Saturday 11 May 2013

““““လူ့အခွင့်အရေးနဲ့ ဘ၀““““

လူ့အခွင့်အရေးနဲ့ ဘဝ
http://www.facebook.com/buddhagonyipage?ref=hl

လောကမှာ လူဆိုတာနှစ်မျိုးပဲရှိတယ်
ကြောက်တတ်တဲ့လူနဲ့ မကြောက်တတ်တဲ့သူ
မျှော်လင့်တဲ့သူနဲ့ မမျှော်လင့်တဲ့သူ
ဆုတောင်းတဲ့သူနဲ့ မဆုတောင်းတဲ့သူ
အားကိုးရှာတဲ့သူနဲ့ အားကိုးမရှာတဲ့သူ
ဘယ်သူဖြစ်ဖြစ် အမိဝမ်းက လူဖြစ်ပြီးနောက်
နို့ချိုစစ်စစ်ကို ငတ်မွတ်တမ်းတ
သောက်စို့ခဲ့ရတာဟာ လောဘပဲလား
လိုချင်တာပဲလား ။
အမေ ခွန့်တိုက် နို့ချိုကို ကြိုက်ခဲ့တာလည်း
မရငိုကြ အဲဒါဒေါသပဲလား
ငါဟာလူသား အကြိုက်အရှိုက်လူမိုက်တစ်ယောက်အဖြစ်
မောဟနဲ့ လူဖြစ်လာလေသလား
လူ့အသိ လူ့နှလုံးသား
မိခင်ရင်းက ဖွားတယ်ဆိုတာတိုင်
စဉ်းစားတတ်တဲ့သူချည်းပါပဲ။
မိဘကိုယုံခဲ့သလို သူများပြောတိုင်း အားလုံးကို ယုံရမလား
လူ့အသိဥာဏ် ကြောက်တတ်ရန် တစ်ခုတည်းလည်းမဟုတ်
မှတ်တတ်ရန် တစ်ခုတည်းလည်းမဟုတ်
ကိုလုပ်မှ ကိုရ အဲဒီသဘောကိုအသုံးချ
အတ္တဟိ အတ္တနော နာထော ဘုရားဟောခဲ့တာ
ဘယ်စာအုပ်ထဲကမှ မပါပါဘူး။
လောဘရှိရင် မျှော်လင့်မယ်
ကြောက်တတ်ရင် မိုက်ပြမယ်
အသိဥာဏ်ကိုမသုံး ခပ်တုန်းတုန်းနဲ့ ဆုတောင်းနေရရင်
သူများပေးမှရ သူတောင်းစားဘ၀နဲ့ ဘာထူးတော့မှာလဲ
ကိုကောင်းချင်လို့ မေတ္တာပို့ အဲဒါကို ကုသိုလ်အလုပ်ဆိုမလား
ကောင်းမှုအစစ်ကို ရွေးချယ်ဖြစ်ဖို့လိုပါတယ်။
မွေးဖွားခဲ့တဲ့ အဖေအမေရင်းကို မသိပေမဲ့
လောကထဲမှာ လူဖြစ်စိတ်ညစ်နေကြမလား
အမိအဖကိုတမ်းတ ဆုတောင်းနေကြမလား
အားလုံးအတွက် အသက်ပေးသွားလို့
လွတ်လပ်ရေးသခင်အဖြစ် ထာဝရကိုးကွယ် စံတင်နေကြမလား
ဒီကနေ့ ကိုလည်းလူသား လောကတရားနဲ့ထောက်
မောက်မာတဲ့စိတ်ကိုဖယ် သံသရာအလယ်မှာ
သတ္တ၀ါနယ်ပယ်အားလုံး အကြင်နာဆုံးစိတ်ထားနဲ့
နေသွားမယ်ဆိုရင် လောကပါလ တရားပင်မဟုတ်လား။
ငါကောင်းစားဖို့ သူများသတ် သူများအသွေးနဲ့
ဘုရားခြေဆေးပေးတာ
ဘာကိုစတေးကြပါလိမ့် အပြစ်ကြွေးတွေ ကျေသတဲ့လား
ကို့မှာရှိတဲ့အပြစ် ကို့စိတ်ကဖြစ်တယ်လို့ မမြင်ရင်တော့
ကယ်တင်ရှင်စောင့်စား မျှော်လင့်ခြင်းတရားနဲ့လူဖြစ်
ခန္ဓာသစ်တရားအတွက်နေရာ လောကကိုမီးရှို့မှာပဲလား။
ဘယ်သူဖြစ်ဖြစ် ဘယ်အရာဖြစ်ဖြစ်
ကိုဖန်တီးတဲ့ ပစ္စည်းတောင် အလဟာသတ် ဆုံးရှုံးမှာ
