Saturday, 11 May 2013

ထန်းရည်မထွက်တဲ့ ထန်းပင်တစ်ပင်

ထန်းရည်မထွက်တဲ့ ထန်းပင်တစ်ပင်
http://www.facebook.com/buddhagonyipage?ref=hl

ထန်းရည်မထွက်တဲ့ ထန်းပင်တစ်ပင် အဖိုပင်ဖြစ်နေလို့လား
ရွှေတိဂုံဘုရားရင်ပြင်တော်ကသမိုင်းနဲ့အတူ
မွေးဖွားခဲ့လေသလား
ဘုရားနဲ့ပသာဒ လှမှလှနော်။
ဘုရားရဲ့ ဟိုးရှေးရှေးက ပုံလေးမှာလည်း
အဲဒီလိုထန်းပင်လေးတွေပါလေရဲ့ ။
အညာနိမိတ် အညာအရိပ်လို့ပြောမလား
တစ်နိုင်ငံလုံးက ထန်းပင်တွေကြားမှာ
ဟောဒီထန်းအပင်လေးကတော့
ကျက်သရေအလွန်များတဲ့ ရွှေတိဂုံဘုရားရဲ့အလှ
ပဏာရအောင် ဘေးကဆောင်
နိဗ္ဗာန်တောင် ရောက်လောက်ပါရဲ့
ထန်းပင်ကထွက်တဲ့အရည် ငရဲပြည်ပို့နိုင်ပေမဲ့
ဟောဒီ ထန်းပင်တစ်ပင် သိပံ္ပပညာရှင်တွေကို မေးလိုက်ချင်ရဲ့
ရွှေတိဂုံရင်ပြင်တော်ပေါ်မှာ သစ်ပင်ဆိုတာ
အလှစိုက်ရင်စိုက်ကြမယ်
အရိပ်မရပေမဲ့ သိပ်လှတဲ့ထန်းပင်တစ်ပင်
အညာတစ်ခွင်နဲ့ခြားနား
အဲဒီထန်းပင်လေးကများ တရားဟောနေသလိုပဲ။
အများသဘောနဲ့မတူတဲ့ ပုံစံတူထန်းပင်လေးလည်း
စိုက်ထားတာ တွေ့ခဲ့လေရဲ့
တင့်လှပေဟန် ဒီထန်းပင်ပုံသဏ္ဍာန်ကဖြင့်
အညာမှထန်းတော မေ့မျောသွားအောင်တွေ့ရ
မနေ့တစ်နေ့ကလိုပါပဲ။
သဘာဝပေါက်ပင်အစစ် ရွှေတိဂုံဘုရားဘေးမှာဖြင့်
တရားတေးဆိုကြ တင့်တယ်လှပပါပေရဲ့။


အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ
http://www.facebook.com/agga.dhamma.1

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်