေချိန်တွင် ရန်မရှာ အမုန်းပွားလိုသော ကျေးရွာသူကျေးရွာသားများက သက်ဆိုင်ရာငွေပေး

အရယူ၍ စော်ကားမော်ကားလုပ်ြပီး ရန်ရှာခြင်း နှင့် ဤ ကဲ့သိုမမှန်လိုင်စင်အတု ဖြင့် အခြားရွာများအား ဒုက္ခပေးမည်ကို

စိုးရိမ်မိကြောင်းသတင်းရရှိပါသည် ။ သက်ဆိုင်ရာတို့မှလိုအပ်သလိုဆောင်ရွက်ရာတွင် ငွေမျက်နာမကြည့်ကြပဲ

အမျိုးသားရေးအသိဖြင့် စောင့်ရှောက်ရန်လိုနေပါကြောင်း ဌာနဆိုင်ရာအားလုံးသောလူကြီးမင်းများ အမျိုးသားရေးသတိ

နှင့်နိုင်ငံရေးသတိဖြင့်ကြည်ရှု့စောင်မနိုင်ပါရန် တင်ပြတောင်းခံအပ်ပါကြောင်း သတင်းပေးအကြောင်းကြားလာပါသဖြင့်

တင်ပြအပ်ပေတော့သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
http://buddhagonyi.blogspot.com/
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email address ; aggadhamma.bdgy@gmail.com
Skype address ; aggadhamma73790698

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်