အားလုံး နှမြောရှာကြပါတယ်။
ငါ့ကိုချစ်ရင်တန်ဖိုးမထား အားလုံးကိုအပြစ်သားလို့
ငါရေးတဲ့အရုပ်အဖြစ် ဘုရားစစ်စစ်ကျိန်စာ
ခံနေရတာကို ကံတရားလို့ ဆိုကြလေမလား
လူသားဘ၀အခွင့်အရေး ကိုယ်တိုင်တွေး ကိုယ်တိုင်ပြော
ကိုယ့်သဘောနဲ့ ကိုရှာ အမှန်ဆိုတာ ပညတ်တရားမဟုတ်
ပရမတ်သားကို တွေ့အောင် အားထုတ်မယ်ဆိုရင်
လူ့အခွင့်အရေးလည်းရ လူ့ဘ၀ရဲ့တန်ဖိုး
အားလုံးမြတ်နိုးသင့်ပါတယ်။
ငါနဲ့မတည့်ရင်စိတ်ဆိုး ငါ့အမျိုးသာကယ်မယ်
ကျန်သူမမြဲ ထာဝရငရဲလို့ ဆဲလည်းမဆဲဆိုသင့်ပါဘူး
ပြည်သူနဲ့သွေးသား မြင့်မြတ်သောနှလုံးသားမှာ
ရိုးသားချစ်ခင် တစ်ကယ်ကယ်တင်ချင်ပါတယ်ဆိုရင်
လောကလည်းမယွင်း လောကုတ္တရာလည်းမကင်းတဲ့
အသက်နှင်းတဲ့ ချစ်ခြင်းဥစ္စာ သစ္စာကိုသာ ပြဆိုသင့်ပါတယ်။
တွေးကြံမပြု ကိုယ့်ကိုကိုယ် သတိမမူမိရင် လူ့အထင် လူ့အမြင်ဆိုတာ
သူ့သခင်ရှိမှ ဖန်ဆင်း အဲဒါကို
အမြင်ကျဉ်းတယ်လို့တော့ မပြောလိုပါဘူး
ကိုယ်ကြိုက်တာကိုယ်လုပ် ကိုယ်လုပ်သလောက် ကိုယ်မရ
ကိုယ်တမ်းတတိုင်း သူမပေး ကလေးလေးတစ်ယောက်
လွမ်းတေးဆိုသလို တို့တစ်တွေ ငိုနေကြဦးမလား
အလိုမပြည့်တဲ့သူအကြောင်း တို့တစ်တွေဆုတောင်းနေကြဦးမလား
စာအုပ်ထဲက သူ့အပြောတို့ယုံ ဘ၀ကို ပုံအပ်နေကြဦးမလား
ပါးစပ်ကပြောတော့ လူ့အခွင့်အရေး ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါဦး
စာအုပ်တရားမှာလမ်းဆုံး ပန်းကုံးသဖွယ်ယူဆောင်
အဲဒါကို လူ့ဘောင်လုပ်ကြမှာလား
လူ့အမြင် လူအတွေးနဲ့ ဟုတ်ရေးဟုတ်တန်
စမ်းသပ်တာမဆန်းပါဘူး။
အပြစ်သားမို့ပဲပြောပြော အချစ်များလို့ပဲပြောပြော
လူ့သဘောအစစ်အရ လူဖြစ်ကြတဲ့အခွင့်အရေး
အားလုံးကို အားပေးချင်ပါတယ်။
ရိုးသားကြိုးစား လုပ်အားဖြင့် နိုင်ငံတည် နိဗ္ဗာန်ပြည်မဝေး
လူ့အခွင့်အရေးအသုံးချ ငြိမ်းချမ်းကြဖို့အားထုတ်
စာအုပ်ထဲကအလုပ်တွေရပ် အသိနဲ့ဆုံးဖြတ်နိုင်ပါစေလို့
လူ့အခွင့်အရေးကိုအကြောင်းပြု အားလုံးတစ်တွေ
တောင်းဆုတွေရပါစေလို့ လူ့အခွင့်အရေးနဲ့အညီ
ကြိုးစားစေချင်ပါသည်။




အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ
http://www.facebook.com/agga.dhamma.1

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်