
ရုပ်ထုရုပ်ပွားကိုးကွယ်မှု့အားကောင်းလို့ဖြစ်ခဲ့လေသလားစဉ်စားခြင်စရာ ၊ ဒါကိုပဲဗုဒ္ဓဘာသာခေါ်ကြလေမလား
တင်ပြခြင်တာလေးပါ ပြည်မြို့နယ်နားမှ ရွှေတောင်မြို့က ရွှေမျက်မှန်ဘုရားလို ခေါ်ကြပါတယ် ။ မျက်စိရော ဂါပြောက်ခြင် လို့ဆုတောင်းရှာလေသလား ၊ တိုက်ဆိုင်မှု့ကိုပူဇော်သလား ဦဇင်းတော့မှားနေတယ်ထင်မိပါတယ် ။ မြန်မာတစ်နှိုင်ငံလုံး ဒီတစ်ဆူပဲရှိသလားလို့ပါ ။
သဒ္ဓါတရားကြောင့်လား ၊အလှု့ရှင်ရဲ့စေတနာ မပိတ်ပင်ရှာသင့်ပေမဲ့ သင့်တော်ရာ လှုစေ့ခြင်တာပါပဲ ။ ဂေါပက လူကြီး က မစဉ်းစားတာလားဆရာတော်သံဃာတော်ဘုရားတို့ကဘာကြောင့်များမတား မပယ်ရှားခဲ့ပါလိမ့် ၊ မှန်တယ်လို့ထင်ကြလေသလား မသိ ။ကိုးကွယ်မှု့နဲ့ ယုံကြည်မှု့ ပြဿနာ လွန်ကဲတာလား ။ ထူးဆန်းခြင်ကြ တာလား ၊ ဂုဏ်တင်ကြတာလား ၊ မြန်မာလူမျိုး နဲ့ ဗုဒ္ဓဘာသာ ဒီလောက်တောင်ညံရှာကြသလား ။ ကံမျက်လုံး ကိုညာဏ်မျက်လုံးနဲ့ မကြည့်ကြတာလိုယူဆတာပါပဲ ။
မျက်မှန်တပ်တာကလူ ၊ ဗုဒ္ဓ၀င် မှာ ဘုရား မျက်မှန်ဆင်တာရှိနေခဲ့ သလား တောထွက်ဘုန်းကြီးတစ်ပါးမို့ပါ ။စေတနာကိုဝေဒနာဖြစ်မှာလဲစိုးမိပါရဲ့ ။ ခုခေတ်မှာပေါ်ခဲ့တဲ့ ရဟန်းတာလိုပြောရအောင်လဲ ဘူမိဖဿ မုဒြာနဲ့ ။တစ်ကမ္ဘာလုံးမှာ အခြားတစ်ဆူမရှိလောက်ဘူးထင်မိပါတယ် ။
မြို့ခံတွေကလဲ ကျေနပ်ရှာတယ်နဲ့ တူပါလေရဲ့ သံဃာတော်တွေလဲ ရှိနေပါရဲ့ ကြာတော့ကြာခဲ့ပီနော်။ အမှားကြာ အမှန်ဖြစ်လေသလား ။ နောက်များဆိုရင် ဟန်းဖုန်းဘုရား ၊ လက်(ပ်)တော့ဘုရားတောင်ပေါ်လားလေ မလားမသိ ၊ စဉ်းစားကြည့်တာပါ ။ မဖြစ်မနေလှုခြင်သပလေ ဆိုရင်ဖြင့် အကြံကောင်းလေးပေးလိုက်ခြင် ပါတယ် နောက် ဆုံးပေါ် အကောင်းဆုံး မျက်ကပ်မှန်လေးဆိုရင်ပိုမကောင်းပေဘူလားရောင်စုံတောင်တပ်လိုရနေပြီပဲ ။တိုများ ဘုရား မျက်နာတော်မှာ ရှုပ်မနေရှာတော့ဘူးပေါ့ မျက်နှာသစ်ရလွယ်သွားမယ်။ ခုများဆိုပါဝါဘယ်လောက် များတောင်တက်နေရှာပါလိမ့် ။
နှုတ်ခမ်းမွှေးတော်ဘုရား ၊ မှဲ့ရှုင်တော်ဘုရား ၊ မြွေဘုရားနဲ့ထူးလဲ ထူးကြ ပါပေ့ ။ ရူးလဲ ရူးလောက်ပါပေ့ ။
ဗုဒ္ဓဘာသာ စစ်ရင်ဖြင့်အားလုံးကိုသိစေခြင်လိုက်တာ ။ ကယ်ကြပါ ယူကြပါလို့ ရှယ်ကြပါ လှုကြပါလို့ ။
ဦးဇင်း မသိလို့မှားခဲရင်လဲ တောင်းပန် လိုက်ပါရဲ့နော် ။
အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ / - ၀၉ ၅၀၇ ၄၆ ၄၅
No comments:
Post a Comment